ဒွေးလည်း ကော်ပီတွေအများကြီးရိုက်ခဲ့တာပဲဆိုတဲ့ စတီးလ်

ဒွေးလည်း ကော်ပီတွေအများကြီးရိုက်ခဲ့တာပဲဆိုတဲ့ စတီးလ်

ဒါရိုက်တာ စတီးလ်ဟာ အနုပညာနယ်ပယ်မှာဆရာတစ်ဆူအဖြစ်အောင်မြင်မှုရလာခဲ့တာနှစ်တွေကြာပြီဖြစ်ပြီး Video တွေခေတ်ကောင်းချိန်ကတည်းက ကားပေါင်းများစွာနဲ့အောင်မြင်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရသမြောက်စွာရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဒါရိုက်တာစတီးလ်က ကော်ပီတွေရိုက်ကူးတာနဲ့ပတ်သက်ပြီးအကျိုးအကြောင်း ပြောပြသွားခဲ့ပါတယ်။

ဒါရိုက်တာ စတီးလ်က စပြီးရုပ်ရှင်ရိုက်ကတည်းက ဆရာတော်တွေရဲ့ ဇာတ်လမ်းတွေကိုပြန်ရေးပြီး ရိုက်ခဲ့တာဖြစ်ကြောင်း “ကျွန်တော် စရိုက်တဲ့ခိုးဆိုးလုနှိုက်ကလည်း ကျွန်တော် ဆရာတော်တစ်ပါးရဲ့ ဝတ္ထုတစ်ပုဒ်ကိုပဲ ရိုက်ခဲ့တာပဲလေ။ ကြာခဲ့ပါပြီး ထားဝယ်ဆရာတော်လေ။ ဆရာတော် အရှင်သောမရဲ့ ဇာတ်ကိုပဲ ရုပ်ရှင်စရိုက်ကတည်းကလည်း ဆရာတော်အရှင်သောမရဲ့ ဇာတ်ကိုပဲကျွန်တော်စရိုက်ခဲ့တာပါ”လို့ ပြောပြသွားပါတယ်။

ရုပ်ရှင်ရိုက်ရင် အနည်းဆုံးခြောက်လလောက်ကြိုတင်ပြင်ဆင်တယ်လို့လည်း “ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့အခါအနည်းဆုံးခြောက်လလောက်တော့ ကြိုလုပ်ပါတယ်။ ဇာတ်ညွှန်းကတော့ ကျွန်တော်မဟုတ်ပါဘူး။ ဇာတ်လမ်းရေးတဲ့ဇာတ်လမ်းရေးဆရာတွေကို အကြောင်းအရာလေးပြောပြပြီး ကျွန်တော်ရေးခိုင်းတယ်။ ပြီးတော့မှ ဇာတ်ညွှန်းရေးဆရာကိုထပ်ပေးပြီးရေးခိုင်းတယ်”လို့ပြောပြထားပါတယ်။

ကော်ပီတွေရိုက်တယ်လို့ဝေဖန်ခံရတာနဲ့ပတ်သက်ပြီး ဒါရိုက်တာ စတီးလ်က “မှန်ပါတယ်။ ကော်ပီရိုက်တာ ငြင်းစရာအကြောင်းမရှိပါဘူး။ အခုမှမဟုတ်ပါဘူး။ ဟိုး… ၁၉၉၆လောက်ကတည်းက ကိုသားကြီးနဲ့ရုပ်ရှင်တွေရိုက်နေကတည်းက ကော်ပီတွေပဲရိုက်ခဲ့တာ။ ကိုသားကြီးလည်း ကျွန်တော့်ဇာတ်တွေနဲ့ကော်ပီတွေအများကြီးရိုက်ခဲ့တာပဲ”လို့ပြောသွားပါတယ်။

နောက်ပြီး ကော်ပီရိုက်တယ်ဆိုတဲ့စကားကိုလည်း ဒါရိုက်တာစတီးလ်က “ကော်ပီရိုက်တယ်ဆိုတာ ကျွန်တော်တို့က မှီငြမ်းတာပါ။ ဒီတိုင်းကြီး ကော်ပီတူကော်ပီ ဟိုမှာခြေထောက်ချိတ်ထိုင် ဒီမှာခြေထောက်ချိတ်ထိုင် ဒီလိုပြတာမဟုတ်ဘူး။ ဇာတ်လမ်းကိုမှီငြမ်းပြီးတော့မှ မြန်မာမှုပြုပြီးပြန်ရိုက်ထားတာဖြစ်တဲ့အတွက် သူတို့ပြောလည်းပြောပြောပဲ။ အနုပညာတစ်ခုကိုဖန်တီးတာဖြစ်တဲ့အတွက် ကျွန်တော်တို့က အမှီတော့ရှိရမှာပဲ။အကုန်လုံးလားဆိုတော့ မဟုတ်ပါဘူး။ ယူသင့်တာယူပြီးပယ်သင့်တာပယ်ပြီး ကျွန်တော်တို့မြန်မာမှုလေးတွေနဲ့ ပရိသတ်ကိုရသပေးတဲ့သဘောပါပဲ”လို့ ရှင်းပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

ပရိသတ်ကြီးရော ဒါရိုက်တာစတီးလ်ကို အားပေးကြလား။ ဒါရိုက်တာစတီးလ်ရိုက်တဲ့ကားတွေထဲမှာ ဘယ်ကားကိုအကြိုက်ဆုံးလဲ။ နောက်ထပ်ရော စတီးလ်ရိုက်တဲ့ကားတွေကို အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.