အခြောက်ဆိုပြီး လှောင်ပြောင်ကြတဲ့အပေါ် မေသစ္စာမောင်ရဲ့ ခံစားချက်

အခြောက်ဆိုပြီး လှောင်ပြောင်ကြတဲ့အပေါ် မေသစ္စာမောင်ရဲ့ ခံစားချက်

မိတ်ကပ်ပညာရှင်ဆိုလည်း ဟုတ်တယ် တစ်ခါတစ်လေမှာ Photo Model လည်းလုပ်တဲ့ မေသစ္စာမောင်ကနေပြီးတော့ LGBTတွေတွေ့ကြုံနေရတဲ့ လှောင်ပြောင်မှုတွေရုပ်ရှင်တွေထဲမှာ ထည့်ရိုက်ခံနေရတဲ့မိန်းမလျာတွေရဲ့ အခက်အခဲတွေအကြောင်းကို သူခံစားရသမျှကို Pan Pwint Media နဲ့ အင်တာဗျူးတစ်ခုမှာပြောပြသွားတာရှိပါတယ်။သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီး သိအောင် ပြန်ပြောပြပေးလိုက်ပါတယ်နော်။

LGBTတွေအပေါ်ရုပ်ရှင်ရဲ့ရိုက်ခတ်မှုတွေအပေါ်မှာ သူက “ ရုပ်ရှင်လောကရဲ့အထင်အမြင်လွှဲမှားစေမယ့် ရိုက်ကူးမှုတွေက ညီမတို့ဒီလောကမှာဆိုလို့ရှိရင် မြို့တွေမှာသိပ်ပြီးတော့ မသိသာပေမယ့် ပေါ့နော် နယ်မှာရှိနေတဲ့LGBTအသိုင်းအဝိုင်းတွေအတွက်ပေါ့နော် အများကြီးထိခိုက်နစ်နာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်ရှင်လောကကို အားပေးတဲ့ပရိသတ်တွေက နယ်ကပရိသတ်တွေကအရမ်းများတယ်။ အဲ့ဒီအတွက်ပေါ့နော် ဒီရုပ်ရှင်လောကထဲမှာ ညီမတို့ LGBTတွေရဲ့မကောင်းတဲ့ပုံရိပ်တွေကို အထင်မြင်လွဲမှားစေမယ့် ရိုက်ကူးမှုတွေကြောင့် နယ်ကကလေးလေးတွေပေါ့နော် အထင်အမြင်လွဲမှားကြတယ်။ ညီမတို့ဆိုလို့ရှိရင် ဆယ်ကျော်သက်အရွယ်တော်တော်များများက ညီမတို့လမ်းသွားရင်တောင်မှ ဟာအခြောက်ကြီးပါ့လား..။ အခုနကပေါ့နော်ပြောသွားသလိုပဲ အရူးမတစ်ယောက် အရူးဆိုပြီးတော့ကွာ ဘယ်သူမှမပြောကြဘူး ။ဒီLGBTတွေလမ်းသွားတဲ့အခါကျလို့ရှိရင် အဲ့တာကတော့အခြောက်ကြီးပါ။ အဲ့တာကတော့ Gay ပါဆိုပြီး ညီမတို့LGBTတွေအပေါ်မှာပေါ့နော် အရမ်းEffectတွေခံစားရပါတယ်။ အဲ့ဒီအတွက်ညီမအနေနဲ့စိတ်မကောင်းလည်းဖြစ်မိပါတယ်ရှင်”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

LGBT အသိုင်းအဝိုင်းကိုပြောချင်တာတွေကိုလည်း “ညီမအနေနဲ့ပေါ့နော် ညီမတို့LGBTတွေကိုလူတွေ လက်ခံလာအောင် ညီမတို့LGBT Community အကုန်လုံးပူးပေါင်းပြီးစည်းလုံးပေးကြပါလို့ ညီမအနေနဲ့ ပြောချင်ပါတယ်။ညီမတို့တွေက မွေးလာကတည်းက ယောက်ျားလေးတွေအနေနဲ့မွေးလာခဲ့တာပါ။ ဒါပေမယ့် စိတ်ခံယူချက်တွေကတော့ မိန်းကလေးအနေနဲ့ရှိနေခဲ့တာပါ ။ အဲ့ဒီတော့ ကိုယ်ကမိန်းကလေးဖြစ်ချင်ခဲ့တယ်ဆိုရင် ညီမတို့ရဲ့အနေအထိုင်၊အပြောအဆို၊အပြုအမူတွေအကုန်လုံးက အမူအရာတွေကအစပေါ့နော် မိန်းကလေးနဲ့တူအောင်နေသင့်ပါတယ်။ ဒီLGBTအသိုင်းဝိုင်းအချင်းချင်း စည်းလုံးညီညွတ်မှသာ ညီမတို့ LGBTတွေကို လူတွေကလက်ခံလာမယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လည်း ညီမအနေနဲ့ဒီနေရာကနေပြီးတော့ ညီမတို့အသိုင်းဝိုင်းကိုလည်း စည်းလုံးညီညွတ်စေချင်ပါတယ်ရှင်။”ဆိုပြိင်္းပြောပြသွားခဲ့ပါတယ်။

ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်း “အမှန်အတိုင်းပြောပြရင် LGBTတစ်ယောက်ဖြစ်နေတဲ့အတွက် ညီမအနေနဲ့ ဒီအနုပညာလောကထဲမှာဆိုရင်လည်း အရမ်းအခက်အခဲတွေအများကြီးရှိပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင်၊တချို့အပိုင်းတွေမှာဆိုရင် ညီမတို့ရိုက်ကူးရေးကမ်းလှမ်းပြီးတော့မှ ဖျက်သွားတဲ့ဟာမျိုးတွေလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကLGBTဖြစ်နေလို့ပေါ့အဲ့ဒီလိုမျိုးသူတို့အနေနဲ့ဖြစ်သွားတယ်။ ညီမအနေနဲ့ပေါ့နော် LGBTတွေကိုပိုပြီးလက်ခံလာနိုင်အောင်လည်း ညီမတို့ကကြိုးစားဖို့လိုပါတယ် အဲ့ဒီအတွက်ညီမတို့ကလည်း အတတ်နိုင်ဆုံး LGBTတွေက ပူးပေါင်းပြီးတော့မှ လူတွေလက်ခံလာအောင်လို့ ညီမတို့အနေနဲ့ပေါ့နော်ပိုပြီးတော့လက်ခံနိုင်အောင်လို့ ဝတ်စားဆင်ယဉ်မှုတွေအစပေါ့နော် ထိန်းထိန်းသိမ်းသိမ်းနဲ့နေဖို့လိုပါတယ်ရှင်။ ဆိုပြီးတော့ပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.