ခါးသေးတာကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတယ်ဆိုတဲ့ အေးမြတ်သူ

ခါးသေးတာကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတယ်ဆိုတဲ့ အေးမြတ်သူ

အေးမြတ်သူဟာ မြန်မာတစ်နိုင်ငံလုံးက အားပေးကြတဲ့ ပြည်သူချစ်ဝါရင့်မင်းသမီးတစ်လက်ဖြစ်သလို ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ပြီး စကားပြောပွင့်လင်းတာကြောင့်လည်း လူချစ်လူခင်ပေါတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေးမြတ်သူက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ကိုယ့်ကိုယ်ကိုယ်သဘောကျမိတဲ့အချက်လေးတွေအကြောင်းနဲ့ ခန္ဓာကိုယ်ချွပ်စွပ်တူတဲ့ညီမလေးအကြောင်းပြောပြသွားခဲ့ပါတယ်။

အေးမြတ်သူက လည်ဟိုက်အင်္ကျီတွေဝတ်တာများတဲ့အကြောင်း “ခါးကြောပေါ့နော်. အဲဒါလေးလှတယ်လို့ကိုယ့်ကိုယ်ကိုယ်ခံစားရတယ်ပေါ့နော်။ဒါကြောင့်တော်တော်များများ အနောက်ဟိုက်ဝတ်တာများတယ်။ ကိုယ်ကခါးသေးတယ်လေ။ ခါးသေးပြီး ခါးကဘေးကိုခွက်သွားတာ။အဲဒါကြောင့်အခါအခွင့်သင့်ရင်ဝတ်မိတာပေါ့နော်။ Evening Gown ဆိုရင်တော့ အနောက်ဟိုက်ဝတ်တာများတယ်”လို့ပြောပြသွားပါတယ်။ ဒါ့အပြင် အေးမြတ်သူက နောက်ပိုင်းကကြည့်ရင်ပိုကြည့်လို့ကောင်းတယ်လို့လည်း ပြောထားပါသေးတယ်။

ဘာပဲဝတ်ဝတ်အမြဲ smart ကျနေတယ်နော်ဆိုတဲ့မေးခွန်းကိုလည်း အေးမြတ်သူက “အဲဒါက ခန္ဓာကိုယ်ဖွဲ့စည်းပံကြောင့်လို့ထင်တယ်။ အေးမြတ်သူက မေးချွန်တယ်။နောက်ပြီးတော့အရိုးတွေ။ အရိုးတွေကပေါ်တယ်။ ပြီးတော့ ခါးရိုးပေါ့နော်။ခါးကသေးတယ်။ အေးမြတ်သူကို ရှေ့ကကြည့်ရင် ခါးပိုတုတ်ချင်တုတ်မယ်။ အနောက်ခါးက ပိုသေးတယ်။ ကိုယ့်ရဲ့မိဘမျိုးရိုး Gene ပေါ့နော်။အဲ့ဒါလေးက အေးမြတ်သူအတွက်က ကောင်းနေတော့ အေးမြတ်သူအတွက်အဆင်ပြေသွားတာပေါ့”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

အေးမြတ်သူနဲ့ ခန္ဓာကိုယ်ချင်းချွပ်စွပ်တူတဲ့ညီမလေးတစ်ယောက်ရှိတယ်လို့လည်း “အေးမြတ်သူ ညီမဝမ်းကွဲတစ်ယောက်ရှိတယ်။သူက အေးမြတ်သူနဲ့ခန္ဓာကိုယ်ကချွပ်စွပ်ပဲ။အဲ့လို ခါးသေးပြီးတော့ တင်ဘေးကားတယ်။ ညီမလေးက အနုပညာဝါသနာမပါဘူး။ သူက မျက်နှာတော့ ကိုယ့်ထက်နည်းနည်းလေးကြီးတယ်။ သူလည်းဝါသနာမပါဘူး။ ဒီ့ပြင် သူဝါသနာပါတာသူလုပ်တာပေါ့”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အေးမြတ်သူကိုချစ်ကြလား။ ခန္ဓာကိုယ်လှတဲ့ အေးမြတ်သူကို နောက်ထပ်ရုပ်ရှင်တွေအများကြီးထပ်ရိုက်စေချင်ကြလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.