ထောင်ဒဏ်(၁၇) နှစ်ကျသွားတဲ့မိုးအောင်ရင်ရဲ့အကြောင်းနဲ့ပတ်သတ်ပြီး ပြောလာတဲ့ စံရတီမိုးမြင့်

ထောင်ဒဏ်(၁၇) နှစ်ကျသွားတဲ့မိုးအောင်ရင်ရဲ့အကြောင်းနဲ့ပတ်သတ်ပြီး ပြောလာတဲ့ စံရတီမိုးမြင့်

ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါးမှုကြောင့် ပုစွန်တောင်တရားရုံးကနေပြီးခဲ့တဲ့လ၂၆ ရက်နေ့က ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ မိုးအောင်ရင်ကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှု၊ ရောင်းဝယ်မှုတို့နဲ့ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်ကို ကျခံရတော့မှာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေသာမက အနုပညာရှင်အသိုင်းအဝိုင်းကလည်း အရမ်းကို စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ ထောင်ဒဏ် ၁၇ နှစ်ကျခံသွားရတဲ့ မိုးအောင်ရင်ရဲ့အကြောင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲပြောဆိုရေးသားလာတာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း စံရတီမိုးမြင့်ရဲ့ ပိုစ့်အောက်မှာ မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေကိုလည်း ကွန်းမန့်ရေးသားခဲ့ပါတယ်။

Source: San Yati Moe Myint

Comments are closed.