အမှတ်တရလက်ဆောင် ပေးဖို့ တောင်းဆိုလာတဲ့ ပရိသတ်ကို…အံ့အားသင့်ဖွယ် အမှတ်တရပစ္စည်းတွေ ပေးလိုက်တဲ့ မော်ဒယ်မလေး

အမှတ်တရလက်ဆောင် ပေးဖို့ တောင်းဆိုလာတဲ့ ပရိသတ်ကို…အံ့အားသင့်ဖွယ် အမှတ်တရပစ္စည်းတွေ ပေးလိုက်တဲ့ မော်ဒယ်မလေး

လောကကြီးမှာ ကိုယ် မသိဖူး မမြင်ဖူးတာနဲ့ တကယ် မရှိဘူးလို့ ပြောလို့ မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ယနေ့ခေတ်မှာ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ ၊ ထူးထူးဆန်းဆန်း အကြောင်းအရာတွေ လုပ်ပြီး

လူအများရဲ့ စိတ်ဝင်စားမှုကို ရယူနေမှုက အရမ်းကို ခေတ်စားပေါများလာနေပါတယ်။ ဒီ့အတွက် သူများ မလုပ်တာတွေ လုပ်ပြကြ၊ သူများထက် ထူးဖို့ အဓိကဆိုပြီး လုပ်ကြတာမို့ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးဆိုတာတွေလည်း တကယ်ကို ရှိလာနေပါပြီ။

ဒီလို ဖြစ်ရပ်တွေထဲက လူတိုင်းအံ့သြမင်သက် သွားခဲ့ရတဲ့ နာမည်ကျော် ဖြစ်ရပ်တစ်ခုကို ဖော်ပြပေးရမယ်ဆိုရင်တော့. . . . .တရုတ်နိုင်ငံမှ မော်ဒယ်တစ်ဦးဖြစ်သူ ဟွမ်ဒေါင်းဟာ နာမည်အရမ်းကျော်ကြားသူ မဟုတ်သော်လည်း လူသိများတဲ့ သူတစ်ယောက်ပါ။

အလွယ်ပြောရမယ်ဆိုရင် အရမ်းကြီး အောင်မြင်နေတဲ့ မော်ဒယ်တစ်ယောက် မဟုတ်သော်လည်း သူမမှာလည်း သူမ ပရိသတ် /သူမရဲ့ ဖန်တွေလည်း မနည်းမနောပေါ့။ ဟွမ်ဒေါင်း ရေးသားထုတ်ဝေတဲ့ ဓါတ်ပုံစာအုပ် မိတ်ဆက်ပွဲမှာ လာရောက်အားပေးခဲ့သူ (သူမရဲ့ပရိသတ်တစ်ဦး)မှ သူမဆီကနေ အမှတ်တရတစ်ခုခု လက်ဆောင် အဖြစ်လိုချင်ကြောင်း တောင်းခဲ့ရာမှာ

သူမက လူတိုင်းမထင်မှတ်ထားတဲ အပြုအမူ၊ လူတိုင်း တွေးထင်မထားတဲ့ လက်ဆောင်ကို လူအများရဲ့ရှေ့မှာပဲ အံ့အားသင့်ဖွယ် ပေးလိုက်ပါတော့တယ်။ အာ့ဒီလက်ဆောင်ကတော့ သူမဝတ်လာသော အတွင်းခံများအားလုံးကို ပရိသတ်များစွာရဲ့ရှေ့၊ စတိတ်စင်ပေါ်မှာတင် ချွတ်ချပေးခဲ့တာပဲဖြစ်ပြီး လူအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

ဘယ်သူကမှ ဒီလိုလက်ဆောင်မျိုး ပေးလိမ့်မယ်လို့ မထင်ထားကြသလို. . .လက်ဆောင်ရရှိတဲ့သူကလည်း ခုလိုမျိုးထိတော့ ရမယ်လို့ ထင်မှတ်ထားမှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ထိုသူကတော့ ဟွမ်ဒေါင်း ချွတ်ပေးတဲ့ အတွင်းခံတွေကို တယုတယ အမှတ်တရအဖြစ် တကယ်ကို ရယူသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဒီလုပ်ရပ်ကို စပရိုက်စ် တစ်ခုအနေနဲ့ အံ့အားတသင့်ဖြစ်ပြီး သြဘာပေးခဲ့ကြသူတွေရှိသလို ဝေဖန်ပြစ်တင်ရှုံ့ချခဲ့သူတွေလည်း များပြားခဲ့ပါတယ်။

တကယ်တမ်းတော့ ဒီမော်ဒယ်မလေး ဟွမ်ဒေါင်းဟာလည်း ပေါ့သေးသေးတော့ မဟုတ်ပါဘူး။နာမည်ကြီးတရုတ်မင်းသား အယ်ဒီဆင်ရဲ့ ချစ်သူဟောင်းလည်းဖြစ်ပြီး ဆက်စီမော်ဒယ် ဖြစ်ချင်ပေမယ့် အောင်မြင်မှုမရခဲ့သူတစ်ဦးဖြစ်ပါတယ်တဲ့. . . .။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.