
မစင်အိတ် ၄၀၀ ကျော် ၊ ဆီးပုလင်း ၂၀၅ ကျော်နဲ့ပြည့်နှက်နေတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံးအိမ်
ဒီအိမ်ကို သွားရောက်သန့်ရှင်းရတဲ့သူတွေကတော့ Leanne နဲ့ Kenny Elliott ဆိုတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ် ။သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ Certitude Cleaning Services Ltd နဲ့ Traumatic Clean Up ဆိုတဲ့ သန့်ရှင်းရေးလုပ်ငန်းနှစ်ခုကို တည်ထောင်ပြီး ဦးစီးလုပ်ကိုင်နေကြတဲ့သူတွေလည်းဖြစ်ပါတယ် ။
ဒီအိမ်မှာနေသွားတဲ့သူတွေကဟာ အညစ်အကြေးတွေကိုနေ့စဉ် အိတ်နဲ့ထည့်ပြီးစုဆောင်းထားခဲ့တာပဲဖြစ်ပါတယ် ။ခန္ဓာကိုယ်ကထွက်ရှိတဲ့ တံတွေး နဲ့ အခြားအညစ်အကြေးတွေကိုလည်း ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း စွန့်ပစ်ထားတာပါ ။အိမ်တစ်အိမ်လုံးဟာအမှိုက်တွေနဲ့ပြည့်နှက်နေပြီး အခန်းထဲမှာရှိနေတဲ့အမှိုက်စုစုပေါင်းဟာ ၄ တန်နီးပါးရှိတယ်လို့သိရပါတယ် ။

အိမ်သာသုံးစက္ကူ (သုံးပြီးသား) တွေကိုလည်းအခန်းထဲမှာ ဒီအတိုင်းပြန့်ကြဲထားတဲ့အပြင် ဆေးလိပ်ဖင်ဆီခံပေါင်းများစွာကိုလည်း တစ်နေရာထဲမှာ စုပြုံပြီးထည့်ထားတာကိုတွေ့ရပါတယ် ။
ထို့အပြင် ဒီအိမ်ထဲမှာ အသုံးပြုပြီးသား ဆေးထိုးအပ်ပေါင်း ၃ သောင်းကျော်ကိုလည်းတွေ့ရှိခဲ့ရပါသေးတယ် ။Leanne ကတော့ Callington , Cornwall က ကျောင်းမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာတစ်ယောက်ပါ ။”ကျွန်တော်တို့ ဒီအမှိုက်တွေ နဲ့ အညစ်အကြေးတွေကို နေ့စဉ်နီးပါးရှင်းလင်းနေရပါတယ် ။

အိမ်ထဲမှာ ၅၀ မီလီမီတာ အရွယ်ရှိတဲ့ ဆီးပုလင်းပေါင်း ၂၇၀ နဲ့ မစင်တွေထည့်ထားတဲ့အိတ်ပေါင်း ၄၀၀ ရှိပါတယ် ။ပြီးတော့ရေချိုးခန်းထဲမှာလည်း နှစ်မျိုးပေါင်းရောထည့်ထားတဲ့ ပုလင်းပေါင်း ၇၀ ရှိနေပါတယ် ။
အညစ်အကြေးစုစုပေါင်းဟာ အလေးချိန် ၄ တန်နီးပါးလောက်ရှိပါတယ် ” လို့သူကပြောပါတယ် ။Kenny ကလည်း ဒီအိမ်နဲ့ပတ်သတ်ပြီးအခုလိုပဲပြောပြခဲ့ပါတယ်။

” ကျွန်မတို့ ပထမဆုံးရောက်ရောက်ခြင်းညစ်ပတ်နေတဲ့ အပ် ၅၀ ကိုထည့်ထားတဲ့ ဘူးတစ်ဘူးနဲ့ မစင်တွေထည့်ထားတဲ့သံဘူးတစ်ဘူးတောင်တွေ့ခဲ့သေးတယ် ။ဒါလည်းပြဿနာမဟုတ်သေးပါဘူး ။နောက်တော့ ဘူးတိုင်းလိုလိုက အညစ်အကြေးတွေထည့်ထားတဲ့ဘူးတွေဖြစ်နေတယ် ။ဒီအိမ်ထဲမှာ ဆေးထိုးအပ်ဘူးပေါင်း ၃၆၀ လောက်ရှိနေပြီး သုံးပြီးသားအပ်ပေါင်း ၃၃၅၀၀ ရှိနေတယ် ” လို့ပြောပါတယ် ။
မူးယစ်ဆေးတွေ တွေ့ခဲ့ရတဲ့အချိန်မှာတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ရဲတွေကိုခေါ်ပြီးတော့ ရှင်းလင်းခိုင်းခဲ့ရတယ်လို့လည်းသိရပါတယ် ။ရဲတွေကလည်း သူတို့ဘဝမှာ ဒီလောက်များတဲ့ဆေးထိုးအပ်တွေပထမဆုံးအကြိမ်တွေ့ခဲ့ဖူးတာပဲလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ဒီအိမ်ပိုင်ရှင်တွေဟာ ဘာကြောင့်ဒီလောက်ညစ်ပတ်အောင် ပြုလုပ်ခဲ့ကြသလဲ ။ ဒီထက်ပိုသိချင်စရာတစ်ခုက ဒီလောက်ညစ်ပတ်တဲ့အိမ်မှာ သူတို့ဘယ်လိုနေခဲ့ကြသလဲဆိုတာပါပဲ ။သင်ရော ဒီအိမ်နဲ့ပတ်သတ်ပြီး တစ်ခုခုတွေးမိလား ။ တွေးမိတာရှိရင် ပြောပြခဲ့ပါဦး ။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။