ဘဝမှာ တစ်ကြိမ်တော့ သင်တစ်ယောက်တည်း လုပ်ဖူးသင့်တဲ့အရာများ

ဘဝမှာ တစ်ကြိမ်တော့ သင်တစ်ယောက်တည်း လုပ်ဖူးသင့်တဲ့အရာများ

ကျွန်မတို့ဟာ အများအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ ဥပမာအားဖြင့် မိသားစု၊သူငယ်ချင်း၊အိမ်နီးချင်းတွေနဲ့ အချိန်ဖြုန်းလေ့ရှိပါတယ်။စားတဲ့အချိန်၊ဈေးဝယ်ထွက်တဲ့အချိန်၊ရုပ်ရှင်ကြည့်တဲ့အချိန် အစရှိသဖြင့် ကျွန်မတို့လုပ်တဲ့အရာတိုင်းမှာ သူတို့ကို ကျွန်မတို့ဘက်ကပဲရှိစေလိုသူတွေ ဖြစ်ကြပါတယ်။ဒါပေမယ့် ဘဝမှာ တစ်ခါတလေ တစ်ယောက်တည်းနေလိုတဲ့အချိန်တွေလည်း ရှိတတ်သလို ကိုယ်ပိုင်အချိန်ဆိုတာလည်းအရေးကြီးပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ သင်တစ်ယောက်တည်း ကြိုးစားဖူးသင့်တဲ့အရာများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ။

1.ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ခြင်း

သင်ဟာ အမြဲလိုလို သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ချစ်သူနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်သွားကြည့်လေ့ရှိသူဆိုရင်တော့ ဒီတစ်ခါ သင်တစ်ယောက်တည်းသွားကြည့်ဖို့ အချိန်ကျပါပြီ။သင်တစ်ယောက်တည်းသွားကြည့်ခြင်းအားဖြင့် dramaကားဆိုရင်လည်း သင်ပျစ်ပျစ်နှစ်နှစ်ခံစားပြီးလိုက်ငိုနေပါစေ သင့်ကိုစမယ့်သူတွေမရှိလို့ သင်ရှက်နေစရာမလိုသလို သင်စိတ်ခံစားမှုပြင်းထန်နေတဲ့အချိန်မျိုးမှာလည်း သင်တစ်ယောက်တည်းသွားကြည့်လိုက်ခြင်းအားဖြင့် စိတ်ထွက်ပေါက်တစ်ခုရနိုင်ပါတယ်။သေချာတာက တစ်ကြိမ်ပဲအရင်ကြိုစားကြည့်ပါ။သင်ဒီခံစားမှုကိုသဘောကျလို့ နောက်တစ်ကြိမ်ထပ်လုပ်ချင်မှာပါ။နောက် ရုပ်ရှင်သွားကြည့်ရင်လည်း Popcornဘူးအပြည့်နဲ့သောက်စရာတွေအပြည့်သာယူသွားပါ။သင့်ဆီကဘသူ့မှနိုက်မစားပဲ အေးဆေးအငြိမ့်သား ရုပ်ရှင်နဲ့အတူလိုက်ခံစားရင်း ဖီလင်တစ်ခုကိုရမှာအသေအချာပါ။

2.ပွဲသွားခြင်း

သူငယ်ချင်းတွေအုပ်လိုက်နဲ့ ပွဲတွေမှာကခုန်နေရတာ ပျော်စရာကောင်းတာတော့ အသေအချာပါ။ဒါပေမယ့် သင်တစ်ယောက်တည်းဆိုရင်ရော?သေချာတာက သင့်စိတ်ကိုလွတ်ပြီး သင်ကြိုက်သလိုခုန်ပေါက်၊အော်အော်၊ကက သင့်ဘေးကသူတွေဟာ သင့်ကိုမသိတာမို့ သင့်ရဲ့အပြုအမူတွေအပေါ်အာရုံလည်းရှိနေမှာမဟုတ်လို့ ထူးခြားတဲ့ပျော်ရွှင်မှုအပြည့်အဝကို သင်ခံစားရမှာပါ။

3.ဈေးဝယ်ထွက်ခြင်း

ဒီတစ်ခါမှာတော့ သင့်ရဲ့ကြာချိန်ကြောင့်၊သင့်ကိုစောင့်ရလွန်းလို့ ညော်မယ့်သူတွေ သင်အားနာရမယ့်သူတွေ ဘေးမှာမပါလာတာမို့ သင်နှစ်သက်သဘောကျတဲ့အဝတ်အစားတွေကို သင်မဝယ်သည့်တိုင် သင်တော်မတော်၊လိုက်မလိုက် စိတ်ကြိုက်စမ်းဝတ်ကြည့်နိုင်ပါတယ်။ဒီနေ့အတွက်အချိန်က သင့်လက်ထဲမှာပါ။သင်ပိုင်တာမို့ ဘသူ့ကိုမှဂရုစိုက်ငဲ့နေစရာမလိုပါဘူး။

4.သင်ကြိုက်တဲ့အစားအစာတွေကို တနေကုန်စားခြင်း

သင်ဟာ တစ်စုံတစ်ခုကို စားမယ်လို့လုပ်လိုက်တိုင်း ‘ဟေး နင်ဝလာမယ်နော်”ဒါတွေချည်းစားနေလို့ နင်ဝတာ’ဆိုပြီး ဘေးကနေတတွတ်တွတ်ပြောနေလို့ သင်စားဖို့လက်တွန့်သွားတဲ့ရက်တွေ၊ဘရိတ်အုပ်လိုက်ရတဲ့အခိုက်အတန့်တွေ ရှိဖူးသလား?ဒါပေမယ့် တစ်ခါတလေသင်စိတ်ညစ်နေတဲ့အခါမျိုး၊စိတ်ဓာတ်ကျနေတဲ့အခါမျိုးမှာတော့ လုပ်ချင်ရာကိုလျှောက်လုပ်နေမှာထက် သင့်ရဲ့ခံနိုင်ရည်အားနဲ့ကြံ့ခိုင်ဖို့အတွက် သင်စားချင်ရာကိုတဝကြီးစားပစ်လိုက်တာမျိုးက ပိုအကျိုးရှိဖြေသာစေတယ်လေ။ဒါဆိုရင်တော့ သင့်ကိုဘသူမှတားဆီးခွင့်မရှိနိင်အောင် ဥပမာ သင့်စိတ်ကြိုက်ပီဇာ5ဘူးပဲဖြစ်ဖြစ် အိမ်ကိုပါဆယ်ဆွဲရင်း(Deliveryနဲ့သော်လည်းကောင်း) စိတ်ကြိုက်မရပ်မနား အမုန်းဆွဲနိုင်ပါပြီ။

5.Selfieမျိုးစုံရိုက်ပါ။

ကျွန်မတို့ဟာ အများအားဖြင့် အဝတ်အစားသစ်တွေနဲ့လန်းနေတဲ့အခါမျိုး၊မိတ်ကပ်တွေမိုက်နေတာမျိုး၊သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါမျိုးမှာပဲ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ဒါပေမယ့် သူတစ်ပါးကိုမမျှဝေမယ့်၊publicပေါ်မတင်မယ့် poseမျိုးစုံနဲ့သော်လည်းကောင်း၊စုတ်တီးစုတ်ပြတ်ပုံစံတွေနဲ့သော်လည်းကောင်း သင်ရိုက်ဖူးသလား?ဒီလိုပုံတွေဟာ သင့်အတွက် အကောင်းဆုံးအမှတ်တရတွေဆိုတာရော သင်သိပါသလား?

Comments are closed.