အားတီနဲ့အတူတူ ရန်ကုန်ဈေးကို လည်ပတ်နေကြပြီး ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတဲ့ ရွှေကစ်

အားတီနဲ့အတူတူ ရန်ကုန်ဈေးကို လည်ပတ်နေကြပြီး ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတဲ့ ရွှေကစ်

ပရိတ်သတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာဆိုရင် အနုပညာလောကမှာ ကျင်လည်ခဲ့တဲ့သက်တမ်းက ကြာမြင့်နေပြီဖြစ်လို့ အခုဆိုရင်တော့ အိုင်တင်အရမ်းကောင်းတဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်နေပါပြီနော်။ဝတ်မှုံရွှေရည်ကို ချစ်စနိုးနဲ့ ကစ် လို့ခေါ်ကြလို့ ပရိတ်သတ်တွေကပါ ရွှေကစ်လေးလို့လိုက်ခေါ်ကြတာဖြစ်ပါတယ်။ဖြူဖွေးနုဖတ်တဲ့အသားအရည်နဲ့ အရမ်းလှတဲ့မျက်နှာလေးရှိလို့ မိန်းကလေးတိုင်းအားကျရတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ အများအပြားကို ရိုကကူးလာပြီး သူမပါဝင်တဲ့ဇာတ်ကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှု့ကို ရရှိပါတယ်။ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်လို့ သူမရဲ့အိုင်တင်တွေကတော့ အံ့သြမှင်သက်စရာပါပဲနော်။ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်၃၀အရွယ်ကို ရောက်ရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဆယ်ကျော်သက်လေးအတိုင်းအရမ်းကိုလှပနေဆဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်လေးတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေတတ်ပါသေးတယ်။အားလပ်ရက်တွေမှာ ခရီးတွေထွက်ပြီး ပျော်ရွှင်စွာနဲ့လည်ပတ်ပြီး အပျော်တွေကို ပရိတ်သတ်ကြီးအတွက်မျှဝေနေကျဖြစ်ပါတယ်။ရွှေကစ်လေးက သူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်နေတတ်ပြီး စိတ်သဘောထားဖြူစင်သူဖြစ်လို့ မိတ်ဆွေသူငယ်ချင်းပေါများပါတယ်နော်။အခုဆိုတော့ ရွှေကစ်လေးက အားတီနဲ့အတူတူ ရန်ကုန်ဈေးကို လည်ကြပြီး အားတီကတော့”တောသားကို ရန်ကုန်ဈေး ခေါ်သွားတဲ့ ချိမ”ဆိုပြီး သူတို့နှစ်ယောက်ရဲ့ပုံလေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Thi Ha Tun

Comments are closed.