အရွယ်အစားအကြီးဆုံး နှင့် ဈေးအကြီးဆုံး ကျောက်မျက်ရတနာများ

အရွယ်အစားအကြီးဆုံး နှင့် ဈေးအကြီးဆုံး ကျောက်မျက်ရတနာများ

၁၀။ ကူလီနန်စိန် (၅၃၀ ကာရက်)

ကူလီနန်စိန်တုံးကိုတော့ ၁၉၀၅ ခုနှစ် တောင်အာဖရိက၊ဂွာတန် မှာစတင်တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဖြူ-ပြာကျောက်တုံးဟာ မြေပြင်မှ ပေ ၃၀ အကွာမှာရှိနေခဲ့တာဖြစ်ပီး မိုင်းတူးသမားတစ်ယောက်ကအိတ်ဆောင်ဓားနဲ့ပဲတူးဖော်ရယူခဲ့တာပါ။ လွယ်လွန်းလှပါတယ်!!! သူဟာအဆိုပါကျောက်တုံးကိုတိုင်းတာဖို့အတွက် ရုံးအထိသယ်သွားခဲ့ပါတယ်။ စိန်တုံးရဲ့အလေးချိန်က ၃၁၀၆.၇၅ ကာရက်၊ ၆၂၁ ဂရမ်ရှိပီး အဲ့အချိန်တုန်းကတော့ ကမ္ဘာပေါ်မှာအကြီးဆုံးစိန်တုံးဖြစ်ခဲ့ပါတယ်။

၉။ရွှေဂျူဘလီ (၅၄၅.၆၇ ကာရက်)

၅၄၅.၆၇ ကာရက်ရှိတဲ့ရွှေဂျူဘလီစိန်ဟာ ကမ္ဘာပေါ်ကအကြီးဆုံးစိန်တွေထဲတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဓာတ်ပုံတွေအရကြည့်မယ်ဆိုရင် သူ့အရောင်က ရွှေလိမ္မော်ရောင်လို့မြင်ရပေမဲ့ တကယ်တော့ သူ့ကို ဝါ-ညိုကျောက်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

၈။အာဒမ်ကြယ် (၁၄၀၄ ကာရက်)

၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံးအပြာရောင်နီလာတုံးကြီးကို စရီလန်ကာမှာတူးဖော်ရရှိခဲ့ပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ ၁၄၀၄ ကာရက်ရှိပီး အဆိုပါအလေးချိန်ဟာ ၁၀ အောင်စနဲ့ညီမျှပါတယ်။ မြောက်များစွာသောရတနာတွေထွက်ရှိတဲ့အတွက်ကြောင့် “ရတနာမြို့” လို့တင်စားခေါ်ဝေါ်တဲ့ ရတ်နာပူရာမြို့မှာတူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ စရီလန်ကာ အတွက်တော့အကြီးမားဆုံးတူးဖော်ရရှိမှုကြီးဖြစ်ပီး မီလံယံဒေါ်လာပေါင်း ၁၀၃ သန်းနှစ်စဉ်တန်ဖိုးရှိပါတယ်။ အဲ့အပြင် သူတစ်ခုတည်းနဲ့ကိုပဲ ဒေါ်လာသန်းပေါင်းမီလီယံ ၁၀၀ ရှိပါတယ်။

၇။ရာဂျာရတ်နာပတ္တမြား (၂၄၇၅ ကာရက်)

၁၉၈၆ ခုနှစ်မှာစတင်တူးဖော်ရရှိခဲ့ပီးအဲ့အချိန်မှာတော့ကမ္ဘာပေါ်မှာအကြီးဆုံးပတ္တမြားဖြစ်ပါတယ်။ သူ့မှာအကြောင်းအရာစုံလင်တဲ့သမိုင်းကြောင်းတစ်ခုလဲရှိပါတယ်။ အဆိုပါသမိုင်းကြောင်းစတင်ခဲ့ရာကတော့ အိန္ဒိယနိုင်ငံရဲ့
ပတ္တမြားနဲ့နီလာထွက်ရာဒေသတွေဖြစ်တဲ့ ကာလင်ဂါ၊ ကယ်ပါ ဒါမှမဟုတ် မြန်မာနိုင်ငံ မိုးကုတ်မြို့တို့ဖြစ်ပါတယ်။

၆။ပေါ်တိုပုလဲ (၇၅ ပေါင်)

