
ချစ်သူရှိခဲ့ဖူးတဲ့အကြောင်းကို ဖွင့်ဟပြောဆိုလာတဲ့ Cha Eunwoo
Cha Eunwoo ကတော့ အိုင်ဒေါမဖြစ်ခင်က ရည်းစားထားခဲ့ဖူးတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်။ ‘Happy Together,’ ဆိုတဲ့ အစီအစဉ်ရိုက်ကူးရေးမှာ Cha Eunwoo က သူရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ပြောပြခဲ့ပြီး ပရိသတ်တွေကို အံ့သြစေခဲ့တာဖြစ်ပါတယ်။

Sponsored


Cha Eunwoo ကတော့ အိုင်ဒေါဖြစ်ဖို့အတွက် လေ့ကျင့်ရေးမဆင်းခင်က ရည်းစားတစ်ခါမှာ မထားဖူးကြောင်းကိုပြောပြခဲ့ပြီး trainee ဖြစ်ပြီးနောက်မှာတော့ ရည်းစားတစ်ကြိမ် ထားခဲ့ဖူးကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။ Cha Eunwoo ကတော့ သူ့ရဲ့ ပထမဆုံးချစ်သူအကြောင်းပြောရင်းနဲ့ တော်တော်လေးလည်း စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ရုပ်ရှင်တွေရိုက်ကူးတဲ့အခါလည်း တစ်ခါတစ်လေ စိတ်လှုပ်ရှားပါတယ်လို့ Cha Eunwoo က ပြောပြခဲ့ပါသေးတယ်။ Cha Eunwoo ကတော့ မင်းသမီး Im Soohyang နဲ့အတူ ‘Gangnam Beauty’ မှာ သရုပ်ဆောင်ခဲ့ပြီး Seo Eunsoo နဲ့အတူလည်း ‘Top Management.’ မှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မင်းသမီးနှစ်ယောက်မှာ သူ့ကို ဘယ်သူက စိတ်လှုပ်ရှားစေလဲလို့ မေးတဲ့အခါမှာတော့ နှစ်ယောက်စလုံးက သူ့ကို စိတ်လှုပ်ရှားစေပါတယ်လို့ ဖြေပေးတာကြောင့် ရိုက်ကူးရေးကသူတွေတော်တော်လေး ရယ်မောခဲ့ရပါတယ်။ Cha Eunwoo ပါဝင်ထားတဲ့ ‘Happy Together’ ကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။

Source: Kstarlive