၁၂-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

၁၂-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကူလီဘာလေ ။ ။ မန်ယူအသင်းရဲ့ ပရိသတ်တွေဟာ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသွားခဲ့တဲ့ နာပိုလီ နောက်ခံလူကို ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ခွန်အားအပြည့်နဲ့ ကစားနိုင်စွမ်းရှိတဲ့အပြင် ဦးနှောက်သုံးပြီး တားဆီးမှုတွေ ပြုလုပ်ပြခဲ့တဲ့ ကူလီဘာလေရဲ့ ခြေစွမ်းကို မန်ယူပရိသတ်တွေက အထင်ကြီးခဲ့ကြတာဖြစ်ပြီး အသင်းခံစစ်ပိုင်းအတွက် ခေါ်ယူစေချင်နေတာပါ။ မန်ယူအသင်းကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကူလီဘာလေအတွက် ပေါင်သန်း(၉၀)နဲ့ ကမ်းလှမ်းခဲ့သေးပြီး နာပိုလီအသင်းက ပယ်ချသွားခဲ့တာဖြစ်ပါတယ်။

ဂိုမက်ဇ် ။ ။ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့လူငယ်နောက်ခံကစားသမား ဂျိုးဂိုမက်ဇ်ကို (၅)နှစ်ခွဲ သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်ရဲ့ အဓိက နောက်ခံကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့တဲ့ ဂိုမက်ဇ်ဟာ စာချုပ်သစ်ကြောင့် (၂၀၂၄) ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေတော့မှာပါ။ ဂိုမက်ဇ်ဟာ လက်ရှိအချိန်မှာတော့ ဘန်လေနဲ့ပွဲမှာရခဲ့တဲ့ ဘယ်ခြေထောက်ဒဏ်ရာကြောင့် (၆) ပတ် အနားယူနေရပါတယ်။

ဒမ္ဘီလီ ။ ။ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး ဒမ်ဘီလီ ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျပြီးရောက်ရှိလာခဲ့တဲ့အတွက် ပေါင် (၉၀၀၀၀) ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို (၂)နာရီနောက်ကျပြီးမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအစည်းအဝေးကို လွဲချော်ခဲ့ပါတယ်။ ဒမ်ဘီလီအတွက် ဒီနောက်ကျမှုဟာ ပထမဆုံးအကြိမ်မဟုတ်တော့တာကြောင့် နည်းပြ ဗယ်လ်ဗာဒီ က ဒေါသထွက်နေပြီး များပြားတဲ့ဒဏ်ကြေးပမာဏကို ပေးဆောင်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးလ် ။ ။ လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားတွေဟာမနေ့ညက ကစားခဲ့တဲ့ နာပိုလီနဲ့ ပွဲစဉ်အပြီးမှာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီး ခံစစ်ပိုင်းအတွက် စိတ်ပူစရာအခြေအနေ ဖြစ်နေခဲ့ပါတယ်။ အသင်းရဲ့ ခံစစ်မှူး ဂိုမက်ဇ်ဟာ ပုခုံးဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ဓာတ်မှန်သွားရိုက်ခဲ့ရသလို၊ နောက်ခံလူတစ်ဦးဖြစ်တဲ့ အာနိုးကလည်း ခြေဖ၀ါးမှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ကစားသမားတွေရဲ့ ဒဏ်ရာက အသင်းခံစစ်ပိုင်းအတွက် ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပါတယ်။

မန်စီးတီး ။ ။ မန်စီးတီးအသင်းဟာ မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူး အသင်းရဲ့ ဂိုးသမား ဇက် စတက်ဖန် ကို ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့ပါတယ်။ မေဂျာလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ဂိုးသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ အသက် (၂၃)နှစ်အရွယ် ဂိုးသမားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့တာပါ။ ဇက် ဟာ မန်စီးတီးအသင်းမှာတော့ ပွဲထွက်ခွင့်အတွက် ဘရာဇီးဂိုးသမား အီဒါဆင် နဲ့ ပြိုင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိအခြေအနေအရတော့ အရန်ဂိုးသမားအဖြစ်ပဲ ရှိနေရဖို့များပါတယ်။

ကွန်ပနီ ။         ။ မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမား ကွန်ပနီဟာ လာမယ့်ဇူလိုင်လမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ အသက် (၃၂)နှစ်အရွယ် နောက်ခံလူဟာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲလိုလို ရုန်းကန်နေရသူဖြစ်ပြီး လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် အရန်ခုံမှာပဲ ရှိနေရတော့တာပါ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ အနေနဲ့လည်းကွန်ပနီကို စာချုပ်သက်တမ်းမတိုးချင်တော့တဲ့ အနေအထားတွေကြောင့် အသင်းကနေ ထွက်ခွာဖို့ ဖြစ်လာတာဖြစ်ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။

Linn

Source : TheSun , Dailymail , Goal

Comments are closed.