ထောပတ်​သီး၏ အ​ထွေ​ထွေ အသုံးဝင်​ပုံများ

ထောပတ်​သီး၏ အ​ထွေ​ထွေ အသုံးဝင်​ပုံများ

လွန်ခဲ့သော နှစ်၂၀လောက်ကစပြီး ထောပတ်သီးဟာ အာဟာရအပြည့်ဝဆုံးသစ်သီးအဖြစ် ဂရင်းနစ်စံချိန် တင်ခဲ့ပါတယ်။ထောပတ်သီးဟာအစားအစာအဖြစ်သာမက ဘက်စုံအသုံးပြုနိုင်တဲ့အသီးဖြစ်တာမို့ သူ့ရဲ့ အထွေထွေ အသုံးဝင်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။

(၁)မုတ်ဆိတ်ရိတ်ခရင်မ်

စတိုးဆိုင်တွငိရောင်းချသောမုတ်ဆိတ်ရိတ်ခရင်မ်တွေမှာ chemicals များစွာပါဝင်ပါတယ်။ထောပတ်သီးကိုအသုံးပြုပြီး ကိုယ်တ်ုင်မုတ်ဆိတ်ရိတ်ခရင်မ်ပြုလုပ်နိုင်တယ်ဆို အံ့သြသွားမလား။ထောပတ်သီးမှာ ပါသော ဗီတာမင် အေနဲအီးက သင့်အရေပြားကို အားဖြည့်ပေးတဲ့အပြင် အစိုဓာတ်ကိုထိမ်းပေးပါလိမ့်မယ်။

ပြုလုပ်နည်း-ထောပတ်သီး အမှည့်တစ်လုံးကို အခွံ ခွာပြီး ထက်ခြမ်းခွဲပြီး အစေ့ကိုဖယ်လိုက်ပါ။ထို့နောက် ခပ်ပျစ်ပျစ်အနေအထားရသည်အထိ မွှေပေးပါ။မုတ်ဆိတ်မရိတ်ခင် ထိုထောပတ်သီးခရင်မ်ကိုလိမ်းပေးပါ။ ကျန်သောအနှစ်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းနိုင်ပါတယ်။

(၂) နှုတ်ခမ်းလိမ်းဆေး

ထောပတ်သီးတွင်ပါဝင်သော oleic acidက သင့်နှုတ်ခမ်းကို စိုပြေစေတဲ့အဖြင် ဖူးကြွလှပနေစေပါတယ်။ပြုလုပ်နည်း -ထောပတ်သီးတစိခြမ်းရဲ့အနှစ်ကို သံလွင်ဆီ၁ဇွန်းနဲ့ရောစပ်ပါ။ရလာသောအနှစ်ကို နှုတ်ခန်းပေါ်တွင်လိမ်းပြီး ၂၅မိနစ်ထားပေးပါ။ထို့နောက်ရေကြကိသီးနွေးဖြင့်ဆေးပါ။တစ်ပတ်ကိုနှစ်ကြိမ်ပြုလုပ်သင့်ပါတယ်။

(၃)မျက်နှာချေးချွတ်ဆေး

မျကိနှာအသားအရေ ကြည်လင်နုပျိုစေဖို့အတွက် ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါတယ်။ထောပတ်သီးတွင်ပါဝင်သော niacinနဲ့vitamin Eကြောင့် သင့်မျက်နှာပေါ်က ဆဲလ်သေများကိုထိရောက်စွာဖယ်ရှားပေးပါလိမ့်မယ်။

ပြုလုပ်နည်း -ထောပတ်သီး တစ်လုံးရဲ့အနှစ်၊ကွေကာအမှုန့် နှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကို ရောစပ်ပါ။ထို့နောက် မျက်နှာပေါ်တွင် လိမ်းကာစက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ဆယ်မိနစ်ခန့်ကြာတဲအခါ ရေနွေးနွေးဖြင့်ညပြန်လည်ဆေးကြောပါ။

(၄)အကြောပြတ်ရာပျောက်ဆေး

ပေါင်နဲ့ဝမ်းဗိုက်ပေါ်က ရုပ်ဆိုးသောအကြောပြတ်ရာများကို ထောပတ်သီး ဖြင့် ကုသနိုင်ပါတယ်။ဗီတာမင်စီနဲ့အီးပါဝင်မှုကြောင့် အကြောပြတ်ရာများကို မှိန်ဖျော့စေပါတယ်။

