မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့မှ ပျော် ပျော်ကြီးဇာတ် ကားပြန်ရိုက်မယ့် လူကြမ်းသရုပ်ဆောင် ကိုသန့်စင်

အထိုးအကြိတ်အခန်းတွေမှာ လူကြမ်းအဖွဲ့လို့ဆိုလိုက်ရင် ကိုလူချောတို့အဖွဲ့ကို အမြဲတွေ့ရမှာပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေဟာ အထိုးအကြိတ်ကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတွေမှာ အများဆုံးပါဝင် သရုပ်ဆောင်ရသူတွေပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်ကတည်းက လူကြမ်းသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ကိုသန့်စင် ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က လူကြမ်းသရုပ်ဆောင်ကြီး ကိုသန့်စင် ကတော့စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် ပန်းရံအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေအွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြရပါသေးတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကြောင့် အနုပညာလုပ်ငန်းတွေအာလုံးရ ပ်နားထားရတာကြောင့် အလွှာအသီးသီးက သရုပ်ဆောင်တွေအားလုံးအတွက် စီးပွားရေးကျပ်တည်းမှု့တွေ များစွာကြုံေ တွ့နေရပါတယ် ။ ဒီအထဲမှာတော့ လူကြမ်းသရုပ်ဆောင် ကိုသန့်စင် တစ်ယောက်လဲအပါအဝင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုသန့်စင် ရဲ့ခို င်မာတဲ့စိတ်ဓာတ်ကြောင့် ပရိသတ်တွေက မလေးဘဲမနေနိုင်အောင် လေးစားကြရပြန်ပါပြီ။

ဒါကတော့ “You Tube အတွက် ဇာတ်လမ်းတွဲအတွက် မည်သည့်ကားရိုက်ခေါ်ခြင်းကို ရိုက်ဖို့အင်အားမ ရှိသေးလို့ပါ မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့ ပျော်ပျော်ကြီးဇာတ်ကားတွေရိုက်ကြမယ်နော် လူအချင်းချင်းစာနာထောက်ထားပြီး ပေးကမ်း လှူnဒါန်းခြင်း လက်မခံပါအားလုံးနားလည်ခွင့်လွတ်ပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ် ပိုက်ဆံတော့မချမ်းသာပါဘူး မာနနဲ့ ခံယူချ က်ကတော့ချမ်းသာတယ်ဗျ ” လို့ သူ့ ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားတာကို တွေ့ရပါတယ်။

Advertisement

Cele Only ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် ကိုသန့်စင် ကိုကားရိုက်ဖို့ကမ်းလှမ်းလာကြသူတွေရှိကြပေမဲ့ အများပြည်သူစိတ်မချမ်းမြေ့ကြတဲ့အချိန်မှာ ဇာတ်ကားတွေ ရိုက်ကူးနိုင်တဲ့ စိတ်ခွန်အားမရှိဘူးလို့ သိရပါတယ်။ ကိုသန့်စင် ရေ မြန်မာပြည်ကြီးငြိမ်း ချမ်းတဲ့နေ့ရောက်တဲ့အခါ ချစ်တဲ့အနုပညာလုပ်ငန်းတွေကို ပျော်ပျော်ကြီးဆက်လက် လုပ်ကိုင်နိုင်ပါစေ၊ ဒီထက်မကပိုမိုအောင်မြင်ပါစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*