မြင်သူတိုင်းကလည်ပြန်ငေးရလောက်တဲ့ ကျော့ရှင်းမှုတွေနဲ့ နှစ်သားမွေးပြီးနောက်နှစ်ဆတိုးကာ လှသွေးကြွယ်နေတဲ့ ခေတ်နဲ့သစ်ရဲ့မေမေ

မြင်သူတိုင်းကလည်ပြန်ငေးရလောက်တဲ့ ကျော့ရှင်းမှုတွေနဲ့ နှစ်သားမွေးပြီးနောက်နှစ်ဆတိုးကာ လှသွေးကြွယ်နေတဲ့ ခေတ်နဲ့သစ်ရဲ့မေမေ

လင်းလင်းနဲ့ချစ်သုဝေတို့ တည်ဆောက်ထားတဲ့ မိသားစုရိပ်မြုံလေးဟာ မြင်သူတိုင်းအားကျ ချင်စရာ ကောင်းလောက်အောင် ပျော်ရွှင်မှုတွေပြည့်နှက်လို့နေပါတယ်။ ချစ်စရာကောင်း တဲ့ အမွှာသမီး လေးတွေ ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကိုလည်း ပိုင်ဆိုင်ထားပြီး သမီးလေးတွေဟာ လည်း တစ်နှစ်ကျော်အရွယ်လေးတွေနဲ့ အရမ်းကိုသိတတ်ပြီး လည်လွန်း စိန်းလေး တွေဖြစ်နေတာမို့ အားလုံးရဲ့အသည်းကျော်လေးတွေဖြစ်လို့နေပါတယ်။

သမီးလေးတွေကိုပိုင်ဆိုင်ပြီးနောက်ပိုင်းမှာတော့ ဘဝကပိုပြီး ပြီးပြည့်စုံလာလို့ထင်ပါရဲ့ ချစ်သုဝေ တစ်ယောက်အချိန်တိုင်းမှာ အလှတွေပိုပိုတိုးလာပြီး အရင်ကထက် အများကြီး ပိုပြီး ဆွဲဆောင်မှုတွေ တိုးလာပါတယ်။ ဒီနေ့မှာတော့ သူမက ပြည်ကိုဖျော်ဖြေရေးခရီးစဉ် အဖြစ်နဲ့ သွားရောက်နေစဉ်မှာ အသွားရော အပြန်မှာပါ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေကို လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားလေးလည်းရှိတဲ့အတိုင်း သူမက နှစ်သားမွေးထား တဲ့မေမေမို့ နှစ်ဆတိုးပြီး လှချက်ကတော့ ပြောမကုန်အောင်ပါပဲ ပရိသတ်ကြီးရေ။ လိုက်ဖက်လွန်းတဲ့ ဝတ်စုံလေးတွေက သူမရဲ့ကျော့ရှင်းတဲ့ခန္ဓာကိုယ်ပေါ်မှာ အလှပဆုံး တင့်တယ်စွာဆင်မြန်းနေပုံဟာ မြင်သူတိုင်းရဲ့ စိတ်ဘဝင်ကို တိမ်းညွှတ်သွားစေလောက်ပါရဲ့။ မေမေချစ်သုဝေရဲ့ပြစ်မျိုးမှဲ့မထင် အလှပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေး လိုက်တယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – Chit Thu Wai

Comments are closed.