မြန်မာနိုင်ငံဆိုင်ရာ ငွေပေးချေမှု VISA ရဲ့ Brand Ambassador အဖြစ် စိုင်းစိုင်းခမ်းလှိုင် အား ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ငွေပေးချေမှု VISA ရဲ့ Brand Ambassador အဖြစ် စိုင်းစိုင်းခမ်းလှိုင် အား ခန့်အပ်

ကမ္ဘာတစ်ဝှမ်းအသုံးပြုနေကြသည့် VISA ဒီဂျစ်တယ်ငွေပေးချေမှု VISA Myanmar ၏ Brand Ambassador ခန့်အပ်ပွဲနဲ့ Contactless ကတ် မိတ်ဆက်ပွဲ အခမ်းနားကို မတ်လ ၁၂ ရက်နေ့တွင် ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စာနယ်ဇင်းမီဒီယားများ တက်ရောက်သတင်းရယူခဲ့ကြသည်။

“ကမ္ဘာ့ငွေပေးချေမှုမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ကိုင်ရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ဂီတနဲ့ ပက်သက်ပြီး ကျွန်တော်လုပ်ချင်တဲ့ ဆန်းသစ်မှုတွေကို VISA နဲ့ လက်တွဲပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ VISA ကိုစားပြု သံတမန်အဖြစ် ဆောင်ရွက်သွားမယ့် “စိုင်းစိုင်းခမ်းလှိုင်” က ပြောကြားခဲ့ပါတယ်။

VISA ရဲ့ Contactless ကတ် သုံးပြီး ငွေပေးချေသူတွေအတွက် လစဉ်ကံစမ်းမဲတွေ ဖောက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ Contactless ကတ် ကမ်ပိန်းကို ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ထိ သတ်မှတ်ထားပြီး ကတ်ကိုင်ဆောင်သူတိုင်း အထူးဆုကြီးဖြစ်တဲ့ “Suzuki Swift” ကားသစ်ကြီးကို ကံထူးဖို့ အခွင့်အရေးရှိကြောင်း သိရှိရပါတယ်။

လာမည့် မတ်လ ၁၈ ရက်နေ့မှာ VISA ရဲ့ သံတမန် စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့မွေးနေ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမယ်လို့လည်း အသိပေးပြောကြားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.