ကလေးအယောက်(၈၀၀)ကို နေ့လယ်စာကျွေးတဲ့ ကုသိုလ်နဲ့ မွေးနေ့အကြိုမှာ Suprise လုပ်ခံလိုက်ရတဲ့ မင်းသမီး ခိုင်နှင်းဝေ (Video ကြည့်ရန်)

ကလေးအယောက်(၈၀၀)ကို နေ့လယ်စာကျွေးတဲ့ ကုသိုလ်နဲ့ မွေးနေ့အကြိုမှာ Suprise လုပ်ခံလိုက်ရတဲ့ မင်းသမီး ခိုင်နှင်းဝေ (Video ကြည့်ရန်)

ကလေးအယောက်(၈၀၀)ကို နေ့လယ်စာကျွေးတဲ့ ကုသိုလ်နဲ့ မွေးနေ့အကြိုမှာ Suprise လုပ်ခံလိုက်ရတဲ့ မင်းသမီး ခိုင်နှင်းဝေ 1 ပရဟိတမင်းသမီးလို့ အများက ချီးမွမ်းခေါ်ဆိုခြင်းခံရတဲ့ မင်းသမီး ခိုင်နှင်းဝေက တော့ သူမ ဖြတ်သန်းလာခဲ့တဲ့ (၁၀) နှစ်ကျော် အနုပညာအလုပ်တွေထက် လက်ရှိမှာ ပြည်သူလူထုကို အကျိုးပြုမဲ့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတာပါ။ ပရဟိတနဲ့ ကယ်ဆယ်ရေးအလုပ်တွေ ကို လုပ်ဆောင်နေရရင်ကို အလိုလိုနေရင်း စိတ်ကျေနပ်နေသူ သူမကတော့ နိုင်ငံက ချီးမြင့်ထားတဲ့ လူထုအကျိုးပြု ဆုတံဆိပ်တွေပါ ရရှိထားသူဖြစ်ပါတယ်။

လာမဲ့ မတ်လ(၁၄) ရက်နေ့မှာ သူမအသက်(၃၈) နှစ်ပြည့်ဖို့ ကျရောက်လာပြီဖြစ်ပြီး အမြဲတမ်း ကောင်းမှုကုသိုလ်တွေ မွေ့ လျော်တတ်သူ မင်းသမီးခိုင်နှင်းဝေ အတွက် သူမရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ၊ ညီအမတွေလို ချစ်ခင်ရတဲ့ မမခင်ဥမ္မာအေး (နာယက)နှင့် သူမရဲ့ အသင်းသားများ က မွေးနေ့အတွက် အကြို မွေးနေ့ Birthday Surprise လေးပြုလုပ်ပေးခဲ့ပါတယ်။

သာမန်မွေးနေ့တွေထက် တကယ့်ကို ထူးခြားတဲ့ ဒီမွေးနေ့Birthday Surprise လေးကတော့ တွံတေးမြို့ မင်္ဂလာပရဟိတကျောင်းမှာ ကလေးအယောက် (၈၀၀) အားနေ့လည်စာကျွေးမွေး၍ ကလေးများနှင့်အတူ မွေးနေ့ပွဲကို ခိုင်နှင်းဝေ မသိအောင် ကြိုတင်စီစဉ်ပေးထားခဲ့တာဖြစ်ပါတယ်။ အရမ်းကို ရိုးရှင်းပြီး မွန်မြတ်လွန်းလှတဲ့ သူမရဲ့ မွေးနေ့အကြိုလေးဟာ အရမ်းကို ထူးခြားခဲ့ရသလို မြင်တွေ့ ရသူတိုင်း စိတ်အေးချမ်းသွားရတာမို့ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Video ကြည့်ရန်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.