ဖွေးဖွေး ကားတိုက်ခံရတယ်ဆိုတာကို ပြန်ဖြေရှင်းတဲ့ ဖွေးဖွေး ရဲ့ ဖခင်

ဖွေးဖွေး ကားတိုက်ခံရတယ်ဆိုတာကို ပြန်ဖြေရှင်းတဲ့ ဖွေးဖွေး ရဲ့ ဖခင်

မနက်ကပဲ သတင်းတွေ ထွက်ပြီး လူပြောများနေခဲ့တဲ့ ဖွေးဖွေးရဲ့ကားတိုက်ခံရတဲ့ သတင်းက အမှန်မဟုတ်ကြောင်း ဖခင်ဖြစ်သူက ပြန်ပြီး ဖြေရှင်းလိုက်ပါပြီ။

“ကိုယ့်ထမင်းကိုယ်စားပြီးအတင်းပြောကြသူများနဲ့စိတ်ပူပေးကြသူများအတွက် အားလုံးကျမ်းကျမ်းမာမာ အေးအေးဆေးဆေးပါ။ မက်စင်ဂျာခဏနားထားပါတယ်ဗျ။ ဖြေရတာမောလွန်လွန်းလို့စ်” ဆိုပြီး ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူ ဦးကျော်ကျော်ဝင်းက သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ တင်ထားခဲ့ပါတယ်။

ဖွေးဖွေး ကားတိုက်ခံရတဲ့ သတင်းကိုတော့ ရုပ်ရှင်ထုတ်လုပ်သူ ပရိုဂျူဆာ တင်ထွန်းဝင်းက သူ့ရဲ့ အကောင့်မှာ တင်ထားတာ ဖြစ်ပြီး “ဖွေးဖွေးကားတိုက်ခံရ မနေ့ညက ခါးခွဲစိတ်ပြီး” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းကတော့ တင်ထားတာ နာရီပိုင်းပဲ ရှိသေးပြီး ပရိသတ်တွေကတော့ သိပ်ပြီးတော့ သတိမထားမိကြသေးပါဘူး။ ထို့နောက် ပရိုဂျူဆာ တင်ထွန်းဝင်းကတော့ “တော်သေးတယ်ခါးပတ်ပတ်ထားလို့ နို့မို့ဆို” ဆိုပြီး စာသားလေး ပြန်တင်ထားတာပဲ ဖြစ်ပါတယ်။

ကိုယ်ချစ်တဲ့ အနုပညာရှင်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာပဲမြင်ချင်ကြတာက ကပရိသတ်တိုင်းရဲ့ ဆန္ဒပါ။ ကားတိုက်ခံရတယ်ဆိုတဲ့ သတင်းက မဟုတ်ဘူးဆိုတော့ ဖွေးဖွေးကို ချစ်ပြီး စိတ်ပူနေကြတဲ့ ပရိသတ်တွေ အားလုံးပဲ စိတ်အေးလို့ရပါပြီနော်။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေတဲ့ ဖွေးဖွေးရဲ့ ပုံတွေကိုလည်း သူမရဲ့ဖခင်က မျှဝေထားပါသေးတယ်။

တကယ့်ကို အရည်ချင်းရှိတဲ့ မင်းသမီးတယောက်ဖြစ်သလို ပရိသတ်တွေ လက်ခံအားပေးတဲ့ ဇာတ်ကားတွေကိုပဲ အမြဲကြိုးစားရိုက်ကူးနေတဲ့ ဖွေးဖွေးရဲ့ ရုပ်ရှင်တွေလည်း ဒီနှစ်အကယ်ဒမီ စာရင်းများ အများကြီး ပါဝင်နေတာဆိုတော့ ဖွေးဖွေးကို အကယ်ဒမီ ရစေချင်ကြလားဆိုတာ ပြောခဲ့ပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.