သူမရဲ့သီချင်းလေးနဲ့ ကလေးလေးလို ချစ်စရာကောင်းအောင် TikTok ဆော့နေတဲ့ ချစ်သုဝေ

သူမရဲ့သီချင်းလေးနဲ့ ကလေးလေးလို ချစ်စရာကောင်းအောင် TikTok ဆော့နေတဲ့ ချစ်သုဝေ

နိုင်ငံကျော် သရုပ်ဆောင်နှင့်အဆိုတော် ချစ်သုဝေက သီချင်းဆိုလဲကောင်းပြီး သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ဦးပါပဲ။ သူမရဲ့ သွက်လက်ပြီး ပွင့်လင်းသိမ်မွေ့လွန်းတဲ့ စရိုက်ကလဲ အများကြားမှာ ထင်ပေါ်စေပြီး သူမကို ဆွဲဆောင်မှုရှိစေတဲ့ အရာတစ်ခုပါပဲ။ ဒီနေ့မှာတော့ ချစ်သုဝေက သူမရဲ့ သီချင်းလေးနဲ့အတူ Tik Tok ဗီဒီယိုလေးတစ်ခုကို မျှဝေထားပါတယ်။

ချစ်သုဝေက သူမနောက်ဆုံးထွက်ရှိထားတဲ့ ကတိဆိုတဲ့ အခွေထဲက ခရီးသည်ဆိုတဲ့ သီချင်းလေးနဲ့ Tik Tok ရိုက်ရင်း ကပြခဲ့တာဖြစ်ပါတယ်။

ချစ်သုဝေရဲ့ ချစ်စရာကောင်းလွန်းတဲ့ Tik Tok လေး

ဒါ့အပြင် ချစ်သုဝေက “Treza ရဲ့ ကတိ အယ်လ်ဘမ်ထဲက ဘယ်သီချင်းလေးကို အကြိုက်ဆုံးလဲ? Treza ကတော့ Tit Tok မှာ Treza အရမ်းကြိုက်တဲ့ “ခရီးသည်” သီချင်းလေးနဲ့ အမှတ်တရဗီဒီယိုလေး တင်ထားသေးတယ်…အခု Treza နဲ့အကြိုက်တူတဲ့ ပရိသတ်တွေအတွက် အမှတ်တရအစီအစဉ်လေး စီစဉ်ထားပါတယ်🥳🥳🥳”

“ဘယ်လိုအစီအစဉ်လေးဆိုတော့🤪🧐Treza ရဲ့ Tit Tok (@chitthuwai5) ကိုဝင်ပြီး ခရီးသည်သီချင်းလေးနဲ့ Video လေးရိုက်ပြီးတော့ ကိုယ့်ရဲ့ Facebook account မှာ #Chitthuwai #Traveller #PromiseAlbum လို့ရေးပြီး Public နဲ့ video လေးတင်ပေးနော်။ မတ်လ ၁၇ ရက်နေ့နောက်ဆုံးထားပြီး တင်ပေးထားနော်။ Treza လိုမျိုး Tik Tok မှာ ပျော်ပျော်ရွှင်ရွှင်ဆော့ကြတဲ့ ပရိသတ်တွေထဲက (၁၀) ဦးနဲ့ အမှတ်တရ အစီအစဉ်ကောင်းလေးရှိတာမို့ Treza နဲ့ အတူဆုံ အတူသီချင်းတွေ ဆိုကြဖို့ tik tokအစီအစဉ်လေးမှာပါဝင်ပေးပါလို့😍🤩” ဆိုပြီး ပရိသတ်တွေအတွက် အထူးအစီအစဉ်လေးလဲ လုပ်ပေးထားပါတယ်။

အဲ့ဒါကြောင့် ချစ်သုဝေကို ချစ်တဲ့ ပရိသတ်တွေအတွက် ဒီအစီအစဉ်လေးကို လက်လွတ်မခံပဲ Tik tok လေးတွေ ရိုက်ကြနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.