ယူကရိန်းနိုင်ငံက မြန်မာနိုင်ငံတွင် သံချပ်ကာယာဉ်တပ်ဆင်သည့် စက်ရုံတည်ဆောက်မည်

ယူကရိန်းနိုင်ငံက မြန်မာနိုင်ငံတွင် သံချပ်ကာယာဉ်တပ်ဆင်သည့် စက်ရုံတည်ဆောက်မည်

ယူကရိန်းစစ်ဘက်သွင်းကုန်ပို့ကုန် အေဂျင်စီ UKrspecexport သည် သံချပ်ကာယာဉ်တပ်ဆင်သည့် စက်ရုံတရုံ တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် ဖက်စပ်သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်သည်။ ယူကရိန်းအေဂျင်စီဘက်မှ ပစ္စည်းကိရိယာတန်ဆာပလာများ၊ အထူးစက်ယန္တရားကြီးများပေးပို့ထားခဲ့ပြီး စက်ရုံ တည်ဆောက်မှုစတင်နေပြီဖြစ်ကြောင်း လတ်တလောသတင်းအချက်အလက်များအရ သိရသည်။ အဆိုပါ ပေးပို့ခဲ့သည့် ပစ္စည်းများထဲတွင် BTR -4U သံချပ်ကာ ယာဉ်၊ 2S1U ဒုံးကန်အားသုံး ဟောင်ဝစ်ဇာအမြောက် ထုတ်လုပ်ရေးလိုင်းတလိုင်းလည်း ပါဝင်ကြောင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့် နီးစပ်သူများ၏ ပြောစကားအရ သိရသည်။

စက်ရုံသစ်သည် ၂ဝ၂ဝ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် သံချပ်ကာယာဉ်များစတင် ထုတ်လုပ်မည်ဖြစ်သည်။ ယူကရိန်းအရာရှိများနှင့် မြန်မာအရာရှိများက အထက်ပါသဘောတူညီချက်နှင့်ပတ်သက်ပြီး ဝေဖန်ချက်ပေးရန် ငြင်းပယ်ခဲ့ကြသည်။ သို့သော် ကမ္ဘာ့တိုက်ကြီးငါးတိုက်ရှိနိုင်ငံပေါင်း ၅ဝ ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးနေသော Great Export Import ကုမ္ပဏီက ယူကရိန်းအေဂျင် စီအနေနှင့် မြန်မာနိုင်ငံတွင် သံချပ်ကာယာဉ်တပ်ဆင်ရေးစက်ရုံတည်ဆောက်ရန် ပထမအသုတ်ပစ္စည်းကိရိယာများကို တင်ပို့ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

BTR- 4 U သံချပ်ကာယာဉ်ကို Kharkiv Morozov ယန္တရားတည်ဆောက်ရေးနှင့် ဒီဇိုင်းရေးဆွဲရေး ဗျူရိုကယူက ရိန်းနိုင်ငံတွင် ဒီဇိုင်းထုတ်လုပ်ခဲ့သည်။ ယင်းသံချပ်ကာယာဉ်များကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များတွင် အသုံးပြုလျက်ရှိသည်။ BTR- 4 U သည် ပုံစံဟောင်း BTR- 70/80s သို့မဟုတ် တရုတ်ပြည်လုပ် WZ-551 သံချပ်ကာယာဉ်များထက်ပိုပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်စေရန် ဒီဇိုင်းထုတ်လုပ်ထားသည်။ ယင်းသံချပ်ကာယာဉ်တွင်မှာယူသည့် ဖောက်သည် များ၏ လိုအပ်ချက်များအရ လက်နက်များတပ်ဆင်နိုင်သည်။ သံချပ်ကာ ယာဉ်တစင်း၏အခြေခံသည် စက်သေနတ် သို့မဟုတ် အမြောက်တပ်ဆင်သည့်ဆုံလည်ဖြစ်သည်။ BTR- 4 U ၏ ဆုံလည်တဖက်တချက်တွင် ၃ဝ မမ အော်တိုမက်တစ် အမြောက်ကြီး တလက်၊ ၇ ဒသမ ၆၂ မမ စက် သေနတ်တလက် Baryer အမျိုးအစား တင့်ကားဖျက်ဒုံးကျည်လေးစင်းနှင့် ၃ဝ မမ အော်တိုမက်တစ် ဗုံးလောင်ချာတလက် တပ်ဆင်ထားသည်။ ထို့အပြင် ၁၂၂ မမ ဒုံးကန်အားသုံး ဟောင်ဝစ်ဇာအမြောက်ကြီး တလက်လည်းပါရှိပြီး ယင်းဟောင်ဝစ်ဇာ အမြောက်သည် တမိနစ်လျှင် ပျမ်းမျှကျည် ၄ တောင့်မှ ၅ တောင့်အထိ ပစ်ခတ်နိုင်သည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-News Watch

Comments are closed.