တကယ့်စူပါပါဝါတွေရှိနေတဲ့အံ့ဖွယ်အပင် (၈) ခု

တကယ့်စူပါပါဝါတွေရှိနေတဲ့အံ့ဖွယ်အပင် (၈) ခု

ပုံမှန်ဆိုရင်တော့ရုပ်ရှင်တွေ၊ကာတွန်းတွေထဲမှာပဲ စူပါပါဝါရှိတဲ့လူသားတွေ၊ တိရိစ္ဆာန်တွေကိုမြင်တွေ့နေရတာပါ။
ဒါမဲ့ အံ့သြစရာပါပဲ အပြင်လောကက အပင်တစ်ချို့မှာလဲ အဲ့လိုထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့အပင်တွေလဲရှိနေပါတယ်။ အံ့ဖွယ်အရွယ်အစားရှိတာ၊ မီးမှာရှင်သန်နိုင်တာ၊ အားပြင်းပြင်းနဲ့သူတို့အစေ့ကိုထုတ်လွှတ်နိုင်တာ၊ ပီးတော့တိရိစ္ဆာန်ငယ်လေးတွေကိုစားသုံးပစ်တာ စတဲ့အမျိုးမျိုးသောစူပါပါဝါတွေရှိနေပါတယ်။ သတိ:ဒီ “မကောင်းဆိုးဝါးအပင်” တွေဟာ သူတို့ရဲ့မကောင်းတဲ့အစွမ်းတွေကိုထုတ်ပြဖို့အဆင်သင့်ဖြစ်နေပါပီ!!!

၁။လူသေအလောင်းပန်း

သိပ္ပံနာမည် – Amorphophallus titanum (or) titan arum /
နာမည်ပြောင် – လူသေအလောင်းပန်း

သူ့ရဲ့အထူးအစွမ်းကတော့ အော်ကလီဆန်ချင်စရာပန်းအနံ့ရှိတာပါ။ သူဟာ ကမ္ဘာ့အပင်တွေထဲမှာတော့ တကယ့်ကိုအကြီးမားဆုံးအပင်လို့ပြောလို့ရလောက်အောင်ကြီးမားပီး အမြင့်ပေ ၉.၈ ပေထိမြင့်တက်နိုင်ပါတယ်။ ဒီပန်းတွေရဲ့ပန်းပွင့်ပုံဟာ ခန့်မှန်းရခက်ပီး ပန်းပွင့်လာတဲ့အခါမှာလဲ သတင်းထဲမှာနာမည်ကြီးပါပဲ။

သဘာဝအားဖြင့်တော့ ဒီပန်းကို ဆူမားထရားမိုးသစ်တောထဲမှာတွေ့ရှိနိုင်ပါတယ်။ ဒါမဲ့ တချို့သော ရုက္ခဗေဒဥယျာဉ်တွေမှာလဲ တွေ့မြင်နိုင်ပါသေးတယ်။

၂။လင်းလွန်းပင်

သိပ္ပံနာမည် – Hura Crepitans /နာမည် – လင်းလွန်းပင်

သူ၏ထူးခြားသောစွမ်းရည်မှာ အတွင်းမှအစေ့များပေါက်ကွဲထွက်ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ပင်စည်ဟာ အခြားသောပင်စည်များနဲ့မတူပဲ ချွန်ထွက်နေသောအဆူးမှာပါရှိနေပါတယ်။ အဲ့အဆူးများကိုဟာလဲ အပင်ကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။

သူ့ရဲ့ပန်းဟာ ဖရုံသီးပုံစံအသီးတွေကိုသီးစေပါတယ်။ အဆိုပါအသီးတွေဟာ ခြောက်သွေ့လာတဲ့အခါ အပင်နဲ့ ၄၆ ပေလောက်ဝေးတဲ့နေရာထိကိုအတွင်းမှအစေ့များကိုကျယ်လောင်သောပေါက်ကွဲသံကြီးနဲ့အတူပေါက်ကွဲထွက်စေပါတယ်။ အဆိုပါ အပင်တွေဟာ သဘာဝအားဖြင့် အမေရိကန် မြောက်ဘက်နဲ့တောင်ဘက်ဒေသတွေမှာ ပေါက်လေ့ရှိပါတယ်။

