ရှင်​သာမ​ဏေ အဖြစ်​ခံယူ၍ သာသနာ​ဘောင်​သို့ ဝင်ရောက်သွားပြီ ဖြစ်တဲ့ ဖြိုးမြတ်အောင်

ရှင်​သာမ​ဏေ အဖြစ်​ခံယူ၍ သာသနာ​ဘောင်​သို့ ဝင်ရောက်သွားပြီ ဖြစ်တဲ့ ဖြိုးမြတ်အောင်

Myanmar Idol season 3 winner ဆုရှင်ဖြိုးမြတ်အောင်ဟာဆိုရင်ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အဆိုတော်တစ်ဦးပါ။ ဖြိုးမြတ်အောင်က ပြိုင်ပွဲပြီးဆုံးပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေတောက်လျှောက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူ့ရိုက်ကူးထားတဲ့ ကြော်ငြာများကလည်း ခုဆိုရင် ပရိသတ်တွေမြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ဘာသာတရားကိုင်းရှိုင်းသူ ဆိုတာ ပရိသတ်တွေ သိပြီးလောက်ပြီ ထင်ပါတယ်။ ဒီတစ်ခါမှာ မိုမိုလေးပရိသတ်တွေအတွက် ဖြိုးမြတ်အောင်က ​တောင်​ညို​လေး​တောရ အဂ္ဂဓူရဝိဇ္ဇာဓရ ဆရာ​တော်​ အသျှင်​ကုသလ ၏ ​ခြေ​တော်​ရင်း မှာ ဦးဇင်းဝတ်လိုက်တဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်က ယနေ့မှာပဲ ပဲခူးတိုင်း​ဒေသကြီး သာယာဝတီခရိုင်​ အုပ်​ဖိုမြို့နယ်​​ ဣစ္ဆာသယ ရန်​ကင်း​တောင်​ ​တောင်​ညို​လေး​တောရ မှာ ဦးဇင်းဝတ်ပြီး သာသန ဘောင်ကို ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် ရဲ့ ဖေ့စ်ဘွတ် page လေးမှာတော့ ” ပဲခူးတိုင်း​ဒေသကြီး သာယာဝတီခရိုင်​ အုပ်​ဖိုမြို့နယ်​​ ဣစ္ဆာသယ ရန်​ကင်း​တောင်​ ​တောင်​ညို​လေး​တောရ အဂ္ဂဓူရဝိဇ္ဇာဓရ ဆရာ​တော်​ အသျှင်​ကုသလ ၏ ​ခြေ​တော်​ရင်း အစုံအား ဖူး​မျှော်​၍ Myanar Idol Winner ဆုရှင်​ ကိုဖြိုးမြတ်​​အောင်​ မှ ရှင်​သာမ​ဏေ အဖြစ်​ခံယူ၍ သာသနာ​ဘောင်​သို့ ​ရောက်​ရှိသွားပါပြီခင်​​ဗျာ 🙏🙏🙏ဒါယာကာ ဒါယာကာမများ ဖူး​မျှော်​​စေရန်​ တင်​​ပေးလိုက်​ပါသည်​ခင်​ဗျာ🙏🙏🙏သာမ​ဏေ ဘွဲ့အမည်​မှာ = အရှင်​ ပညာဝံသ ” ခုလိုပြောထားပါတယ်။

မကြာခင်မှာလည်း ဖြိုးမြတ်အောင်က သူ့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ဖြစ်တဲ့ဘုရားထီးတင်ပွဲ အလှူကြီးကို ပြုလုပ်တော့မှာပါ။

ပရိသတ်တွေရဲ့ အချစ်တော် ဖြိုးမြတ်အောင် ရဲ့ သာသန ဘောင် ဝင်ရောက်သွားခဲ့တဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.