ကြည့်ရှု့သူ နှစ်သန်းနီးပါးရှိသွားတဲ့ ဇေရဲထက်နဲ့ဧငြိမ်းဖြူရဲ့MTV

ကြည့်ရှု့သူ နှစ်သန်းနီးပါးရှိသွားတဲ့ ဇေရဲထက်နဲ့ဧငြိမ်းဖြူရဲ့MTV

ဇေရဲထက်ဟာ အခုနောက်ပိုင်းမှာ တစ်နိုင်ငံလုံးရဲ့ အချစ်တွေကိုအပိုင်သိမ်းထားတဲ့ နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်သလို ဧငြိမ်းဖြူကတော့ တက်သစ်စ သရုပ်ဆောင်၊ Dancer တစ်ဦးဖြစ်ပါတယ်။ အခုတလော facebook မှာ ခေတ်စားနေတာကတော့ ဧငြိမ်းဖြူနဲ့ ဇေရဲထက်သရုပ်ဆောင်ထားတဲ့ MTV တစ်ပုဒ်ဖြစ်ပြီး သီချင်းနာမည်က “ဘာဖြစ်ဖြစ်ချစ်မယ်”လို့ အမည်ရပါတယ်။ အဲဒီသီချင်းကို ဟဲလေးကရေးပေးထားပြီး သီဆိုသူက တက်သစ်စအဆိုတော်လေး CHO T ပါ။

သီချင်းရဲ့အဓိပ္ပါယ်ကတော့ Sugar Daddy ကို သူ့ကောင်မလေးက ပိုက်ဆံသာရှိရင် ဘာပဲဖြစ်ဖြစ်ချစ်နေမှာလို့ ပြောထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဇေရဲထက်က မျက်မှန်နဲ့ နှုတ်ခမ်းမွှေးစစနဲ့ တကယ့် Sugar Daddy မျိုးသရုပ်ဆောင်ထားတာပီပြင်သလို ဧငြိမ်းဖြူကလည်း ငွေမက်ပြီး ငွေသာရှိရင် ဘယ်လိုနေနေချစ်မယ်ဆိုတဲ့ ငွေနောက်လိုက်တဲ့ ခပ်ပေါ့ပေါ့ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာ တကယ်ဖြစ်နေတဲ့အတိုင်းပဲ တော်တော်လေးပီပြင်တယ်လို့ ပရိသတ်တွေက ချီးကျူးတာခံနေရတာလည်းဖြစ်ပါတယ်။

သီချင်းကလည်း “နဖူးပြောင်လည်းချစ်မယ်၊ ဗလမရှိလည်းချစ်မယ်၊ အသက်မတူလည်းချစ်မယ်၊ အလုပ်တွေအမြဲကောင်းရင် ရိုးမြေကျပေါင်းမယ်၊အပြုသဘောနဲ့တစ်ခုတော့ပြောမယ် အမေကြိုက်ဖို့အရေးကြီးဆုံးပဲ၊ဘာဖြစ်ဖြစ်တို့ကဖြစ်တယ်”ဆိုတဲ့စာသားလေးတွေနဲ့ မိဘအလိုကျ ပိုက်ဆံရှာပေးမယ့် အလိမ္မာတုံးသမီးချောလေးက ပြောလေဟန်ရေးဖွဲ့ထားတာလည်းဖြစ်ပါတယ်။ ဇေရဲထက်နဲ့ ဧငြိမ်းဖြူတို့ရဲ့ ချစ်ဖို့ကောင်းပြီး သွက်လက်တဲ့သရုပ်ဆောင်ဟန်လေးတွေကြောင့်လည်း ဒီ MTV လေးဟာ လူကြိုက်များခဲ့ပြီး တစ်ပတ်မပြည့်ခင်မှာကို ကြည့်ရှု့သူ နှစ်သန်းနီးပါးရှိနေခဲ့တာကို အံ့သြဖွယ်တွေ့ရပါတယ်။ ဇေရဲထက်နဲ့ ဧငြိမ်းဖြူတို့ရဲ့ “ဘာဖြစ်ဖြစ်ချစ်မယ်”MTV လေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီ video လေးကို နှစ်သက်ကြလား။ ဇေရဲထက်နဲ့ ဧငြိမ်းဖြူကိုရော သဘောကျကြလား။ သူတို့နှစ်ယောက်လက်တွဲပြီးနောက်ထပ်ရုပ်ရှင်တွေရိုက်စေချင်ကြလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.