မင်းသမီးဖွေးဖွေးကားတိုက်ခံပြီး ခါးခွဲစိတ်ထားရ

မင်းသမီးဖွေးဖွေးကားတိုက်ခံပြီး ခါးခွဲစိတ်ထားရ

မြန်မာနိုင်ငံမင်းသမီးတွေထဲက ထိပ်တန်းမင်းသမီး တယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ဒီနေ့မှာပဲ ရုတ်တရတ် စိတ်မကောင်းစရာ သတင်းတခု တက်လာခဲ့ပါတယ်။ ဒါကတော့ အကယ်ဒမီဖွေးဖွေးအနေနဲ့ ကားတိုက်ခံရပြီး ခွဲစိတ်ကုသမှု ခံယူထားရတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဖွေးဖွေးရဲ့ ပရိသတ်တွေရော အနုပညာရှင်တွေမှာ ရုတ်တရတ် အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ ရုပ်ရှင်ထုတ်လုပ်သူ ပရိုဂျူဆာ တင်ထွန်းဝင်းက သူ့ရဲ့ အကောင့်မှာ တင်ထားတာ ဖြစ်ပြီး “ဖွေးဖွေးကားတိုက်ခံရ မနေ့ညက ခါးခွဲစိတ်ပြီး” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းကတော့ တင်ထားတာ နာရီပိုင်းပဲ ရှိသေးပြီး ပရိသတ်တွေကတော့ သိပ်ပြီးတော့ သတိမထားမိကြသေးပါဘူး။ ထို့နောက် ပရိုဂျူဆာ တင်ထွန်းဝင်းကတော့ “တော်သေးတယ်ခါးပတ်ပတ်ထားလို့ နို့မို့ဆို” ဆိုပြီး စာသားလေး ပြန်တင်ထားပါသေးတယ်။

ဒီလိုသတင်းကြောင့် ဖွေးဖွေးရဲ့ ပရိသတ်တွေကတော့ စိတ်ပူနေပြီး ဘာဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေတော့ များနေပါတယ်။ ဘယ်သူမှ တိတိကျကျ မသိသေးတဲ့ မင်းသမီး ဖွေးဖွေးရဲ့ သတင်းကိုတော့ ပရိသတ်အများအပြား စိတ်ဝင်းစားနေကြတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပေခ့်ျကလည်း မင်းသမီးဖွေးဖွေးကို ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

ဖွေးဖွေးကတော့ တကယ့်ကို အရည်ချင်းရှိတဲ့ မင်းသမီးတယောက်ဖြစ်သလို ပရိသတ်တွေ လက်ခံအားပေးတဲ့ ဇာတ်ကားတွေကိုပဲ အမြဲကြိုးစားရိုက်ကူးနေတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.