ရည်းစားထားချင်တဲ့ စိတ်မရှိတော့ဘူးဆိုတဲ့ မထက်

ရည်းစားထားချင်တဲ့ စိတ်မရှိတော့ဘူးဆိုတဲ့ မထက်

မိတ်ကပ်ပညာရှင် အဖြစ် ရပ်တည်နေတဲ့ မထက်ကတော့ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ တည်တည်ငြိမ်ငြိမ် စကားပြောပုံလေးတွေ ဝတ်စားပုံလေးတွေကြောင့် ပရိသတ်တွေ အများအပြား ရှိတယ်ဆိုတာကို သိကြမှာပါ။ ဒါပေမယ့်လည်း မထက်ကတော့ အချစ်ရေးမှာတော့ သိပ်ကံမကောင်းပါဘူး။ လက်ရှိမှာတော့ မထက်အနေနဲ့ အသည်းကွဲနေပြီး နောက်ထပ် ရည်းစားတွေ ထပ်ထားချင်စိတ်မရှိဘူးလို့ အင်တာဗျုးမှာ ပြောကြားသွားခဲ့ပါတယ်။

8 Day နဲ့ အင်တာဗျူးတွင် မထက်ကတော့ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး “အချစ်ရေးကတော့ အသည်းကွဲနေပါတယ်။ အဆင်ပြေပါတယ်။ တခါတလေ ငိုပါတယ်။ အရမ်းကြီးတော့ မငိုတော့ပါဘူး။ နောက်လူကောင်းဖို့ကိုပဲ စောင့်တော့မယ်”

မငိုဖြစ်တော့တာက ကိုယ့်ရင့်ကျက်လာတာကြောင့်လားဆိုတဲ့ မေးခွန်းကိုတော့ “အသည်းကွဲတာက အရမ်းမကုစားဘူး။ ဘာလို့လဲဆိုတော့ အသက်ရွယ်လည်း ရလာပြီဆိုတော့ ငိုသင့်တဲ့အချိန် တိုက်ဆိုင်မှုတွေ ရှိလာတဲ့အချိန်မှာ ငိုလိုက်တယ်။ အလုပ်ပေါ်မှာပဲ ပိုကြိုးစားဖြစ်တယ်။ အလုပ်ကို ဂရုစိုက်ဖြစ်တယ်။ ကိုယ့်ဘေးနားမှာကိုယ့်ကို ချစ်တဲ့သူတွေကို အချိန်ပေးဖြစ်တယ်။ ဒါကြီးအတွက်နဲ့တော့ အချိန်အကုန်မခံနိုင်တော့ဘူး”

နောက်ထပ်ရည်းစား ထပ်ထားဖို့ရော ရှိလားဆိုတဲ့ အပေါ်မှာတော့ “ရည်းစားထားချင်တဲ့ စိတ်တောင် မရှိတော့ဘူး။ လာအီရင်တောင် အရမ်းလာအီချင်တဲ့ စိတ်မရှိတော့ဘူး။ တအားချောရင်တော့ တမျိုးပေါနော့်။ လောလောဆယ်တော့ ရည်းစားထားချင်တဲ့ စိတ်မရှိတော့ပါဘူး”

လင်းလင်းနဲ့ သုသုပြောတဲ့ နောက်တယောက်ကရော ဆိုတဲ့မေးခွန်းကိုတော့ “လင်းလင်းနဲ့ သုသုက ပေါက်ကရလိုက်ပြောနေတာ။ မဟုတ်ဘူး။ ဘာအသစ်မှ မရဘူး။ သူတို့ သဘောတူတဲ့ တယောက်ပေါ့နော်။ အမှန် တကယ်တော့။ အမလည်း လိုချင်ပါတယ်လို့။ သူတို့ပေးစားနေတဲ့ တယောက် ရင်ခုန်တာပေါ့ အမိုက်စားပဲကို”

ပရိသတ်တွေကို ပြောချင်တာနဲ့ ပတ်သက်ပြီး “အားပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားနေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.