ပေါင်းဖက်ဖို့ အသင့်ဆုံး အိမ်ထောင်ဖက် နေ့နံများ

ပေါင်းဖက်ဖို့ အသင့်ဆုံး အိမ်ထောင်ဖက် နေ့နံများ

ဦး သာ စိန် ပန်း ဒန်းလှကိုရှာ – ဦး-သာ တနင်္ဂနွေနှင့် သောကြာ အိမ်ထောင်ဖက် – စိန်-ပန်း အင်္ဂါနှင့် ကြာသပတေး အိမ်ထောင်ဖက် – ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက် ကို-ရှာ တနင်္လာ နှင့် ရာဟု အိမ်ထောင်ဖက်

အိမ်ထောင်ရန်ဖက်(ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ) / ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသ င့်ေ သာ က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့် အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့် ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်

အောင် ပ ကုလား ဆွေသား နောင်ရင်း – အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည် ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည် – ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည် – နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်

ဦးညို ခေမာ သုတ ဝေရီ – ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန် –ေ ခ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန် – သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန် – ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန် { ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ – တနင်္ဂနွေ – ကြေးနီ – တနင်္လာ – ပတ္တမြား – အင်္ဂါ – ရွှေ – ဗုဒ္ဓဟူး – ကျောက်သံပတ္တမြား – ကြာသပတေး – ငွေ –ေ သာကြာ-ပုလဲ – စနေ-သံ }

ရက်ရာဇာ ရွေးနည်း

တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး – ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး – နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ – အောင်လှဝါဆို – ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး – သာလိုဝါခေါင် – ဝါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ – မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ – သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ – သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ – မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ – မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး – ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး – ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း

တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး) ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး) နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ) ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခငြေ်္သ့ (ဟိုင်း= ရာဟု ၊ ခငြေ်္သ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဂြိုလ်နေ ဂြိုလ်သက်များ

  • တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်
  • တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်
  • အင်္ဂါ ဂြိုလ်သက် – ၈ နှစ်
  • ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်
  • ကြာသပတေး ဂြိုလ်သက် – ၁၉နှစ်
  • သောကြာ ဂြိုလ်သက် – ၂၁ နှစ်
  • စနေ ဂြိုလ်သက်- ၁၀ နှစ်
  • ရာဟုဂြိုလ် – ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေ အားလုံး ပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ နဝင်းလို့ ခေါ်ကြလေသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။


Comments are closed.