အဖော်အချွတ်ဝတ်တဲ့မိန်းကလေးတွေက ရွံစရာကောင်းတယ်ဆိုတဲ့ ဒေါ်နွဲ့နွဲ့စန်း

အဖော်အချွတ်ဝတ်တဲ့မိန်းကလေးတွေက ရွံစရာကောင်းတယ်ဆိုတဲ့ ဒေါ်နွဲ့နွဲ့စန်း

မြန်မာရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး နွဲ့နွဲ့စန်းကတော့ ခေတ်အရ မိန်းကလေးတွေ ဟိုပေါ်ဒီပေါ်ဝတ်တဲ့အပေါ်မှာတော့ ဝေဖန်လိုက်ပါတယ်။ ဟိုးအရင်ကတည်းက မြန်မာရုပ်ရှင်လောကမှာ လူကြိုက်များပြီး ပရိသတ်အခိုင်အမာ ရှိထားတဲ့ မင်းသမီးကြီး နွဲ့နွဲ့စန်းကတော့ အဖော်ချွတ်ဝတ်တဲ့ မိန်းကလေးတွေကို ဒဲ့ပြောလိုက်တာ ဖြစ်ပါတယ်။

Myanmarload Tv နဲ့ အင်တာဗျူးမှာတော့ ဝါရင့်သရုပ်ဆောင် နွဲ့နွဲ့စန်းကတော့ အခုချိန်ထိ နာမည် တလုံးကို ထိန်းထားနိုင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “အဲ့ဒါကတော့ အားလုံးကို သုံးသပ်ရတယ်လေ။ အရွယ်အလိုက်နေခဲ့တာနဲ့ ဘာသာတရားလည်း ပါတာပေါ့။ အားလုံးကလည်း ကြိုးစားအားထုတ်မှုပါပဲ။ ကိုယ့်အလုပ်ကို ကြိုးစားအားထုတ်မှု မရှိရင် ခဏလေးပါပဲ။ ပေါ်ပင်ဖြစ်သွားမှာပေါ့။ အခုချိန်ထိလည်း အမေတို့ပါတဲ့ကားကို သတိထားတုန်းပဲ ကြိုးစားနေတုန်းပါပဲ.။ အဲ့လိုကြိုးစားမှုကြောင့်လည်း ကနေ့အချိန်ထိ ခံနေတာပါ”

မိန်းကလေးတွေ ဟိုပေါ်ဒီပေါ်ဝတ်လာတာနဲ့ ပတ်သက်ပြီး “ခေတ်ကိုက အဲ့သလိုဖြစ်လာတာလေ။ ခေတ်ကိုက ပျက်လာတာလေ။ ခုနေခါတော့ ဖော်နိုင်မှ ချွတ်နိုင်မှ တော်ကာကျမယ်လို့ ထင်ထားကြတာ။ အဲ့ဖော်တာချွတ်တာက ရေရှည်မှာကြည့်မယ်ဆိုရင် မြန်မာအမျိုးသမီးတယောက်အနေနဲ့ကတော့ ရွံစရာကောင်းပါတယ်။ အဲ့ဒါကတော့ အမှန်ပါပဲ။ အမေက ဒါ ရိုင်းရိုင်းပြောတာ။ မြန်မာဆိုတာကို မမေ့နဲ့လေ။

ခေတ်ဆန်ပါ ခေတ်ရှေ့တော့ မပြေးပါနဲ့။ ကျော်လွှားပြေးနေတော့ တခါတလေများဆိုရင်ဘာမှတောင် မပါတော့ဘူး။ မိန်းမဆိုတာက ရှက်တတ်မှကြောက်တတ်တာ။ မြန်မာပြည်က အရင်ကဆို ဒီလိုမျိုး မိန်းကလေးတွေ ရှက်ကြောက်ပြီး အိနြေ္ဒရှိလို့ နာမည်ကြီးတာ။ ခုကတော့ ဘယ်လိုတောင် ပြောရမလဲ မသိပါဘူး။ ခေတ်ကြီးကိုက ယောကျာ်းလေးတွေက အရက် တခွက်သောက် မိန်းကလေးတွေက အရက်၅ ခွက်လောက် တွယ်နေပြီ။ အဲ့သလိုခေတ်ရောက်သွားပြီ”

အခုထိနုပျိုနေတဲ့  အကြောင်းနဲ့ ပတ်သက်ပြီး “ဒါကတော့ မင်းသမီးလည်း ဖြစ်လို့။ မင်းသမီးဆိုတာ လှလှပပ ပြင်ပြင်ဆင်ဆင် နေတတ်တယ်လေ။ ဘာသာတရားနဲ့လည်း ဆိုင်ပါတယ်။ ပြီးတော့ စိတ်ကောင်းရှိဖို့လည်း လိုအပ်ပါတယ်။ လိုလည်း ဒီမျက်နှာမလိုလည်း ဒီမျက်နှာပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ အမေလုပ်နိုင်တာလည်း အမေ့ကို ပရိသတ်တွေက ချစ်လို့ပါ” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.