လူေတြ အိပ္ေမာက်ခါနီး ခႏၶာကိုယ္ ဆတ္ခနဲ တြန္႔လႈပ္သြားရတဲ့ အေၾကာင္းရင္း

လူေတြ အိပ္ေမာက်ခါနီး ခႏၶာကိုယ္ ဆတ္ခနဲ တြန္႔လႈပ္သြားရတဲ့ အေၾကာင္းရင္း

လူေတြရဲ႕ အခ်ိန္ေတာ္ေတ္ာမ်ားမ်ားဟာ အိပ္စက္ျခင္းနဲ႔ပဲ ကုန္ဆံုးၾကပါတယ္။ ပ်မ္းမွ်လူတစ္ေယာက္အေနနဲ႔ တစ္ေန႔ကို (၈) နာရီအိပ္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္လည္း လူ႔ဘ၀ရဲ႕ သံုးပံုတစ္ပံုကို အိပ္စက္ျခင္းနဲ႔ပဲ ျဖဳန္းမိၾကတာပါ။ စာဖတ္သူတုိ႔အေနနဲ႔ အိပ္ေပ်ာ္ခါနီးတဲ့အခါ ကိုယ္လံုးက ဆတ္ခနဲလႈပ္သြားတဲ့ အျဖစ္မ်ိဳး ၾကံဳဖူးၾကမွာပါ။

၄င္းအျဖစ္နဲ႔ ပတ္သက္လို႔ အယူအဆေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။ အခ်ိဳ႕သူေတြကေတာ့ ၀ိညာဥ္ေတြက စေနာက္လို႔ပါလို႔ ဆိုၾကၿပီး အခ်ိဳ႕က်ေတာ့လည္း တစ္ေန႔လံုး ပင္ပန္းလာလို႔ဆိုၿပီးေတာ့ ေျပာၾကပါတယ္။ လူအမ်ားစုဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခါနီး မိနစ္ပိုင္းအလိုမွာ ခႏၶာကိုယ္က အလိုအေလ်ာက္ ဆတ္ကနဲ လႈပ္တတ္ေလ့ရွိပါတယ္။ (၆၀-၇၀) ရာခိုင္ႏႈန္းေလာက္ရွိတဲ့ လူေတြကေတာ့ အိပ္မက္မက္ခါနီးရင္ တြန္႔တာ လႈပ္တာေတြ ရွိတတ္ပါတယ္။ ခႏၶာကိုယ္ ဆတ္ခနဲလႈပ္တယ္ဆိုတဲ့ ေနရာမွာ ေျခေထာက္လႈပ္သြားတာ၊ လက္လႈပ္သြားတာေတြ အျပင္ ျပဳတ္က်သြားသလို ခံစားမႈမ်ိဳးပါ ပါ၀င္ပါတယ္။ တစ္ခါတစ္ေလ လႈပ္ရွားမႈ အရမ္းျပင္းထန္သြားတဲ့ အခါမ်ိဳးမွာေတာ့ လူပါလန္႔ႏိုးလာတာေတြပါ ျဖစ္တတ္ပါတယ္

လူေတြဟာ ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္ခင္မွာ မိန္းေမာေနတဲ့ အခိုက္အတန္႔ေလး ရွိပါတယ္။ ဒီအဆင့္ဟာ သိစိတ္ကေန မသိစိတ္ကို ကူးေျပာင္းေနတဲ့ အခိုက္ပဲ ျဖစ္ပါတယ္။ ပံုမွန္ျဖစ္ရိုးျဖစ္စဥ္ ျဖစ္တာေၾကာင့္ မထူးဆန္းဘူးလို႔ ဆိုႏိုင္ေပမယ့္ ဒီအဆင့္မွာ ခႏၶာကိုယ္တြင္း ျပဳျပင္ေျပာင္းလဲမႈေတြ အမ်ားၾကီးျဖစ္သြားပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒါကို myoclonus လို႔ေခၚပါတယ္။

ထိုအခ်ိန္မွာ ဦးေႏွာက္ထဲက အစိတ္အပိုင္း ႏွစ္ခုကေတာ့ အလုပ္လုပ္ေနပါတယ္။ သိစိတ္ကေန မသိစိတ္ကို ကူးေျပာင္းတဲ့အဆင့္မွာ ႏိုးၾကားေအာင္ ထိန္းခ်ဳပ္ေပးတဲ့ Reticular Activating System (RAS) နဲ႔ အိပ္ေပ်ာ္ေအာင္ ထိန္းခ်ဳပ္ေပးတဲ့ Ventrolateral Preoptic Nucleus (VLPO) ဆိုၿပီးေတာ့ အစိတ္အပိုင္းႏွစ္ခုပါ။ လူေတြအိပ္ေပ်ာ္ခါနီးဆဲဆဲမွာ ထိုအပိုင္းႏွစ္ပိုင္းက အၿပိဳင္အဆုိင္တြန္းတိုက္ၿပီး အလုပ္လုပ္ေနတာေၾကာင့္ နာ႔ဗ္ေၾကာေတြ ကေမာက္ကမျဖစ္ၿပီး အခုလို ခႏၶာကိုယ္ ဆတ္ခနဲ တြန္႔လႈပ္တာေတြ ျဖစ္ရတယ္လို႔ ပညာရွင္ေတြ အဆိုအရ သိရပါတယ္။

