Personal နဲ့ပတ်သက်တာမေးလာရင် မဖြေဘူးဆိုတဲ့ နေတိုး

Personal နဲ့ပတ်သက်တာမေးလာရင် မဖြေဘူးဆိုတဲ့ နေတိုး

မင်းသားနေတိုးလို့ ပြောလိုက်တာနဲ့ အားပေးတဲ့ ပရိသတ် အခိုင်မာရှိပြီး တကယ့်ကို ကောင်းတဲ့ ဇာတ်လမ်းတွေပဲ ရိုက်ပြပြီး ပရိသတ်တွေကို ချပြနေတဲ့ မင်းသားလို့ပဲ သိကြမှာပါ။ မင်းသားနေတိုးကတော့ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့ ပရိသတ်တွေကိုလည်း အမြဲတမ်း လေးစားတဲ့ မင်းသား တယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ပရိသတ်တွေကိုတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုပဲ အသိပေးသွားမှာ ဖြစ်ပြီး Personal နဲ့ ပတ်သက်တာတွေကိုတော့ ဖြေသွားမှာ မဟုတ်ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ နေတိုးက “မီဒီယာကိုပြောနေတယ်ဆိုတာက ရှင်းရှင်းပြောရရင် ပရိသတ်ကို ပြောနေတာပဲလေ။ ကျွန်တော်တို့ကတော့ ကိုယ်ဖြေဖို့ လိုအပ်တဲ့ အချိန် တကယ်လည်း ထိတွေ့တဲ့အချိန်မှာ ကျွန်တော်တို့ ပြောတယ်ဆိုတာက ကင်မရာကို ပြောနေတာ မဟုတ်ဘူးလေ။ ပရိသတ်တွေကို ပြောနေတာ ဆိုတော့။ ပရိသတ်တွေကို လေးစားတဲ့အတွက် ကျွန်တော်တို့ ပြောနေရတာပေါ့။ ကြည့်နေတာလည်း ပရိသတ်တွေပဲ ဖြစ်တယ်။ ကိုယ့်ကို စိတ်မဝင်စားဘူး ခေါင်းထဲမှာလည်း မရှိဘူးဆိုရင်တော့ သူတို့လည်း ကြည့်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် ပရိသတ်တွေကို စကားပြောတာကတော့ စိတ်မရှည်စရာ အကြောင်းတော့ မရှိဘူးလို့ ထင်ပါတယ်”

“ကျွန်တော်ဘာမှ မပြောချင်ပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စကိုတော့ ကျွန်တော် ဖြေမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က အင်တာဗျူးလုပ်တယ်ဆိုပေမယ့် ပရိသတ်တွေ သိသင့်သိထိုက်တဲ့ အနုပညာလှုပ်ရှားမှုတွေကိုပဲ ကျွန်တော်တို့က ဖြစ်စေချင်တယ်။

တခြားလူတယောက်ကိုလည်း ကျွန်တော့်အကြောင်းတွေဘာတွေ မေးတာကိုလည်း မဖြစ်စေချင်ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ခုခေတ်က သိတဲ့ အတိုင်းပဲလေ။ တခုခု အစဆွဲသွားပြီဆိုရင် အဲ့အပေါ်မှာပဲ ဆွဲသွားပြီး မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်။ တဦးပေါ် တဦး စိတ်မကွက်စေချင်ပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး ကျွန်တော်ကတော့ Personal case လေးတွေတော့ ဖြေမှာ မဟုတ်ဘူးပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.