မိန်းမလျာတွေ အချိန်ပြည့်လင်တရူးမနေဘူးဆိုတဲ့ မထက်

မိန်းမလျာတွေ အချိန်ပြည့်လင်တရူးမနေဘူးဆိုတဲ့ မထက်

ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မိတ်ကပ်ပညာရှင် မထက်ကတော့ မိန်းမလျာတွေဖက်က အမြဲရပ်တည်ပေးတာကိုတော့ သိထားကြမှာပါ။ ကိုယ်တိုင်လည်း Transgender တယောက်ဖြစ်တဲ့ မထက်ကတော့ သူ့အနေနဲ့ ရုပ်ရှင်တွေထဲမှာ မိန်းမလျာဇာတ်ရုပ်ကို အထင်လွဲမှာအောင် ရိုက်တာတွေကို လျော့စေချင်ပြီး ရုပ်ရှင်တွေထဲကလို မိန်းမလျာတွေဟာ အပြင်မှာ အချိန်ပြည့်လင်တရူးမနေပါဘူးဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။

Mc နဲ့ အင်တာဗျူးမှာတော့ မထက်က “အစ်မတို့အချိန်တိုင်း လင်တရူးမနေပါဘူး။ တွေ့သမျှယောကျာ်း လိုက်ပြီးတော့ ဆွဲမနေဖူးဘူး။ အစ်မတို့ အနုပညာအသိုင်းအဝိုင်းမှာ အများကြီးရှိတာပဲလေ။ ဒါပေမယ့်အစ်မတို့ ဘယ်ယောကျာ်းလေးကိုမှ သွားပြီးတော့ ပါးစပ်ဆော့ပြီးတော့ သွားမပြောဘူး။ ခင်တဲ့သူတွေကိုတော့ စတာတွေ ရှိလိမ့်မယ်။ အားနေရင် ဟိုလူ့ပေါင်လိုက်ကိုင် ဒီလူ့ကိုလိုက်ကိုင်တော့ လုပ်မနေကြဘူး။ မိန်းမလျာဆိုတာ သွေးနဲ့သားနဲ့ တည်ဆောက်ထားတာပဲ။ ဒီလိုကိစ္စတွေ ရှိတယ်ဆိုတာ မှန်ပေမယ့်လည်း ဒါကြီးကိုပဲ နေ့စဉ် လုပ်နေတာ မဟုတ်ဘူးဆိုတာကို ပရိသတ်တွေကို သိစေချင်တယ်။ ပတ်ဝန်းကျင်မှာ ရှိကြရင်လည်း သိမှာပါ။ ဘယ်သူမှတော့ လင်တအရမ်းရူးမနေပါဘူး။ အဲ့ဒါလေးကိုတော့ နားလည်ပေးစေချင်ပါတယ်။

ပေးချင်တဲ့ Message လေးကတော့ ကောင်းတယ်။ တင်ပြတဲ့ပုံချင်း လွဲမှားနေတဲ့အခါမှာ အစ်မတို့က ရွံ့စရာကြီးတွေ သွားဖြစ်နေတာပေါ့နော်။ အစ်မတို့ အသိုင်းဝိုင်းတွေက ရွံစရာကြီးတွေ အထင်မြင်လွဲမှားမှုတွေ ဖြစ်လာနိုင်တယ်။ ပတ်ဝန်းကျင်မှာ ကလေးတွေက မိန်းမလျာတွေကို တွေ့တာနဲ့ အဆင့်မရှိတဲ့ အသိုင်းအဝိုင်းကြီးလို့ ထင်သွားကြပြီး လာမယ့် မျိုးဆက်တွေမှာ ထပ်ပြီးတော့ ဒီစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ကြောင့် အစ်မကတော့ မဖြစ်စေချင်ဘူး”

“ဒီလိုရုပ်ရှင်တွေကြောင့် မိန်းမလျာတွေကို အထင်လွဲကြတယ်။ ကြည့်ကြတယ် လှောင်ကြတယ်။ အဲ့လိုမျိုးကတော့ လက်ရှိမှာလည်း ဖြစ်နေတယ်။ အစ်မတို့ကတော့ ပြသာနာမရှိဘူးလေ။ အစ်မတို့က အိမ်ပေါ်က ဆင်းသွားလည်း အေးဆေးရပ်တည်လို့ရတယ်။ အစ်မတို့မှာ အောင်မြင်မှုရှိပြီးသား။ ဒါပေမယ့်လည်း အစ်မတို့နောက်မှာ တကယ့်ငယ်ရွယ်ပြီးတော့ မပြည့်စုံမှုတွေရှိနေကြတယ်။ မိတ်ကပ်လောက မဟုတ်တဲ့သူတွေလည်း ဖိနှိပ်မှုတွေ ဖြစ်နေကြတယ်။

ဒီစကားတွေက အစ်မအတွက်ပြောနေတာ မဟုတ်ဘူး။ အစ်မနဲ့ ဘဝတူတဲ့လူတွေ အတွက်ပြောနေတာ။ စတာလှောင်တာတွေ ရှိတယ်။ စော်ကားမှုတွေ ရှိလာတယ်။ အဲ့ကြောင့် အစ်မက ကိုယ်ချင်းစာတယ်။ အစ်မတို့အတွက်ကတော့ ဘာမှမဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမလျာဆိုတာ ကမ္ဘာတည်သရွေ့ရှိနေဦးမှာပဲ။ စာနာပေးပါလို့လည်း တောင်းဆိုပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.