၃။ရီဖလက်စီးယားပန်း

သိပ္ပံနာမည် – Rafflesia arnoldii /နာမည် – မကောင်းဆိုးဝါးလီလီပန်း

သူဟာ အခြားသောပန်းရဲ့အမြစ်ကိုမှီခိုပီးပေါက်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာတော့ တစ်ပွင့်တည်းသောအကြီးဆုံးပန်းဖြစ်ပါတယ်။ အချင်းပေ ၃.၂ ရှိပါတယ်။ သူဟာကပ်ပါးပင်ဖြစ်ပီး သူ့မှာကိုယ်ပိုင်အရွက်တွေ၊ အမြစ်တွေမရှိပါဘူး။

ဒီအပင်ရဲ့ကတော့ အသားပုတ်အနံ့ရှိပါတယ်။အဲ့အနံ့ကပဲ ဝတ်မှုန်ကူးဖို့ရန်အတွက် ပိုးကောင်တွေကိုဆွဲဆောင်ပါတယ်။ ဒီအပင်ကိုတော့ အင်ဒိုနီးရှားနဲ့ ရုက္ခဗေဒဥယျာဉ်တွေမှာတွေ့နိုင်ပါတယ်။

၎။ထိကရုဏ်းပင်


သိပ္ပံနာမည် – Mimosa Pudica / နာမည် – ထိကရုဏ်းပင်

ထိကရုဏ်းပင်တွေရဲ့စူပါပါဝါကတော့ ထိလိုက်တာနဲ့ ချက်ချင်းဆိုသလိုအရွက်တွေပိတ်သွားပီး ညွှတ်ကျသွားတာဖြစ်ပါတယ်။

ထိလိုက်တာနဲ့အဲ့လိုဖြစ်သွားတဲ့အတွက် ထိလွယ်ရှလွယ်သဘောရှိတဲ့အပင်မို့ sensitive plant ဆိုပီးတော့လဲခေါ်ကြပါသေးတယ်။ ထိလိုက်ရင် ညွှတ်ကျသွားတယ်ဆိုပေမဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ပြန်ပီးရွှင်လန်းလာတတ်ပါတယ်။ ဒီအပင်တွေရဲ့ဇစ်မြစ်ကတော့ အမေရိကန် အလယ်ပိုင်းနဲ့တောင်ပိုင်းဖြစ်ပီး အခြားပူနွေးတဲ့ဒေသတွေမှာလဲတွေ့ရှိနိုင်ပါသေးတယ်။

၅။လေချွန်ဆူးပင်


သိပ္ပံနာမည် – Vachellia Drepanolobium /နာမည် – လေချွန်ဆူးပင်

ဒီအပင်ဟာ သူ့ဆူးအောက်ခြေကနေ လေချွန်တဲ့အသံတစ်ခုကိုထုတ်လွတ်ပေးပါတယ်။ ဒီအပင်ရဲ့ထူးခြားချက်ကတော့ အဆိုပါလေချွန်သံထုတ်တာဟာ တိရိစ္ဆာန်တွေထွက်ပြေးအောင်လို့ပါ။ ဒါမဲ့ ဒီလေချွန်ဆူးပင်တွေဟာ ပုရွက်ဆိတ်တွေနဲ့တော့ သူငယ်ချင်းသဘောမျိုးအဆင်ပြေကြပါတယ်။ ဒါကလဲ အကြောင်းရင်းရှိပါတယ်။

အဲ့အကြောင်းရင်းကတော့ ၂ ဦး ၂ ဖက်လုံးအတွက်အကျိုးရှိနေလို့ဖြစ်ပါတယ်။ ပုရွက်ဆိတ်တွေဟာလဲ အဆိုပါအပင်ပေါ်ကဆူးသီးတွေမှာ အပေါက်တွေလိုက်ဖောက်ပီး အိမ်အဖြစ်အသုံးချကာနေထိုင်ပါတယ်။ ဆူးသီးတွေကလဲ အဲ့လိုပဲ ပုရွက်ဆိတ်လေးတွေဖောက်ပေးတဲ့ အပေါက်ကနေလေချွန်သံထုတ်ပီး တိရိစ္ဆာန်တွေကိုအဝေးကိုနှင်ပါတယ်။ ဒီအပင်တွေကတော့ သဘာဝအားဖြင့် အာဖရိကမှာပေါက်ရောက်ပါတယ်။