ပြုလုပ်နည်း – ထောပတ်သီးအမှည့်တစ်လုံးမှအနှစ်ကိုယူပြီး သံလွင်ဆီနှစ်ဇွန်းဖြင့်ရောစပ်ပါ။ထိုအရောအနှောကို အကြောပြတ်ရာပေါ်တွင်လိမ်းပြီး နှိပ်နယ်ပေးပါ။၃၅မိနစ်ခန့်ထားပြီး ရေနွေးဖြင့်ဆေးကြောပါယတစ်ပတ် သုံးကြိမ်ခန့်ပြုလုပ်သင့်တယ်နော်။

(၅)မျက်ကွင်းညိုခြင်းအတွက်

မျက်ကွင်းညိုခြင်းနဲ့မျက်လုံးအောက်က အိတ်များဖြစ်ပေါ်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါသေးတယ် ပြုလုပ်နည်း-ထောပတ်သီးတစ်ခြမ်းရဲ့ အနှစ်ကို သခွားသီး၎ကွငိးနဲ့ ရောပြီး ကြိတ်စက်ဖြငိ့ကြိတ်ပါ။ရသောအနှစ်ကို မျကိကွင်းပေါ်တံင်လိမ်းပြီး ၂၅မိနစ်ထားပေးပါ။မနက်မိုးလင်းတိုင်းပြုလူပ်နိုင်ပါတယ်။

(၆ )ဆံပင်ပေါင်းဆေး

ထောပတ်သီးက သင့်ဆံသားကိုတောက်ပစေတဲ့အပြင် ဆံလုံးကိုထူထဲစေပါတယ်။
ပြုလုပ်နည်း – ထောပတ်သီးအမှည်းတစ်လုံးမှအနှစ်ကိုယူပြီး ဆားတစ်ဇွန်းနဲ့ သံလွင်ဆီနှစ်ဇွန်းရောပါ။ထို့နောက်ဆံသားအရ်ကးကနေအဖျားထိသုတ်လိမ်းပြီး ဦးရေပြား ကိုနှိပ်နယ်ပေးပါ။၂၅မိနစ်ထားပြီးရေနွေးနွေးဖြင့်ပြန်လည်ဆေးပါ။တစ်ပတ်ကို၃ကြိမ်ပြုလုပ်သင့်ပါတယ်။

(၇) ခြေထောက်scrub

ခြေဖနောင့်ကွဲအက်သူများအတွက်ပြုလုပ်သင့်တဲ့ ထောပတ်သီးပေါင်းတင်နည်းကိုဖော်ပြပေးလိုက်ပါတယ်။ပြုလုပ်နည်း-သကြား၁ဇွန်း၊ဆား ၁ဇွန်း၊ထောပတ်သီးတစ်ခြမ်း အနှစ်ကို သံလွင်ဆီနှစ်စက်ရောပါ။ထို့နောက်ခြေဖနောင့်ပေါ်တွင်လိမ်းပြီးနှိပ်နယ်ပေးပါ။၁၅မိနစ်ကြာမှရေပြန်ဆေးပါ။တစ်ပတ်နှစ်ြုကိမ်ပြုလုပ်ပါ

(၈)မိတ်ကပ်ဖျက်ဆေး

ထောပတ်သီး အနှစ်ကို သံလွင်ဆီနဲ့ရောပြီးမိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ပါသေးတယ် ။အသားခြောက်သူများအတွက်ပိုမို့ သင့်တော်ပါတယ်။

(၉)ထောပတ်သီးအစေ့ရေနွေးကြမ်း

ထောပတ်သီး၏ အစေ့မှာလဲ အသားကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ်။ကျန်းမာရေးအတွက်သောက်သုံးသင့်ပါတယ်။ အစေ့ကိုပထမဦးစွာ နူးအောင်လုပ်ဖို့အတွက် ရေတစ်ဖန်ခွက်ထဲတွင် ထည့်ကာ၁ညထားပါ။နောက်တနေ့မနက်တွင် ထိုအစေ့ကို ထုချေပေးပါ။ထိုအစေ့များကို ရေနွေးပူပူထဲတွင်ထညိ့စိမ်ကာသောက်သုံးနိုင်ပါတယ်။

Comments are closed.