လင္းလင္း (ShweMom)

Ref: elitereaders

[Unicode]

လူတွေရဲ့ အချိန်တော်တေ်ာများများဟာ အိပ်စက်ခြင်းနဲ့ပဲ ကုန်ဆုံးကြပါတယ်။ ပျမ်းမျှလူတစ်ယောက်အနေနဲ့ တစ်နေ့ကို (၈) နာရီအိပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း လူ့ဘဝရဲ့ သုံးပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ပဲ ဖြုန်းမိကြတာပါ။ စာဖတ်သူတို့အနေနဲ့ အိပ်ပျော်ခါနီးတဲ့အခါ ကိုယ်လုံးက ဆတ်ခနဲလှုပ်သွားတဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါ။

၄င်းအဖြစ်နဲ့ ပတ်သက်လို့ အယူအဆတွေကတော့ အမျိုးမျိုးရှိပါတယ်။ အချို့သူတွေကတော့ ၀ိညာဉ်တွေက စနောက်လို့ပါလို့ ဆိုကြပြီး အချို့ကျတော့လည်း တစ်နေ့လုံး ပင်ပန်းလာလို့ဆိုပြီးတော့ ပြောကြပါတယ်။ လူအများစုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခါနီး မိနစ်ပိုင်းအလိုမှာ ခန္ဓာကိုယ်က အလိုအလျောက် ဆတ်ကနဲ လှုပ်တတ်လေ့ရှိပါတယ်။ (၆၀-၇၀) ရာခိုင်နှုန်းလောက်ရှိတဲ့ လူတွေကတော့ အိပ်မက်မက်ခါနီးရင် တွန့်တာ လှုပ်တာတွေ ရှိတတ်ပါတယ်။ ခန္ဓာကိုယ် ဆတ်ခနဲလှုပ်တယ်ဆိုတဲ့ နေရာမှာ ခြေထောက်လှုပ်သွားတာ၊ လက်လှုပ်သွားတာတွေ အပြင် ပြုတ်ကျသွားသလို ခံစားမှုမျိုးပါ ပါ၀င်ပါတယ်။ တစ်ခါတစ်လေ လှုပ်ရှားမှု အရမ်းပြင်းထန်သွားတဲ့ အခါမျိုးမှာတော့ လူပါလန့်နိုးလာတာတွေပါ ဖြစ်တတ်ပါတယ်

လူတွေဟာ နှစ်ခြိုက်စွာ အိပ်မပျော်ခင်မှာ မိန်းမောနေတဲ့ အခိုက်အတန့်လေး ရှိပါတယ်။ ဒီအဆင့်ဟာ သိစိတ်ကနေ မသိစိတ်ကို ကူးပြောင်းနေတဲ့ အခိုက်ပဲ ဖြစ်ပါတယ်။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်တာကြောင့် မထူးဆန်းဘူးလို့ ဆိုနိုင်ပေမယ့် ဒီအဆင့်မှာ ခန္ဓာကိုယ်တွင်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးဖြစ်သွားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒါကို myoclonus လို့ခေါ်ပါတယ်။

ထိုအချိန်မှာ ဦးနှောက်ထဲက အစိတ်အပိုင်း နှစ်ခုကတော့ အလုပ်လုပ်နေပါတယ်။ သိစိတ်ကနေ မသိစိတ်ကို ကူးပြောင်းတဲ့အဆင့်မှာ နိုးကြားအောင် ထိန်းချုပ်ပေးတဲ့ Reticular Activating System (RAS) နဲ့ အိပ်ပျော်အောင် ထိန်းချုပ်ပေးတဲ့ Ventrolateral Preoptic Nucleus (VLPO) ဆိုပြီးတော့ အစိတ်အပိုင်းနှစ်ခုပါ။ လူတွေအိပ်ပျော်ခါနီးဆဲဆဲမှာ ထိုအပိုင်းနှစ်ပိုင်းက အပြိုင်အဆိုင်တွန်းတိုက်ပြီး အလုပ်လုပ်နေတာကြောင့် နာ့ဗ်ကြောတွေ ကမောက်ကမဖြစ်ပြီး အခုလို ခန္ဓာကိုယ် ဆတ်ခနဲ တွန့်လှုပ်တာတွေ ဖြစ်ရတယ်လို့ ပညာရှင်တွေ အဆိုအရ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

Comments are closed.