နာမည်ကြီးမျက်လှည့်ပြကွက်တွေရဲ့နောက်ကွယ်မှာ ဘယ်လိုလုပ်ထားလဲဆိုတော့ ?

နာမည်ကြီးမျက်လှည့်ပြကွက်တွေရဲ့နောက်ကွယ်မှာ ဘယ်လိုလုပ်ထားလဲဆိုတော့ ?

ယခု Post ဟာ မျက်လှည့်ပြနည်းတွေရဲ့ လျိုဝှက်ချက် အတိအကျကို ပြောပြထားတာ မဟုတ်ဘဲ မျက်လှည့်ပြကွက် အချို့ရဲ့ နောက်ကွယ်က ပြုလုပ်ပုံ သဘောတရားပိုင်းကို သာ နားလည်စေရန် ဖြစ်ပါတယ်

  • ၁။ လူနှစ်ပိုင်းဖြတ်ပြခြင်း

မျက်လှည့်ပညာရှင်တွေဟာ သူတို့ရဲ့လက်ထောက်တွေကို နှစ်ပိုင်းဖြတ်ပြတာဟာ လွန်ခဲ့တဲ့ရာစုနှစ်တွေထဲကပါ။ တော်တော်များများကတော့ ဓားအကြီးကြီးတွေကို အသုံးပြုကာပြသကြပါတယ်။ အခုတော့ခေတ်မီလွှစက်တွေကိုအသုံးပြုကြတာပေါ့။ ဖြတ်ပြီးပြီဆိုတာနဲ့ တစ်ဖက်မှာခေါင်း တစ်ဖက်မှာ ခြေထောက်ဖြစ်နေတာကိုခွဲခြားမြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေ အံ့သြကြမှာ အမှန်ပါ။ တကယ်တော့ လူနှစ်ယောက်ဖြစ်ပြီးတစ်ယောက်ကခြေထောက် တစ်ယောက်ကဦးခေါင်းကို ပြသထားတာပဲဖြစ်ပါတယ်။

  • ၂။ စာရွက်ကို ခဲတံနဲ့ဖောက်ပြခြင်း

ဒေးဗစ်ကိုပါဖီးပြခဲ့တဲ့ဒီအကွက်ဟာလည်း ရိုးရှင်းစွာလှည့်စားမှုတစ်ခုပါ။ ခဲတံကို နှစ်ပိုင်းဖြတ်ထားတာဖြစ်ပြီး သံလိုက်နဲ့ဆက်ထားတာဖြစ်တာမို့စာရွက်ကို တကယ်ဖောက်သွားတာမဟုတ်ပါဘူး။

  • ၃။ လေပေါ်ပျံပြခြင်း

ဒီပြကွက်ဟာ ကြည့်ရှုသူတွေ သိနိုင်ဖို့ခက်ခဲပါတယ်။ မျက်လှည့်ဆရာလေပေါ်ပျံနေတာဟာ သူ့ကိုထောက်ပံ့ပေးမဲ့ ပစ္စည်းတစ်ခုခု ကြောင့်ဖြစ်ပြီး အဲ့ဒီ့ပစ္စည်းဟာ သူ့အ၀တ်အစားထဲမှာရှိတာပါ။ ဒီအရာကို ပရိသတ်တွေမမြင်ရပေမယ့် သူ့ကိုလေပေါ်မြောက်နေစေတဲ့အရာပေါ့။

  • ၄။ ဖန်ခွက်ဖျောက်ပြခြင်း

ပရိသတ်တွေ သိပ်သတိမထားမိတဲ့ပြကွက်တစ်ခုပေါ့။ လက်ကိုင်ပုဝါတစ်ခုအောက်ကနေ ဖန်ခွက်ဘယ်လိုပျောက်သွားလည်း ဆိုတာကတော့ လှပတဲ့လှည့်စားမှုတစ်ခုပေါ့။ လက်ကိုင်ပုဝါကို ဖန်ခွက်ပါတဲ့ပုံစံဖြစ်အောင် ကိုင်ထားလိုက်တာဖြစ်ပြီး ဖန်ခွက်လုံးဝ မရှိပါဘူး။

  • ၅။ ကျည်ဆံကို ပါးစပ်နဲ့ဖမ်းပြတဲ့အကွက်

တစ်ချိန်ကနာမည်ကြီးမျက်လှည့်ဆရာနှစ်ယောက်ဖြစ်တဲ့ Penn နဲ့ Teller တို့ရဲ့ပြကွက်ပေါ့။ ကျည်ဆံတစ်ခုမှာ ပရိသတ်တစ်ယောက်ကို လက်မှတ်ထိုးခိုင်းပြီး သေနက်မှာထည့်ကာပစ်လိုက်ပါတယ်။ ဒါကို နောက်တစ်ယောက်က ပါးစပ်နဲ့ဖမ်းပြတာဖြစ်ပါတယ်။ အမှန်တော့ ပစ်ခတ်စဉ်မှာ ဖယောင်းနဲ့လုပ်ထားတဲ့ကျည်ဆံကို သုံးခဲ့တာဖြစ်ပြီး ဖမ်းပြသူဟာအစကတည်းက လက်မှတ်ပါတဲ့ကျည်ဆံကို ပါးစပ်မှာကိုက်ထားတာဖြစ်ပါတယ်။

  • ၆။ နေရာလဲပြခြင်း

ဒီပြကွက်ကို ၁၉၉၆ မှာ Pendragons တို့ပြသခဲ့တာပါ။ တစ်ယောက်ကို အိတ်ထဲထည့်ပြီးတော့သေတ္တာတစ်လုံးထဲထည့်ကာ သော့ပိတ်လိုက်ပြီး နောက်တစ်ယောက်ကလိုက်ကာကို ကာလိုက်ပါတယ်။ လိုက်ကာပြန်ချလိုက်ချိန်မှာတော့ သူတို့နှစ်ဦးလူလဲပြီးသားဖြစ်နေတာပါ။ အမှန်တော့သေတ္တာကို ဖွင့်ရလွယ်ကူအောင် ပြုလုပ်ထားတာဖြစ်ပြီး လိုက်ကာ ကာထားစဉ် အမြန် လူလဲ လိုက်တာဖြစ်ပါတယ်။

  • ၇။ လူသုံးပိုင်းဖြတ်ပြခြင်း

ဒါကလည်း မျက်လှည့်ဆရာရဲ့တပည့် ကောင်းမွန်စွာသရုပ်ပြနိုင်ရင်ရပါပြီ။ လူ့တစ်ကိုယ်စာ သေတ္တာထဲဝင်စေကာ ဓားနဲ့သုံးပိုင်းဖြတ်ပြတာဖြစ်ပါတယ်။ သေတ္တာကအနည်းငယ်ကြီးတာမို့အထဲကလူအနေနဲ့ ကိုယ်ကို တွန့်လိမ်ပြနိုင်ရင် ရပါပြီ။ ဒီအကွက်မှာတော့မျက်လှည့်ဆရာဟာ ဟန်ပြသက်သက်ဖြစ်ပြီး သူ့လက်ထောက်ကသာ အဓိက ဇာတ်ဆောင်ပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.