မင်းကွန်းအထိသွားရောက်ပြီး ကထိန်ခင်းအလှူပြုခဲ့ကြတဲ့ ချစ်သုဝေတို့မိသားစုလေး

မင်းကွန်းအထိသွားရောက်ပြီး ကထိန်ခင်းအလှူပြုခဲ့ကြတဲ့ ချစ်သုဝေတို့မိသားစုလေး

အမြွှာသမီးချောလေးနှစ်ယောက်နဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူတွေကတော့လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။အနုပညာရှင်နဲ့ပရိသတ်တွေအားလုံးကအားကျချစ်ခင်ရတဲ့သူတို့မိသားစုလေးကအမြဲကိုကြည်နူးပျော်ရွှင်မှုတွေနဲ့ပြည့်နေတာလည်းဖြစ်ပါတယ်။ဖေဖေနဲ့မေမေတို့ကအောင်မြင်တဲ့အနုပညာရှင်တွေဖြစ်သလိုခေတ်နဲ့သစ်တို့ညီအစ်မကလည်းအခုကတည်းကCeleလေးတွေဖြစ်နေကြတာပဲဖြစ်ပါတယ်၊၊

လတ်တလောမှာတော့သူမတို့မိသားစုလေးကမင်းကွန်းကိုသွားရောက်ပြီးကထိန်ခင်းအလှူပြုခဲ့ကြတာတွေ့ရပါတယ်။ဝါလကင်းလွတ်သီတင်းကျွတ်ပြီးရောက်ရှိလာတဲ့အခုလိုကထိန်ရာသီအချိန်အခါမှာသူတို့မိသားစုလေးကချစ်ရတဲ့မိတ်ဆွေတွေနဲ့အတူ မွန်မြတ်တဲ့ကထိန်အလှူကိုပြုခဲ့ကြတာဖြစ်ပါတယ်။ရန်ကုန်ကနေမင်းကွန်းအထိသွားရောက်ပြီးလှူဒါန်းကုသိုလ်ပြုခဲ့ကြတဲ့သူတို့မိသားစုလေးကတကယ့်ကိုမွန်မြတ်တဲ့စိတ်ထားရှိသူတွေပဲဖြစ်ကြပါတယ်။

ချစ်သုဝေတို့ဇနီးမောင်နှံတင်မကသမီးချောလေးတွေကပါဖေဖေ၊မေမေတို့နဲ့အတူလိုက်ကာပါဝင်ကုသိုလ်ယူခဲ့ကြတာဖြစ်ပါတယ်။မိတ်ဆွေ၊အပေါင်းအသင်းတွေနဲ့အောင်မြင်စွာအလှူပြုနိုင်ခဲ့တဲ့သူတို့ကတကယ့်ကိုကြည်နူးပီတတွေဝေဖြာနေကြတာတွေ့ရပါတယ်။ဒါ့အပြင်ခေတ်လေးနဲ့သစ်လေးတို့ကလည်းမြန်မာဝတ်စုံလေးတွေနဲ့အရမ်းကိုချစ်စရာကောင်းနေကြပြန်ပါသေးတယ်။ကဲချစ်ပရိသတ်တွေအတွက်လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးရဲ့အလှူပြုပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

CRD-myanmarload

Comments are closed.