အူဝဲရဲ့အနုပညာခံယူချက်ကို ဝေဖန်လိုက်တဲ့ နေတိုး

အူဝဲရဲ့အနုပညာခံယူချက်ကို ဝေဖန်လိုက်တဲ့ နေတိုး

နေတိုးနဲ့ အိန္ဒြာကျော်ဇင်နဲ့ဟာ ပြီးခဲ့တဲ့နှစ်ပေါင်းအတန်ကြာက သိပ်ကို ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးအဖြစ် ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေက နေတိုးနဲ့ အိန္ဒြာကျော်ဇင်ကိုတော်တော်လေးကို သဘောတူခဲ့ဖူးကြသလို သူတို့နှစ်ယောက်ကို Idol Couple လို့ သတ်မှတ်ထားခဲ့ကြသူတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် အူဝဲက ရုတ်တရက်ချက်ချင်းဆိုသလို မင်္ဂလာဆောင်လိုက်တဲ့အချိန်မှာ ပရိသတ်တွေရဲ့ Idol Couple အိပ်မက်ကြီးပျက်ပြယ်ခဲ့ရသလို နေတိုးကအသည်းကွဲသွားခဲ့တယ်ဆိုတဲ့ ကောလဟလတွေကလည်းအနည်းငယ်ပျံ့နှံ့သွားခဲ့ပါသေးတယ်။ မကြာသေးမီက အင်တာဗျူးမှာ နေတိုးက အနုပညာမောင်နှမတစ်ဦးဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ပတ်သက်ပြီးတော့ပြောကြားသွားတဲ့အပြင် အူဝဲနဲ့အတူရိုက်ရမယ့် Box.88 ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့လည်းဖြေကြားသွားပါတယ်။

နေတိုးက အိန္ဒြာကျော်ဇင်အိမ်ထောင်ကျပြီးနောက်လည်း ဇာတ်ကားတွေအတူရိုက်ဖြစ်ကြောင်း “အစ်မက အိမ်ထောင်ကျပြီး ကလေးတွေဘာတွေဖြစ်သွားချိန်မှာ သူ ကားရိုက်တွေနားလိုက်တယ်ပေါ့။ နားလိုက်တဲ့အချိန်မှာတော့ မရိုက်ဖြစ်ဘူးပေါ့။ ပြန်ရိုက်တဲ့အချိန်မှာတော့ ရိုက်ဖြစ်ပါတယ်။ ရှေ့မှာဆိုရင် နှစ်ကားရှိတယ်။ Video တစ်ကားလည်းရှိသေးတယ်ဆိုတော့ စုစုပေါင်း ကျွန်တော်ထင်တယ် ရုပ်ရှင်နှစ်ကား ဗီဒီယိုတစ်ကား ရိုက်ဖြစ်ပါတယ်။ ဒါလေးကတော့ 2019 မှာထပ်ပြီးရိုက်ဖြစ်မယ့်ကားပေါ့”လို့ ပြောပြထားပါတယ်။

နေတိုးက အူဝဲနဲ့ရုပ်ရှင်ရိုက်ရတဲ့အမှတ်တရလေးတွေကို “အမှတ်တရကတော့ အစ်မနဲ့ရိုက်ဖြစ်တဲ့ ဇာတ်ကားတွေတော်တော်များများလည်း အောင်မြင်တယ်ပေါ့နော်။ ရုပ်ရှင်ဇာတ်ကားတွေလည်း ဖလင်ခေတ်ကတည်းက အများကြီးရိုက်ခွင့်ရခဲ့တယ်။ အစ်မနဲ့ကတော့ ရုပ်ရှင်တွေပိုပြီးတော့ တွဲရိုက်ဖြစ်တယ်။ဗီဒီယိုတွေလည်းအများကြီးတွဲရိုက်ဖြစ်တယ်ဆိုတော့ ပရိသတ်ကလည်း အတွဲညီတဲ့သရုပ်ဆောင်နှစ်ယောက်အနေနဲ့ အသိအမှတ်ပြုခြင်းလည်းခံခဲ့ရတယ်ဆိုတော့ အခု Box 88 ကိုပြန်ပြီးတော့ ရိုက်မယ်ဆိုတဲ့သတင်းတွေလည်းတက်လာတော့ ပရိသတ်တွေက အရင်တုန်းက ဇာတ်ကားလေးတွေနဲ့ ကြိုက်ခဲ့တဲ့ဇာတ်ကောင်လေးတွေကိုလည်းပြောပြီးတော့ ဒီဇာတ်လမ်းလေးတွေကို ပြန်ပြောပြတာလေးတွေလည်းရှိတယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် အူဝဲနဲ့ဇာတ်ကားတွေက ပရိသတ်ရင်ထဲမှာကျန်လို့ပီတိဖြစ်ရကြောင်း “ကျွန်တော်တို့အရင်တုန်းက အစ်မနဲ့ရိုက်ခဲ့တဲ့ဇာတ်ကားတွေက အခုထိ အချိန်ကြာကြာပေါ့ ပရိသတ်တွေရင်ထဲမှာရှိနေတော့ ပီတိဖြစ်မိပါတယ်”လို့ ရင်ဖွင့်ထားသလို အူဝဲရဲ့အနုပညာခံယူချက်အပေါ်အမြင်ကိုလည်း “အစ်မက အရမ်း အနုပညာအပေါ်မှာ ခံယူချက်ကောင်းတယ်။ခံယူချက်ကောင်းတဲ့အခါကျတော့ ကျန်တဲ့အရာတွေကလည်း အလိုလိုပြည့်စုံသွားတဲ့သဘောပါပဲ။ အကုန်လုံးအသေးစိတ်ကအစ တန်ဖိုးထားပြီးတော့အနုပညာကိုပေးဆပ်တယ်လို့မြင်ပါတယ်”လို့ ဝေဖန်ထားပါသေးတယ်။

Box.88 ဇာတ်ကားကိုရိုက်မယ့် စိတ်ခံစားချက်တွေအကြောင်းကိုလည်း “စိတ်ခံစားချက်ပေါ့။ ကျွန်တော်တို့ရဲ့သရုပ်ဆောင်မှုပိုင်းမှာ ကျွန်တော်တို့ရဲ့စိတ်ခံစားမှုပုံစံတွေနဲ့ကျွန်တော်တို့ရဲ့သရုပ်ဆောင်မှုပိုင်းက အဓိကကျတဲ့အထဲမှာပါတယ်။ သရုပ်ဆောင်မှုပိုင်းကိုပိုပြီးအားယူထားတဲ့ ဇာတ်ကားတစ်ကားလို့ပြောချင်ပါတယ်။ ကာရိုက်တာကတော့ သတင်းမီဒီယာပေါ့။ သတင်းလိုက်တာမှာ Adventure ဆန်တယ်။ စစ်ပွဲတွေဘာတွေကြားထဲမှာ ပြေးလွှားပြီးသတင်းလိုက်ရတဲ့ပုံစံမျိုးပေါ့နော်”လို့ ပြောပြသွားပါတယ်။

ပရိသတ်ကြီးရော နေတိုးရဲ့ အိန္ဒြာကျော်ဇင်ကို အချိန်အကြာကြီးနေမှ အတူပြန်မြင်ရမယ့် Box.88 ဇာတ်ကားကြီးကိုကြည့်ဖို့ ရင်ခုန်နေကြပြီလား။ နေတိုးနဲ့ အိန္ဒြာကျော်ဇင်ကို ရှေ့လျှောက်ဇာတ်ကားတွေအများကြီးအတူတူရိုက်စေချင်ကြလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.