ဘဝမှာ ဆင်းရဲမှာကို မကြောက်ဘူး အလုပ်မရှိမှာပဲကြောက်တယ်ဆိုတဲ့ နေခြည်ဦး

ဘဝမှာ ဆင်းရဲမှာကို မကြောက်ဘူး အလုပ်မရှိမှာပဲကြောက်တယ်ဆိုတဲ့ နေခြည်ဦး

ပရိသတ်​​တွေကို ​အမြဲလိုလို အလှအပနဲ့ပတ်​သတ်​တဲ့ အ​ကြောင်းအရာ​တွေကို ​ဝေမျှ​ပေး​လေ့ရှိတဲ့ Beauty Blogger မ​လေး ​နေခြည်​ဦးက​တော့သူမရဲ့ပွင့်​လင်းတဲ့ချစ်​စရာစိတ်​ထား​လေး​ကြောင့်​ သူမကိုချစ်​တဲ့ပရိသတ်​​တွေ တစ်​​နေ့တစ်​ခြား ပိုပိုပြီးများလာတာပါ။ အလုပ်အရမ်းကြိုးစားသူလေးလို့ ပရိသတ်တွေသိထားကြတဲ့ နေခြည်ဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေနဲ့ သူမရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အလုပ်ကြိုးစားသူလေး ချီချီက သူမအနေနဲ့ “ဘဝမှာ အကြောက်ဆုံးက ဆင်းရဲမှာ မဟုတ်ဘူး။အလုပ် မရှိမှာ။” ဆိုပြီး ပြောထားပါတယ်။

နေခြည်ဦးက ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာသူတစ်ဦးဖြစ်ပေမယ့် သူမရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ကြိုးစားရပ်တည်နေရင်း အောင်မြင်မှုတွေ ရရှိလာသူတစ်ဦးဖြစ်ပါတယ်။

နေခြည်ဦးက လက်ရှိမှာ Beautybynaychi Co.,Ltd ကြီးအတွက် အချိန်ပေး ကြိုးစားရုန်းကန်နေတာပဲ ဖြစ်ပါတယ်။

ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို မလျှော့ပဲ ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် မြင့်မားတဲ့ စိတ်ဓာတ်ပိုင်ရှင်လေး နေခြည်ဦးကတော့ ဒီထက်မက အောင်မြင်မှုတွေ ရရှိဦးမှာ အသေအချာပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.