ကမ္ဘာ့အကြီးဆုံးပုလဲကို ဖိလစ်ပိုင်နိုင်ငံ၊ တံငါသည်တစ်ဦးရဲ့အိပ်ယာအောက်မှာရှာတွေ့ခဲ့တာပါ။ အဆိုပါပုလဲဟာ သူ့အိပ်ယာအောက်မှာရှိနေတာ ၁၀ နှစ်တောင်ရှိပါပီ။ အဆိုပါလူရဲ့ပြောပုံအရဆိုရင် သူဟာငါးဖမ်းထွက်ရင်း သူ့ကျောက်ဆူးမှာ ခုံးကောင်တစ်ကောင်ကပိတ်နေလို့ကွာဖို့သွားရင်းနဲ့ အဆိုပါပုလဲကိုရရှိခဲ့တာပါတဲ့။ ပုလဲဟာ အကျယ် ၁ ပေ၊ အရှည် ၂.၂ ပေရှိပီး အလေးချိန်က ခန့်မှန်းခြေ ၇၅ ပေါင်ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီပုလဲရဲ့တန်ဖိုးဟာလဲ ဒေါ်လာမီလီယံ သန်း ၁၀၀ တန်ဖိုးရှိပါတယ်။

၅။ဆာဂျီအိုစိန် (၃၁၆၇ ကာရက်)

အခြားရှာဖွေတွေ့ရှိခဲ့တဲ့စိန်တွေလောက်အဖိုးမတန်ဘူးဆိုပေမဲ့ ဆာဂျီအိုစိန်မှာလဲ တမူထူးခြားတဲ့အရည်အသွေးတွေရှိပါတယ်။ သူဟာလဲ ကမ္ဘာပေါ်ကကြီးမားတဲ့စိန်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။

၎။အိုလံပစ် သြစတေးလစ် (၁၇၀၀၀ ကာရက်)

သြစတေးလျဟာ အရောင်ပြောင်းကျောက်တွေရဲ့အိမ်လို့တောင်ခေါ်ဆိုလို့ရနိုင်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ ကူဘာပဲဒီမြို့ ၈-မိုင် မိုင်းတွင်းကြီးမှာ ကမ္ဘာ့အကြီးဆုံးအရောင်ပြောင်းကျောက်ကိုတူးဖော်ရရှိခဲ့ပါတယ်။

မြေမျက်နှာပြင်က ပေ ၃၀ အကွာမှာတူးဖော်ရရှိခဲ့တာဖြစ်ပီး ဒါအရောင်းပြောင်းကျောက်ဆိုတာသိတော့မှ တူးဖော်သူတွေလဲ မျက်လုံးအဝိုင်းသားဖြစ်ခဲ့ရပါတယ်။ အလေးချိန် ၁၇၀၀၀ ကာရက်နဲ့အတူ အရှည်က ၁၁ လက်မရှိပီး အမြင့်ကတော့ ၄.၅ လက်မရှိပါတယ်။

၃။၁၂၅ဝက်စ် ပတ္တမြား (၁၈၆၉၆ ကာရက်)

ပတ္တမြားတွေဟာ သူတို့ရဲ့နက်ရှိုင်းကြွယ်ဝတဲ့အနီရောင်တွေကြောင့် ပတ္တမြားလို့ခေါ်ဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သူတို့မှာအရောင်အမျိုးမျိုးရှိပီးအနီရောင်ကို ပတ္တမြားလို့ခေါ်ပီး အပြာရောင်ကိုတော့နီလာလို့ခေါ်ပါတယ်။
သူတို့ဟာ စိန်ပီးရင် ဒုတိယအမာဆုံးဖြစ်တဲ့အတွက် ကျောက်ချောတဲ့အခါသတိကြီးထားပီးချောရပါတယ်။

၂။အမေရိကန် ရွေဥဿဖရားကျောက် (၂၂၈၉၂ ကာရက်)

ဥဿဖရားတွေဟာ သူတို့ရဲ့ ခရစ်စတယ်ပုံပြောင်းစွမ်းရည်ကြောင့်နာမည်ကြီးပါတယ်။ ဒီလို ထူးခြားတဲ့ကျောက်ကိုတူးယူနိုင်ခဲ့တဲ့ ၈၀ ခုနှစ်အစောပိုင်းက ဘရာဇီးကျောက်တူးသမားတွေတောင် တအံ့တသြဖြစ်ခဲ့ရပါတယ်။

၁။ဘာဟီအာမြကျောက် (၁.၇m ကာရက်)

ဒီအကြီးဆုံးကျောက်ကိုတော့ ဘယ်ကျောက်မှယှဉ်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာ ရှာတွေ့ဖူးခဲ့သမျှကျောက်ရိုင်းတုံးတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
အဆိုပါ မြကျောက်ကို ဘရာဇီး၊ဘာဟီအာ မှာ ၂၀၀၁ ခုနှစ်ကတူးဖော်ရရှိခဲ့တာပဲဖြစ်ပါတယ်။ သူ့မှာ ခရစ်စတယ် ၉ ခုပါဝင်ပီး
ကမ္ဘာ့တစ်ခုတည်းသောအကြီးဆုံးမြကျောက်ပါ။ အလေးချိန်မှာ ၁.၇ မီလီယံကာရက်ဖြစ်ပီး တန်ဖိုးအားဖြင့် ၄၀၀ မီလီယံဒေါ်လာတန်ပါတယ်။

Writer – Min Thu (Daily Hot News )

Comments are closed.