မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ နိုင်ငံခြားသူတွေကြားမှာ ထင်ရှားနေတဲ့ ချစ်​သု​ဝေရဲ့ပွဲတက်ဖက်ရှင်

မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ နိုင်ငံခြားသူတွေကြားမှာ ထင်ရှားနေတဲ့ ချစ်​သု​ဝေရဲ့ပွဲတက်ဖက်ရှင်

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်သုဝေကတော့ အနုပညာပိုင်းမှာရော မိသားစုမှာပါ တာဝန်ကျေတဲ့ အမျိုးသမီးတစ်ဦးဖြစ်အောင် ကြိုးစားနေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်သုဝေက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ခမ်းခမ်းနားနားကျင်းပပြုလုပ်ခဲ့တဲ့ပွဲကို ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့ အလှဆုံးတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ နိုင်ငံတစ်ကာက တက်ရောက်ကြတဲ့ နိုင်ငံခြားသူလေးတွေကြားမှာတော့ ချစ်သုဝေက ထင်ထင်ရှားရှားနဲ့ တောက်ပနေခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ကျက်သရေရှိလှတဲ့ အလှတရားတွေကို ပြသခဲ့တဲ့ ချစ်သုဝေရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သုဝေကတော့ “East meets West!!! It’s an honor to attend and meet all the beautiful ladies inside out on international women’s day!! Special thanks to Ma phyu from parami maw& co. for lovely jewelry,,,Sruti Dalmia for lovely Myanmar dress which was made in 2days,,,& Mrs. Mae Marciel for letting me take pics in your residence which is flavored in Myanmar culture❤️…Of course I’ve got so much pleasure to be a part of this event.”

အဆိုပါပွဲကိုတော့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ ဧရီရယ်သုတတို့ကလည်း ချစ်သုဝေနဲ့အတူ တက်ရောက်ခဲ့ကြပါသေးတယ်။

လှလိုက်တာ ချစ်သုဝေရယ်…

တစ်မျိုးစီလှတဲ့ နိုင်ငံခြားသူလေးတွေနဲ့ ကျက်သရေရှိလွန်းလှတဲ့ မြန်မာမလေး ချစ်သုဝေ

ချစ်သုဝေကတော့ လတ်တလောမှာ ချစ်ပရိသတ်တွေရဲ့လက်ထဲကို “ကတိ” ဆိုတဲ့အခွေလေးကို ထည့်ပေးထားပါသေးတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကျက်သရေရှိလှတဲ့ အလှတရားတွေကို ပြသခဲ့တဲ့ ချစ်သုဝေလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.