ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ မင်းသားကိုပြောပြတဲ့ သက်မွန်မြင့်

ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ မင်းသားကိုပြောပြတဲ့ သက်မွန်မြင့်

လူတိုင်းရဲ့ငယ်ဘဝမှာ အရူးမူးကြိုက်ခဲ့ကြတဲ့ လူတွေရှိကြပါတယ် ။ အဲ့ဒီလိုပါပဲ ပြည်သူချစ်တဲ့ အနုပညာရှင်တွေမှာလည်းရှိကြမှာပါ။ အဲ့ဒီအထဲမှာ သက်မွန်မြင့် မှာလည်းငယ်ငယ်ကအရမ်းကိုကြိုက်ခဲ့ရတဲ့ လူတစ်ယောက် ရှိခဲ့တယ်ဆိုတဲ့အကြောင်းကို MC နဲ့အင်တာဗျူးမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိရအောင်ပြောပြလိုက်ပါတယ်။

သက်မွန်ငယ်ငယ်တုန်းကဘယ်သူ့ကိုကြိုက်ခဲ့တာလဲဆိုတဲ့မေးခွန်းကိုတော့ “ ငယ်ငယ်တုန်းကကိုမိုး(လွင်မိုး)ကိုအရမ်းကြိုက်တာ ။ခေါင်းရင်းမှာတောင်သူ့ပုံကပ်ထားထာ။ ဒါပေမယ့်လေ ကိုယ်ဒီလောကထဲရောက်လာတဲ့အချိန်သူနဲ့ဆုံတဲ့အချိန်ကျတော့ အဲ့တာမျိုးမရှိတော့ဘူး ။လုပ်ဖော်ကိုင်ဘက်ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်လိုပဲကိုယ်က မြင်သွားတယ်။အဲ့ဒီလိုပြောင်းလဲသွားတာကိုယ်တောင်အံ့သြတယ်။ ပထမတော့ ကိုယ့်ရဲ့Crush ပေါ့နော်။ ကိုယ့်ရဲ့Crush နဲ့ရိုက်ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားတယ်။ ဒါပေမယ့်တကယ်ရိုက်တဲ့အခါကျတော့ အဲ့ဒီလိုစိတ်တွေမရှိတော့ဘဲနဲ့ အလုပ်ထဲမှာစိတ်နှစ်တာလည်းပါတာပေါ့ အလုပ်ထဲမှာပဲ စိတ်မျောပြီးတော့ သူတို့တွေနဲ့လုပ်ရမယ်ဆိုတော့ နည်းနည်းတော့သတိတော့ထားရတာပေါ့ ဒီလိုစရိုက်ခါစလောက်မှာကို ကိုမိုးနဲ့ဆုံရတာဆိုတော့ အရှိန်တော့ရှိတယ် အဲ့ဒီကြောက်တဲ့စိတ်တော့ရှိတာပေါ့ ။

ဘာကြောင့်Crushဖြစ်ခဲ့ရလဲဆိုတဲ့မေးခွန်းကိုတော့ “ချောလို့(ရယ်လျက်) အရပ်လည်းမြင့်တာပေါ့နော် ။ အဲ့ဒီခေတ်တုန်းကတော့ အရပ်မြင့်တဲ့သူတွေများတယ်လေ ။ကိုနိုင်း(နိုင်းနိုင်း) တို့ ၊ ကိုညီတာ(ညီညီတာ) အဲ့ဒီလိုမျိုးတွေရှိတယ်။ ကိုလွင်မိုးတို့ ဟုတ်ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ကိုမိုးနဲ့ပြန်ပြီးရိုက်ကူးအတွက်ကိုတော့ “သူတို့ကြတော့ သမ္ဘာရှိတဲ့သူတွေဆိုတော့ ဘယ်အချိန်ပဲပြန်ဝင်လာပြန်ဝင်လာ အရမ်းကို အေးအေးဆေးဆေးနဲ့အရည်အချင်းကိုချပြနိုင်တယ်။အဲ့ဒါကိုကိုယ်ကမြင်ရတယ်။ အားကျတယ် လေးစားတယ်။ သူ့ကိုအဲ့ဒီလိုမျိုး ဒီလောကထဲမှာသူ့ကိုရှိစေချင်နေတာပေါ့နော်။သူတစ်ခါတလေရိုက်တာပဲဖြစ်ဖြစ် သူ့ကိုကြိုဆိုပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ သက်မွန်မြင့်ကတော့ သူရဲ့ငယ်ဘဝရဲ့Crush အကြောင်းကိုပြောပြီးသွားခဲ့ပါပြီ မိတ်ဆွေတို့ရဲ့ငယ်ဘဝရဲ့Crushကရောဘယ်သူဆိုတာပြောပြရဲလား။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.