Winner ဖြစ်ပြီး ၇လ အတွင်း ဖြိုးမြတ်အောင် နဲ့ သူ့ပရိသတ်မိသားစုများက သိန်း 15,752,500ကျပ်တိတိ လှူဒါန်းပြီး

Winner ဖြစ်ပြီး ၇လ အတွင်း ဖြိုးမြတ်အောင် နဲ့ သူ့ပရိသတ်မိသားစုများက သိန်း 15,752,500ကျပ်တိတိ လှူဒါန်းပြီး

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ပြိုင်းပွဲတစ်လျှောက်အသံပါဝါကောင်းကောင်း နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုကြောင့် ပရိသတ်တွေရော ဒိုင်တွေကပါ အမြဲချီးကျူးခံခဲ့ရသူပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ် ။ ခုတ်တလောမှာတော့ ဖြိုးမြတ်အောင်က သာသနဘောင်မှာ ရှင်သာမဏေ အဖြစ်ခံယူထားတာပဲဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် ရဲ့ we love မိသားစုများ စုပေါင်း လှူဒါန်း တဲ့ အလှူငွေစုစုပေါင်းကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

ဖြိုးမြတ်အောင် ရဲ့ we loveမိသားစု အဖွဲ့သားများက ဖြိုးမြတ်အောင် winner ဆုရပြီး ၇လ အကြာမှာ သိန်း 15,752,500ကျပ်တိတိကို လှူဒါန်းနိုင်ပြီ ဖြစ်ကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် ရဲ့ ဖေ့စ်ဘွတ် page မှာတော့ ” Winner ဖြစ်ပြီးတော့ (၇) လတာ ကာလအတွင်းမှာ ဖြိုးလေးနဲ့ပရိသတ်မိသားစုတွေရဲ့ စုပေါင်းလှူဒါန်းခဲ့မှုဟာ (15,752,500) ကျပ် ဖြစ်ပါတယ်။(11.3.17) ရက်နေ့အထိ မတည်ငွေစာရင်း လက်ကျန်ကတော့ (2,792,570) ကျပ်တိတိပါ။လောလောဆယ်ကတော့ ကိုးနဝင်းဘုရား ထီးတင်ပွဲအလှူရှိလို့ ကျန်တဲ့အလှူတွေကို ခဏ နားထားပါတယ်။မိသားစုတွေအနေနဲ့ နောင်လုပ်မယ့် ပရဟိတ အလှူအတန်းတွေအတွက် မတည်ငွေအဖြစ်လည်း ထည့်ဝင်ပေးချင်ရင်တော့ AYA bank account တခုတည်းကနေသာ လက်ခံပေးမှာပါ။ လှူတဲ့အခါကျရင်လည်း စာရင်း အတိအကျ ချပြပြီး လှူဒါန်းပေးသွားမှာပါ။” ဆိုပြီးပြောထားပါတယ်။

ဖြိုးမြတ်အောင် လှူဒါန်းတဲ့ အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

Myanmar Idol Winner ဆုရှင်ဖြိုးမြတ်အောင် နဲ့ we love တို့ ပူးပေါင်း လှူဒါန်းတဲ့ အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.