ကြည့်လိုက်တာနဲ့ ဆွံအသွားမယ့် အလွဲတကာ့အလွဲဆုံး မြင်ကွင်းများ

ကြည့်လိုက်တာနဲ့ ဆွံအသွားမယ့် အလွဲတကာ့အလွဲဆုံး မြင်ကွင်းများ

ကျွန်တော်တို့ ကမ္ဘာကြီးပေါ်မှာတော့ ပြုလုပ်သမျှ အရာအားလုံးဟာ မိမိတို့စိတ်နဲ့ ထပ်တူမကျနေတတ်ပါဘူး။ လွဲမှားနေတတ်တာလေးတွေ ရှိပါတယ်။ တခါတလေကျရင်လည်း တော်တော်လေးကို လွဲမှားနေတတ်တာပါ။ ကိုယ့်အတွက် လွဲမှားနေပေမယ့်လည်း ကိုယ်ကိုတိုင်တောင် မသိတဲ့အချိန်မှာ သူများတွေအတွက်ကတော့ ရီစရာကြီး ဖြစ်နေမှာပါ။ ဒီလိုမျိုး လွဲမှားနေတဲ့ပုံတွေမှာ တချို့ကိစ္စတွေကတော့ ရီရခက် ငိုရခက်ပါပဲ။ ဒါပေမယ့်လည်း သင်တို့ကို ခဏတာတော့ ပြုံးပျော်နေစေမှာ အမှန်ပါပဲ။ ပြောချင်လွန်းလို့ ပေ့ခ်ျ က ဒီတခေါက်ဖော်ပြပေးချင်တာကတော့ သင်တို့ဆွံအသွားစေမယ့် အလွဲတကာ့အလွဲဆုံး ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.သူငယ်ချင်းတွေအုပ်စုလိုက် ဓါတ်ပုံရိုက်တဲ့ အချိန်မှာတော့ ဒီပုံထဲမှာ လက်နှစ်ချောင်းထောင်ပြီး ပို့စ်တွေ အမှန်ကန်ပေးနေတဲ့ ကောင်လေးတယောက်ကတော့ ဘာကို ဘယ်လိုကြည့်ပြီးပို့စ်တွေ ပေးနေလည်းဆိုတာကို သင်တို့ရော စဉ်းစားလို့ရလား။

၂.ဒီဆိုင်ကယ်ဦးထုပ်ကတော့ ဆိုင်ကယ်စီးဦးထုပ်အများကြီးတွေထဲမှာမှ တော်တော်လေးကို Save ဖြစ်တဲ့ ဦးထုပ်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုနှာခေါင်းကြီးတဲ့ သူတွေအတွက်ကတော့ တော်တော်လေး ရွေးချယ်ရမယ့်ဦးထုပ်ပါတယ်။ သင်တို့သူငယ်ချင်းတွေထဲမှာ ဒီလို နှာခေါင်းကြီး ပါနေရင် Mention ခေါ်လိုက်တော့လေ။

၃.အဖေတွေအများစုကတော့ ကိုယ့်ရဲ့ ပထမဦးဆုံး သားသမီးလေးရလာရင် အရမ်းပျော်ကြပါတယ်။ ပုံထဲက လူမဲ အမျိုးသားကတော့ သူ့သားလေးရလာပေမယ့်လည်း ပျော်ရမလိုလို ငိုရမလိုလို ဖြစ်နေပါတယ်။ တော့်တော့်ကို လွဲတဲ့ အလွဲလေးပါပဲ။

၎.ဒီပုံမှာတော့ ကလေးရဲ့ မျက်နှာပေါ်က အမူယာက အသက်ပါပဲ။ ဆံပင်ညှပ်ခိုင်းတဲ့ အချိန်မှာ ဂျီကျနေလို့ အဖေဖြစ်သူက ဖိနပ်ကိုင်ပြီး စောင့်နေတဲ့ အချိန် ဒီကလေးလေးရဲ့ မျက်နှာက ခံစားချက်ကို အားလုံးနားလည်ကြမှာပါ။

၅.ဘတ်စကက်ဘော အားကစားဆိုတာကတော့ စုဖွဲ့ကစားရပြီး တဖက်ကို တဖက် ဂိုးတွေ သွင်းယူရတဲ့ အားကစားပါ။ ဒီပုံလေးမှာတော့ အဖွဲ့နှစ်ဖွဲ့ အပြိုင်ဆိုင် ဂိုးရရှိဖို့ ကြိုးစားနေတဲ့အချိန်မှာ ဘေးက အကျီင်္အဖြူနဲ့ ကောင်လေး တယောက်က ဘာလုပ်နေလည်းဆိုတာကတော့ စဉ်းစားစရာပါပဲ။ မသိရင် လေပေါ်မှာရပ်နေတဲ့ အချိန်ပါပဲ။

၆.မိမိမှာ သူများတွေလိုမျိုး ပုံအမိုက်စားကြီးတွေနဲ့ ဂေါ်ချင်သော်လည်း Photoshop Skill ကြီးက အရမ်းကြီး ဂွမ်းနေသောအခါ။ လေပေါ်မှာ ပျံနေတဲ့ ပုံကို လုပ်ချင်သော်လည်း အနောက်မှာ ခြေထောက်ကို မထားတဲ့ လက်နှစ်ဖက်ကြီးကို ဖျက်ဖို့ မေ့ကျန်ခဲ့တယ် ထင်တယ်။

၇.မမ ဝဝ က မူးလာပြီး သူများတွေလို Sexy ကျကျလေးနဲ့ ပုရိသတွေကို ဆွဲဆောင်ချင်သော်လည်း အားအရမ်းပါသွားတော့ လမ်းဘေးမှာ ထားထားတဲ့ ဆိုင်းဘုတ်တောင် ကြိုးသွားတဲ့ အဖြစ်ပါ။ တကယ့်အလွဲကြီးပါပဲ။

၈.ကလေးတွေ ဘောလုံးကန်တဲ့ အချိန်မှာ နီးစပ်ရာအိမ်တွေကတော့ မှန်တွေကွဲမှာကြောက်လို့ စိတ်ပူရတဲ့ အခိုက်တန့်လေးတွေ ရှိပါတယ်။ ဒီအိမ်ကလိုမျိုး ပြတင်းပေါက်မှာ အချွန်တွေတက်ထားတာကတော့ နည်းလမ်းကောင်းလို့ ဆိုရမယ်ဗျာ။ လာထိထားတဲ့ ဘောလုံးတွေကိုပဲ ကြည့်လိုက်တော့။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.