အီဖယ်တာဝါအမြင့်နီးပါးရှိ ကမ္ဘာ့အကြီးမားဆုံးရေနံတူးဖော်စင်ကြီးအကြောင်း

အီဖယ်တာဝါအမြင့်နီးပါးရှိ ကမ္ဘာ့အကြီးမားဆုံးရေနံတူးဖော်စင်ကြီးအကြောင်း

ရေနံတူးဖော်စင်ကြီးများကိုသမုဒ္ဒရာထဲတွင်တည်ဆောက်ထားသည်မှာအံ့သြဖွယ်ကောင်းလှပါသည်။ရေနံနှင့်သဘာဝဓာတ်ငွေ္ပ့တူးဖော်စင်ကြီးတစ်ခုတည်ဆောက်ရာတွင်ပျမ်းမျှအားဖြင့်ဒေါ်လာ၃ဘီလီယံခန့်ကုန်ကျသည်ဟုသိရပါတယ်။ ထိုစင်ကြီးများ၏သက်တမ်းမှာ၂၀မှ၃၀နှစ်ထိရှိကြပါတယ်။ ထိုစင်ပေါ်တွင်ပျမ်းမျှအားဖြင့်အခန်း၂၀ခန့်၊အိပ်စင်၃၀ခန့်၊မီးဖိုချောင်၊စားသောက်ခန်းနှင့်ရဟတ်ယာဉ်ဆင်းသက်ရန်ကွင်းများစသည်တို့ပါဝင်ပါတယ်။

စင်တည်ဆောက်မည့်အစီအစဉ်နှင့်အတူဖျက်သိမ်းရေးအစီအစဉ်ကိုပါ ပိုင်ရှင်ကတာဝန်ယူဆောင်ရွက်ရပါတယ်။ရေနံစင်များကိုကုန်းပေါ်တွင်အရင်ဆောက်ဆောက်လုပ်တပ်ဆင်ပြီးမှရေပြင်ရှိထောင်ပေါင်းများစွာကွာဝေးသောတူးဖော်မည့်နေရာသို့ဧရာမသင်္ဘောံကြီးများဖြင့်တင်ဆောင်လျက်ထွက်ခွာကြပါတယ်။ရေနံစင်အများစုကိုရေနက်ပိုင်းတွင်တည်ဆောက်လေ့ရှိပါတယ်။

မက္ကဆီကိုပင်လယ်ကွေ့ထဲမှအမြင့်ပေ၂၄၅၀မီတာ(ပေ၈၀၀၀)အီဖယ်တာဝါအမြင့်လောက်ရှိသောကမ္ဘာ့ကြီးမားဆုံး “Perdido” ရေနံစင်ကြီးကို နံမည်ကြီးShellရေနံကုမ္ပဏီမှထိန်းချုပ်လုပ်ကိုင်ပါတယ်။ Perdido သည်သမုဒ္ဒရာထဲမှ၈၀၀၀ပေ(၂၄၅၀မီတာ)အနက်ရှိရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ကို၂၂မိုင်(၄၄ကီလိုမီတာ)ရှည်လျားသောပိုက်လိုင်းများဖြင့်ဆက်သွယ်၍တူးဖော်ထုတ်လုပ်လျက်ရှိပါတယ်။

၎င်း၏ကိုယ်ထည်ကိုဖင်လန်နိုင်ငံTechnipကုမ္ပဏီမှဆောက်လုပ်ခဲ့ပြီးမိုင်ပေါင်း၈၂၀၀အကွာအဝေးတွင်ရှိသောတူးဖော်မည့်နေရာသို့ဧရာမသင်္ဘောံကြီးများဖြင့်ထွက်ခွာပါတယ်။ရေနံစည်ပေါင်း ၁၀၀,၀၀၀ပမာဏခန့် နေ့စဉ်ထုတ်လုပ်ပေးပါတယ်။ ထိုရေနံစင်ကြီးသည်အလုပ်သမား၁၇၂ယောက်ဖြင့်လည်ပတ်လျက်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.