သာမညဆရာတော်ဘုရားကြီးချီးမြှင့်သော၇ ရက်အဓိဋ္ဌာန် လာဘ်ရွှင်ပုတီးစိပ်နည်း

သာမညဆရာတော်ဘုရားကြီးချီးမြှင့်သော၇ ရက်အဓိဋ္ဌာန် လာဘ်ရွှင်ပုတီးစိပ်နည်း

သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော လာဘ်ရွှင်စေရန် ပုတီးစိပ်နည်းလေးကို ပြန်လည်မျှဝေပါတယ်။သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော မုဆိုးရွှေအိုးရကိန်း အချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

  • (1)- တနင်္ဂနွေနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း
  • (2)- တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း
  • (3)- အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃၇မိနစ်မှ ညနေ ၆နာရီအတွင်း
  • (4)- ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း
  • (5)- ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁၀နာရီ ၄၈မိနစ်အတွင်း
  • (6)- သောကြာနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း
  • (7)- စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်းစိပ်ရမည့် ဂါထာ

ဉုံ အရဟံ လာဘံ သိဒ္ဓိ

ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း ( ၁၀၈ )လုံး ပုတီးဖြင့် ၃ပတ်စိပ်ပါ။ ခုနှစ်ရက်ပြည့်အောင် စိပ်ပါ။ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။ အလုပ်အကိုင် အဆင်ပြေစေသည်။ဈေးရောင်းဈေးဝယ်၍ ကောင်းစေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။မိမိအလိုရှိရာ ဆုတောင်း၍ ပုတီးစိပ်နိုင်ပါသည်

စာကြွင်း – ရွှေဖယောင်းတိုင်, ရွှေအမွှေးတိုင်နဲ့ပူဇော်ပြီးပုတီးစိပ်ပါက ပိုပြီးဓာတ်မိပါတယ်, မြန်ရင်၃ ရက်လောက်နဲ့စပြီးထူးခြားပါတယ်။ ဆရာတချို့ကတော့ ပုတီးခေါင်းကိုရွှေပြား၁ချပ်ကပ်ပြီးစိတ်ကြပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.