အ၀လွန်သူများ လေဖြတ်အန္တရာယ် ကာကွယ်ရန် သံလွင်ဆီ ပုံမှန်စားသုံးပါ

အ၀လွန်သူများ လေဖြတ်အန္တရာယ် ကာကွယ်ရန် သံလွင်ဆီ ပုံမှန်စားသုံးပါ

အဝလွန်သူများအနေဖြင့် နှလုံးကျန်းမာရေးကောင်းစေရန် ပုံမှန်စားသုံးသော အစားအစာတွင် သံလွင်ဆီထည့်၍ စားသုံးသင့် ကြောင်း လေ့လာမှုတစ်ရပ်က အကြံပြုထားသည်။

ကျန်းမာသော်လည်း အဝလွန်ဖြစ်နေသူများအနေဖြင့် အနည်း ဆုံး တစ်ပတ်တစ်ကြိမ် သံလွင်ဆီစားသုံးပေးပါက သွေးခဲများဖြစ်နိုင်သည့်အန္တရာယ်လျော့ပါးပြီး နှလုံးထိခိုက်ခြင်း (သို့မဟုတ်) လေ ဖြတ်နိုင်သည့်အန္တရာယ်များ လျော့ကျစေကြောင်း နယူးယောက်စီးတီးရှိ ဆေးဘက်ဆိုင်ရာစင်တာမှ သုတေသီများ လေ့လာတွေ့ရှိ သည်။

သံလွင်ဆီသည် အာဟာရဓာတ်များအပြင် သွေးခဲခြင်းကိုတားဆီးနိုင်သော အစွမ်းသတ္တိများပါဝင်သဖြင့် သွေးလည်ပတ်မှုအားကောင်းစေသည်။မြေထဲပင်လယ်ဒေသ အစားအစာများတွင် သံလွင်ဆီပါဝင်ပြီး ယင်းအစားအစာများက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကြောင်း အခြားလေ့လာမှုများကလည်း ဖော်ပြသည်။

ခန္ဓာကိုယ်ညွှန်းကိန်းမြင့်မားသော အဝလွန်သူများသည် နှလုံး ကို အထူးဂရုစိုက်ရန်လိုပြီး အစားအစာကိုလည်း ကျန်းမာရေးနှင့်အညီ စားသောက်ရန်လိုသည်။ ထို့အပြင် ကျန်းမာရေးနှင့်ညီသော နေထိုင်မှုပုံစံများရှိရန် အရေးကြီးသည်။

သံလွင်ဆီကို ပုံမှန်စားသုံးပေးသူများတွင် သွေးပြစ်ခဲမှုနည်း ပါးသဖြင့် သွေးခဲများဖြစ်နိုင်သည့် အန္တရာယ်လျော့နည်းသည်။ တိရစ္ဆာန်မှရသော အဆီများ (သို့မဟုတ်) ကာဗိုဟိုက်ဒရိတ်တို့အ စား သံလွင်ဆီကို အစားထိုးသုံးစွဲသင့်သည်။

အပင်ကိုအခြေခံသော အစားအစာများ၊ အဆီများ စားပေးခြင်းအပြင် သစ်သီးများ၊ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများစားပေးရန် အရေးကြီးသည်။

ထို့အပြင် အဝလွန်သူများသည် ဆေးလိပ်နှင့်အရက် ရှောင် ရန် လိုအပ်သည်။ ကျန်းမာရေးနှင့်မညီသော နေထိုင်စားသောက်ပုံ များကြောင့် အဝလွန်ဖြစ်လာနိုင်ပြီး အဝလွန်ဖြစ်လာသူများအနေ ဖြင့် ကျန်းမာရေးဆိုးကျိုးများနှင့် ကြုံတွေ့နိုင်သည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

—Ref: UPI

Comments are closed.