ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ ရှာပုံတော်မင်းသားကြီးများ

ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ ရှာပုံတော်မင်းသားကြီးများ

ဓမ္မစေတီခေါင်းလောင်းကြီးကို 15 ရာစုနောက်ပိုင်းက နန်းတက်ခဲ့တဲ့ ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းက သွန်းလုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒဂုံလို့ ခေါ်ခဲ့တဲ့ ရန်ကုန်မှာ ရှိတဲ့ ရွှေတိဂုံဘုရားကို လှူဒါန်းခဲ့တာဖြစ်ပြီး ဒီခေါင်းလောင်းကြီးကို ကြေး၊ရွှေနဲ့ ငွေတွေရောပြီး သွန်းလုပ်ခဲ့တာဖြစ်ပါတယ်။အလေးချိန်က တန်ပေါင်း 300 ရှိတာဖြစ်ပါတယ်။

အဆိုပါ ခေါင်းလောင်းကြီးကို တည်ထားပြီး 24 နှစ်အကြာမှာ elipe de Brito e Nicote ဆိုတဲ့ စစ်ဗိုလ်ချုပ်က ရယူဖို့ကြိုးစားပြီး သူ့ရဲ့ သင်္ဘေားသားတွေနဲ့ ဒေသခံတွေကို သယ်ဆောင်ပြီး သူ့ရဲ့ သဘောင်္ကြီးပေါ်တင်ခဲ့တာဖြစ်ပြီး ပုဇွန်တောင်ချောင်းကို ဖြတ်ကူးခဲ့ပါတယ်။ပဲခိုး ရန်ကုန် မြစ်ကြောင်းမှာ တန်ချိန်သုံးရာရှိတဲ့ ခေါင်းလောင်းကြီးရဲ့ ဝိတ်နဲ့ သင်္ဘောသားတွေ ပစ္စည်းပစ္စယတွေရဲ့ ဝိတ်ကြောင့် ဝမ်းကွဲပြီး မြစ်ကြီးအတွင်းနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ရေငုပ်သမား 100 လောက်သုံးပြီး ရှာခဲ့ပေမယ့် ခေါင်းလောင်းကြီးဟာ သာသနာပိုင်ပစ္စည်းဖြစ်တဲ့အတွက် ရှာမတွေ့ဘူးလို့ ဒေသခံတွေက ဆိုခဲ့ပြီး သမိုင်းအမွေကို တိုင်းတပါးမရောက်ပဲ မြစ်နဲကနစ်မြုပ်သွားတာက ပိုခံသာတယ်လို့ ဝံသာနုစိတ်ရှိသူတွေက ပြောခဲ့ပါတယ်။

2010 ခုနှစ်မှာတော့ သြစတေးလျလူမျိုး documentary ရိုက်ကူးသူဟာ မြစ်နဲ့ ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ သမိုင်းအပေါ် အာရုံပြန်လည်လာပြီး နည်းစနစ်ကျတဲ့ ဆယ်ယူမှုနဲ့ ရှာဖွေမှု လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။သတ်မှတ်ထားတဲ့ နေရာမှာ ဓမ္မစေတီခေါင်းလောင်းကြီး မရှိတော့ဘူးဆိုတာတွက်မိပြီး ရေနဲ့ သဲမြေတွေရဲ့ ရွေ့လျားပြောင်းလဲမှုကြောင့် ခပ်ဝေးဝေးနေရာကို ရွေ့နိုင်ကြောင်းေ ဖ်ာပြခဲ့ပါတယ်။ပြီးတော့ ခေါင်းလောင်းကြီးကို နှုံးနဲ့ သဲတို့ဖုံးသွားပြီး တူးဖော်မှုလုပ်ရမှာဖြစ်တယ်လို့ ပြောခြ့ပါတယ်။ဒါပေမယ့် ဒါကလည်း ဖြစ်နိုင်တဲ့ ကိစ္စရပ်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုမှာ မြန်မာ့သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ ချစ်စံဝင်းဟာ အတက်ကြွဆုံး အလှုပ်ရှားဆုံးဖြစ်ပြီး သူဟာ 2010 ခုနှစ်ကနေ 2017 ခုနှစ်အထိ ခေါင်းလောင်း ဆယ်ယူရေးကိစ္စကို လူအင်အား ငွေအင်အားနဲ့ အလုံးအရင်းနဲ့ နိုင်ငံတော် ထောက်ပံ့ကြေးယူကာ ရှာဖွေခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ အိပ်မက်လည်း အချည်းအနှီးဖြစ်ကာ ခေါင်းလောင်းကြီးကို မြစ်ကြောင်းအတိုင်း ရှာဖွေမှု မလုပ်နိုင်ပဲ ငါးပွက်ရာ ငါးစာချဆိုသလို စမ်းတဝါးဝါးနဲက ထင်ယောင်ထင်မှား ရှာဖွေအဆင့်လောက်သာ ရှိခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.