ကန်တော့ပြီး အောင်ပွဲခံခဲ့တဲ့ ညီတပည့်တွေကြောင့် မျက်ရည်ကျမတက်ပျော်ရွှင်ခဲ့ရတဲ့ အောင်လအန်ဆန်း

ကန်တော့ပြီး အောင်ပွဲခံခဲ့တဲ့ ညီတပည့်တွေကြောင့် မျက်ရည်ကျမတက်ပျော်ရွှင်ခဲ့ရတဲ့ အောင်လအန်ဆန်း

မကြာသေးမီက ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့တဲ့ Region of Valor MMA ( One Championship) ပြိုင်ပွဲတွင်အောင်လအန်ဆန်းရဲ့ညီတပည့်ဖြစ်သူတွေကတော့မြန်မာနိုင်ငံကိုယ်စားပြုဖိုက်တာတွေအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာတွေ့ရပါတယ်။အဆိုပါပြိုင်ပွဲမှာအန်တိနိယာ၊ထီရယ်ထန်နဲ့ဖိုးသော်တို့ပွဲလည်းပါဝင်ခဲ့ပြီးပရိသတ်အကြိုက် ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာအန်တိနိယာပွဲကပထမဆုံးထိုးသတ်ခဲ့ပြီးအစောဆုံးအချိန်ပိုင်းအတွင်းမှာပဲအလဲထိုးအနိုင်ယူခဲ့တာတွေ့ရပါတယ်။ထို့နောက်ထီရယ်ထန်ပွကိုကြည့်ရှု့ခဲ့ပြီးနောက်ဆုံးဖိုးသော်ရဲ့ပွဲကောင်းတစ်ပွဲကိုဆက်လက်ကြည့်ရှု့ခဲ့တာတွေ့ရပါတယ်။အကောင်းဆုံးထိုးသတ်ချက်တွေနဲ့နိုင်ပွဲကိုယ်စီရရှိခဲ့ပြီးမြန်မာအလံလွှင့်ကာပရိသတ်တွေကြားမှာအောင်ပွဲခံခဲ့ကြတာပဲဖြစ်ပါတယ်။

နိုင်ပွဲတွေအပြီးမှာ ကန့်တော့ခြင်းနဲ့အတူ အမှတ်တရဓာတ်ပုံတွေရိုက်ကာ ပျော်ရွှင်ခဲ့ကြတာပဲဖြစ်ပါတယ်။အောင်လအန်ဆန်း ကတော့နိုင်ငံဂုဏ်ဆောင်ဖိုက်တာတစ်ဦးဖြစ်တဲ့အပြင်အကောင်းဆုံးဖိုက်တာမျိုးဆက်တွေကိုပါရွေးထုတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းတဲ့တပည့်တွေရဲ့နိုင်ပွတွေကြောင့်မျက်ရည်ကျမတက်ပျော်ရွှင်ခဲ့ရတဲ့အောင်လရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.