ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် နေရွှေသွေးအောင်ရဲ့အကြမ်းစား MV တွေနောက်ကွယ်က ဗီဒီယို

ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် နေရွှေသွေးအောင်ရဲ့အကြမ်းစား MV တွေနောက်ကွယ်က ဗီဒီယို

Cover song တွေကို အမိုက်စားသီဆိုပြီးတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ သူကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စားပြန်လည်သီဆိုလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ နေရွှေသွေးအောင်က ပရိသတ်တွေသိချင်နေကြတဲ့ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေဆိုပေးထားတဲ့အပြင် သူအကောင်းဆုံးရိုက်ကူးထားတဲ့ သီချင်း MV တွေရဲ့နောက်ကွယ်က ဖန်တီးမှုတွေကိုလည်း ပြသထားတဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှထားတာ တွေ့ရပါတယ်။ အသေးစိတ်ကအစ ဂရုတစိုက်နဲ့ သေသေချာချာကို ပြင်ဆင်ပြီးရိုက်ကူးထားတဲ့ နေရွှေသွေးအောင်ရဲ့သီချင်း MV တွေက International ဆန်လွန်းတာမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပါ။

ချစ်ပရိသတ်တွေအတွက် နေရွှေသွေးအောင် နှင့် အင်တာဗျူးကဏ္ဍ – အပိုင်း ၁ ကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေရွှေသွေးအောင်ကတော့ “နေရွှေသွေးအောင် နှင့် အင်တာဗျူးကဏ္ဍ – အပိုင်း ၁ Interview with Nay Shwe Thway Aung – Part 1” ဆိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အင်တာဗျူးဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။

ပရိသတ်တွေသိချင်နေကြတဲ့ မေးခွန်းတွေကို စိတ်ရှည်ရှည်ဖြေပေးခဲ့တဲ့ နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီဒီယို

အနုပညာကို ချစ်မြတ်နိုးတဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ ဆက်ပြီးတော့လည်း သူ့ရဲ့ ပရိသတ်တွေကို အမိုက်​စားအနုပညာ​တွေကို ချပြဖို့ ကြိုးစား​နေတာပဲ ဖြစ်ပါတယ်။ နေရွှေသွေးအောင်ကတော့ ပရိသတ်တွေမေးထားတဲ့ စိတ်ဝင်စားစရာမေးခွန်းတွေလည်း ဆက်ဖြေပေးဖို့ရှိပါသေးတယ်တဲ့နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ဆန်းသစ်တဲ့ အနုပညာတွေကို ချပြဖို့ကြိုးစားနေတဲ့ ​​နေရွှေသွေးအောင်ကို သ​ဘောကျတယ်​ဆိုရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.