ဖုန်းကို မှန်ကန်စွာ အားသွင်းနည်း

ဖုန်းကို မှန်ကန်စွာ အားသွင်းနည်း

သင့် စမတ်ဖုန်းမှ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည် ကျဆင်းသွားကြပါတယ်။ အချိန်ကာလအပြင် သင့်ရဲ့ ဖုန်းအားသွင်းမှုပုံစံကလည်း ဘက်ထရီရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

၁။မကြာခဏအားသွင်းခြင်း

ဘယ်နေရာရောက်ရောက် ရတဲ့ အချိန်လေးမှာ ဖုန်းကို မကြာခဏအားသွင်းတဲ့ အလေ့အကျင့်က ကောင်းပါတယ်။ မိနစ်အနည်းငယ်လောက် ဖုန်းကို မကြာခဏ အားသွင်းတာဟာ ဘက်ထရီကို မထိခိုက်စေဘူးလို့ Battery University က ပြောပါတယ်။

၂။အားလုံးဝ ကုန်သွားအောင် အသုံးပြုခြင်း

အချို့က ဖုန်းကို အားကုန်အောင် သုံးတဲ့ Deep Discharges နည်းလမ်းဟာ ဘက်ထရီ ကျန်းမာရေးကို ကောင်းစေတယ်လို့ ထင်နေကြပါတယ်။ ဒါဟာ လုံးဝ မှားယွင်းပါတယ်။ ဒီနည်းလမ်းက ဘက်ထရီကို ထိခိုက်စေပါတယ်။

၃။အသင့်တော်ဆုံး ဘက်ထရီပမာဏ

Battery University က ဖုန်းများမှာ ပါတဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများကို ၆၅ ကနေ ၇၅ ရာခိုင်နှုန်းအတွင်းမှာ ထားရှိခြင်းက ဘက်ထရီ ကျန်းမာရေးကို အကောင်းဆုံး အနေအထားမှာ ရှိစေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နေ့စဉ် ဖုန်းသုံးနေသူများအတွက်တော့ အဲဒီ ပမာဏ အကြားမှာ အမြဲထားဖို့က မလွယ်ကူပေမယ့် တတ်နိုင်သလောက် ပြုလုပ်ပေးသင့်ပါတယ်။

၎။ဒုတိယနည်း

ဘက်ထရီ ကျန်းမာရေးကို အကောင်းဆုံး အနေအထားမှာ ထားရှိနိုင်မယ့် ဒုတိယ အကောင်းဆုံး နည်းလမ်းကတော့ ၄၅ နဲ့ ၇၅ ရာခိုင်နှုန်းအတွင်းမှာ ထားရှိခြင်း ဖြစ်ပါတယ်။ ဒီအနေအထားဆိုရင်တော့ နေ့စဉ် ဖုန်းသုံးနေသူများအတွက်တောင် အဆင်ပြေနိုင်ပါတယ်။

၅။ ၁၀၀%

ဖုန်းကို ၁၀၀ ရာခိုင်နှုန်း အပြည့်အားသွင်းခြင်းဟာ ဘက်ထရီ ကျန်းမာရေးကို ထိခိုက်စေပြီး သိုလှောင်နိုင်မှု ပမာဏကိုလည်း ကျဆင်းစေပါတယ်လို့ Battery University က ပြောပါတယ်။

၆။တစ်ညလုံး ဖုန်းအားသွင်းခြင်း

ဖုန်းကို တစ်ညလုံး အားသွင်းထားခြင်းဟာ ပြဿနာ ဖြစ်စေတယ်၊ မဖြစ်စေဘူး ဆိုတဲ့ ငြင်းခုန်ဆွေးနွေးမှုများ ရှိနေဆဲ ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းခြင်းဟာ ဘက်ထရီကို ပျက်ဆီးစေတယ်ဆိုတဲ့အတွက် တစ်ညလုံးအားသွင်းတာကို ရှောင်ပါ။

Ref : entrepreneur

Comments are closed.