ဘုရားဦးခေါင်းပုံ ဆေးမှင်ကြောင်ထိုးထားသည့် ဂျာမနီနိုင်ငံသား တစ်ဦးအား လေဆိပ်မှ ပြန်လွှတ်

ဘုရားဦးခေါင်းပုံ ဆေးမှင်ကြောင်ထိုးထားသည့် ဂျာမနီနိုင်ငံသား တစ်ဦးအား လေဆိပ်မှ ပြန်လွှတ်

ခြေသလုံး၌ ဘုရားဦးခေါင်းပုံနှင့်တူသော ဆေးမှင်ကြောင်ထိုးထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဂျာမနီနိုင်ငံသား တစ်ဦးအား ပြည်ဝင်ခွင့်မပြုဘဲ ပြန်လည်တင်ပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၇ ရက် နံနက် ၁၀ နာရီခွဲအချိန်က မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်လေဆိပ် Terminal-1 ပြည်ပဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေးဌာနကောင်တာ၌ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jetstar လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် ဂျာမနီနိုင်ငံသား Mr. Volker Marcus (၄၄)နှစ်၏ ယာခြေသလုံးတွင် ဘုရားဦးခေါင်းပုံနှင့်တူသော ဆေးမှင်ကြောင်ထိုးထားသည်ကို စစ်ဆေးတွေ့ရှိ၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိက ပြည်ဝင်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျာမနီနိုင်ငံသားအား ယင်းနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် ၎င်းလိုက်ပါလာသော Jetstar လေကြောင်းလိုင်းဖြင့် စင်္ကာပူနိုင်ငံ၊ ချန်ဂီ လေဆိပ်သို့ ပြန်လည်တင်ပို့ခဲ့ကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit – Myanmar Time

Comments are closed.