People Magazine အတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ မအေးသောင်း

People Magazine အတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ မအေးသောင်း

မအေးသောင်းကတော့ သူမရဲ့ မြန်မာဆန်ဆန် ဖက်ရှင်လေးတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီး လာခဲ့သူပါ ။ အေးဝတ်ရည်သောင်းဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေ လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာလောကေ န ခဏတာပျောက်ကွယ်ပြီး မအေးသောင်းဆိုပြီး တကျော့ပြန်လည် နာမည်ကြီးလာခဲ့တာပါ။ အခုဆိုရင်တော့ မအေးသောင်း တစ်ယောက် အမာခံပရိသတ်တွေနဲ့ အနုပညာလောကမှာ အခိုင်အမာ ပြန်လည်ရပ်တည်နေပါပြီ။ မကြာသေးခင်ကမှ  မုန်းစွဲ ရုပ်ရှင်ကားကြီးထဲက  ကြာဥ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု ရရှိထားပါတယ်။

မအေးသောင်းကတော့ လတ်တလောမှာ People Magazine အတွက် ဓါတ်ပုံအမိုက်စားတွေ ရိုက်ကူးပေးခဲ့ပါတယ်။ ပုံထဲမှာတော့ မြင်နေကျ ပုံစံနဲ့ မတူဘဲ တမူကွဲထွက်နေတဲ့ မအေးသောင်းကို တွေ့ရမှာပါ။

People December
Cover star-Ma Aye Thaung
Makeup&Hair-Nyi Nyi Maung
Dress-Sandar Aung
Photo-Aung Zaw (Love Space)
Retouch-Nyi Nyi Hla Baw
အောက်ကလင့်ခ်မှာ အချစ်ကြောင့် နုပျိုနေတဲ့ မအေးသောင်းအကြောင်း ဖတ်လို့ရပါတယ်နော်..။

Source: Moemoe Aung/ Aye Thaung’s fb

Comments are closed.