၆။ဗစ်တိုးရီးယားကြာရွက်


သိပ္ပံနာမည် – Victoria Amazonica /နာမည် – ဗစ်တိုးရီးယားကြာရွက်

ဗစ်တိုးရီးယားကြာရွက်ရဲ့အထူးပါဝါကတော့ အလေးချိန် ၉၉ ပေါင်ထိကိုသယ်မနိုင်စွမ်းရှိတာဖြစ်ပါတယ်။ သူဟာဆိုရင်သန်မာတဲ့စက်ဝိုင်းပုံစံအရွက်တွေရှိပီးအချင်းပေ ၈.၂ ပေထိကြီးထွားနိုင်ပါတယ်။ အရွက်တွေရဲ့အရိုးတွေထဲမှာသိမ်းထားတဲ့လေကြောင့်သူတို့ဟာ ရေပေါ်ပေါ်နိုင်ပီး ကြီးမားတဲ့အလေးချိန်ကိုလဲသယ်မနိုင်တာဖြစ်ပါတယ်။ တစ်ရာသီမှာဆိုရင် သူတို့ရဲ့အပင်ဟာ အရွက်ပေါင်း ၄၀ ကနေ ၅၀ အထိပေါက်စေပီး အဆိုပါအရွက်တွေကပဲရေမျက်နှာပြင်ကိုဖုံးလွှမ်းသွားကာ အခြားအပင်တွေကိုလဲမကြီးထွားစေတော့ပါဘူး။

၇။အသားစားပင်

သိပ္ပံနာမည် – Nepenthes /နာမည် – အသားစားပင်

သူ့ရဲ့စူပါပါဝါကတော့ အင်းဆက်ပိုးကောင်တွေကိုဖမ်းပီးစားသောက်တာဖြစ်ပါတယ်။ သူ့ရဲ့ ရေကရားပုံစံအရွက်ကြီးတွေက အင်းဆက်တွေရဲ့ထောင်ချောက်အဖြစ်အလုပ်လုပ်ပါတယ်။ ထောင်ချောက်ရဲ့အဖုံးက ဝတ်ရည်ဟာ သားကောင်ကိုဆွဲဆောင်ပီး ရေကရားရဲ့အပေါ်ပိုင်းကနေ သူရဲ့အောက်ခြေမှာရှိတဲ့ အရည်ထဲကိုချော်ကျစေပါတယ်။ အဲ့အခါမှာသားကောင်တွေလဲဘယ်လိုမှမလွတ်မြောက်နိုင်တော့ပဲ အပင်ရဲ့စားသုံးခြင်းကိုခံရပါတော့တယ်။
သူတို့ကိုတော့ မတ်ဒါဂါစဒါ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျမှာတွေ့ရှိနိုင်ပါတယ်။

၈။ယူကလစ်ပင်

သိပ္ပံနာမည် – Eucalyptus

သူ့ရဲ့ထူးခြားချက်ကတော့မီးထဲမှာရှင်သန်နိုင်စွမ်းရှိတာပါ။ ဒီအပင်ရဲ့အရွက်တွေဟာ မီးလောင်စေတဲ့အဆီတွေကိုထုတ်ပေးပါတယ်။လောင်နေစဉ်မှာလဲ စွမ်းအင်တွေကိုထုတ်ပေးပါတယ်။

မီးဟာအချို့သောတောနေအပင်သတ္တဝါတွေအတွက်တော့ အန္တရာယ်ဆိုပေမဲ့သူ့အတွက်ကတော့သူ့ရဲ့အစေ့တွေကိုဖြန့်ဖို့အတွက်အသုံးပြုတာပါ။ အဆိုပါမီးကနေ မြေဆီသြဇာကောင်းတဲ့မြေပေါ်ကိုအစေ့တွေထုတ်လွတ်ပါတယ်။ အပင်တွေဟာသူတို့ကိုယ်တိုင်ပဲမီးကိုခုခံနိုင်စွမ်းရှိပါတယ်။ ဒီအပင်တွေဟာ သဘာဝအားဖြင့်တော့ သြစတေးလျနဲ့ အမေရိကန် တို့မှာပေါက်လေ့ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.