အိမ်ထောင်သက်တမ်း (၄)လပြည့်မှာ ရွှေထူးကြွေသွားအောင် စကားလှလှလေးတွေနဲ့ ချွဲလိုက်တဲ့ ရွှေမှုံရတီ

အိမ်ထောင်သက်တမ်း (၄)လပြည့်မှာ ရွှေထူးကြွေသွားအောင် စကားလှလှလေးတွေနဲ့ ချွဲလိုက်တဲ့ ရွှေမှုံရတီ

ပရိသတ်အချစ်တော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်ရင်း သာယာလှပတဲ့ အိမ်ထောင်ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကျင်လည်တဲ့ နယ်ပယ်ချင်းမတူညီကြပေမယ့် အခုနောက်ပိုင်းမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလဲ ရွှေထူးနဲ့ ရွှေမှုံရတီကို တစ်ယောက်ချင်းဖြစ်စေ တွဲဖက်ပြီးပဲဖြစ်စေ အားပေးကြတာကို တွေ့ရပါတယ်။

နိုဝင်ဘာလ (၁၁) ရက်နေ့မှာ အကြင်လင်မယားအဖြစ် လက်ထပ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) လတိတိ ပြည့်သွားပြီပဲ ဖြစ်ပါတယ်။

အိမ်ထောင်သက်တမ်း (၄) လပြည့်မှာ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးကြွေဆင်းသွားအောင် စကားလုံးလှလှလေးတွေနဲ့ ချစ်စနိုးလေး ပြောထားတာကို တွေ့ရပါတယ်။

“ချစ်တယ် ယောကျာ်းရယ် ဘာလိုလိုနဲ့ မင်္ဂလာ သက်တမ်း ၄ လ ရှိပြီနော်။ ၄နှစ်လိုပါပဲ နားလည်မှုတွေ ပိုရှိလာတာ ချစ်လာတာတွေက❤️ နှစ်ယောက်တစ်ဘဝကိုပျော်ရွှင်ကျေနပ်မိပါတယ် 🙏🏻ဒီဘဝက ဘုရားပေးတဲ့ဆုတစ်ခုလို ပါပဲ 🎁🙏🏻11.11.18” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွှေထူးတစ်ယောက် မိန်းမဖြစ်သူရဲ့ အပြောလှလှလေးမှာ ကြွေဆင်းသွားမှာ အသေအချာပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံလဲ အိမ်ထောင်သက် လေးလပြည့်တဲ့ နေ့ကစပြီး နောက်နှစ်ပေါင်းများစွာတိုင် သာယာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.