အသက်နဲ့ ရင်းပြီး နေ့စဉ်ကျောင်းသွားနေရတဲ့ သနားဖို့ကောင်းတဲ့ ကလေးငယ်တွေ

အသက်နဲ့ ရင်းပြီး နေ့စဉ်ကျောင်းသွားနေရတဲ့ သနားဖို့ကောင်းတဲ့ ကလေးငယ်တွေ

ပညာရေးကို ခက်ခက်ခဲခဲသင်ယူနေတာ ကိုယ့်တစ်နိုင်ငံထဲ မဟုတ်ဘူး။ယူနက်စကိုက စာရင်းကောက်ထားတဲ့ နိုင်ငံထဲမှာ ဒီလို ပညာရေးအတွက် နေ့စဉ် အသက်နဲ့ ရင်းပြီး သွားလာနေရတဲံ နိုင်ငံသားတွေကို ဖော်ပြပေးလိုက်ပါတယ်။

10. Children of Meghalaya, India

အိန္ဒိယက ပညာရေးဆင်းရဲတဲ့ထဲပါဝင်ပါတယ်။ဒီလိုအခြေအနေမှာ Meghalaya က ကလေးတွေဟာ ကျောင်းတတ်ဖို့အရေး သူတို့အသက်ကို စွန့်နေရပါတယ်။အောက်မှာ ကြည်လင်နေတဲ့ ရေနက်နက်ကြီးရှိပြီး ပြုတ်ကျရင် လူကြီးတစ်ယောက်တောင် အသက်ရှင်ဖို့မလွယ်ပါဘူး။အဲဒါကို တံတားထိုးတာတော့ ညောင်ပင်ကြီးနဲ့ဖြစ်ပြီး မသေချာတဲ့ တံတားကြီးသာဖြစ်ပါတယ်။

9. Children of Gulu, China

တရုတ်ကို ချမ်းသာနိုင်ငံလို့ ထင်ကြပေမယ့် သူ့မှာ ဆင်းရဲတဲ့အစိတ်အပိုင်းတွေရှိနေပါတယ်။ Gulu ဒေသဟာ Dadu မြစ်ကြောင်းနားမှာရှိပြီးတော့ သူတို့ဟာ ပညာရေးအတွက် နေ့စဉ်အသက်ရင်းပြီး တောင်စောင်းလမ်းမှာ သွားလာလှုပ်ရှားနေရတာဖြစ်ပါတယ်။ဒီလမ်းဟာ ကြောက်မက်ဖွယ်ကောင်းအောင် တောင်ပြိုသွားနိုင်တဲ့ နေရာကြီးဖြစ်ပါတယ်။

8. Childrens of Zanskar, Indian Himalayas

Zanskar ဒေသမှာ ရှိတဲ့ ကလေးတွေအတွက် ကျောင်းသွားတဲ့ ကိစ္စဟာ စွန့်စားမှုတခုပါပဲ။ကတ်မီးယားလို ရေခဲထုထူတဲ့ ဒေသမဟုတ်တဲ့ Himalayas ဟာ အိန္ဒိယမှာရှိပြီးတော့ သူတို့ခဲနေတာ မညီမညာ ရေခဲတုံးတွေ ဖြစ်ပါတယ်။ အဲဒါတွေက တခါတရံပျော်ပြီး မြောနေတတ်တာမို့ ကလေးက မညီမညာ ရေခဲတုံးတေါကို နင်းပြီး ကျောင်းတက်ခဲ့ရပါတယ်။ပြုတ်ကျရင် ခဲသွားမှာ ဖြစ်ပါတယ်။

7. Children of Lebak, Indonesia

အင်ဒိုနီးရှား Lebak မှာ နေတဲ့ ကလေးငယ်တွေက တဖက်ကမ်းက ကျောင်းကို တက်ဖို့ သွားရင် ငရဲပါပဲ။သူတို့ဆီမှာ အမြင့်ကြောက်တဲ့ ကလေးရှိရင် စာမတတ်ပါဘူး။ဘာလို့လဲဆိုတဲ့ ကြိုးတံတားက တဖက်ပြတ်နေပြီး အဲ့ဒါကို တွယ်ပြီး တဖက်ကမ်းကူးရတာပဲဖြစ်ပါတယ်။

6. Children of New Delhi, India

New Delhi ဆိုတာ အိန္ဒိယရဲ့ အထင်ကရမြို့တော်ဖြစ်ပေမယ့် သွားရခက်ခဲမှုတွေ ရှိနေပါတယ်။အဓိက နွမ်းပါးတဲ့ ကလေးအတွက် ကျောင်းကားမရှိတာရယ် ကြုံသလို လှည်းနဲ့ တားပြီး တက်သွားနေရတာဖြစ်ပါတယ်။အခြေအနေမကောင်းရင် လှည်းလဲ ကားအောင်းခံရပြီး ကလေးတွေ သေဆုံးကြတာဖြစ်ပါတယ်။

5. Children of Zhang Jiawan Village, Southern China

တောင်တရုတ်မှာ ပင်လယ်ပြင်နဲက တောင်တန်းတွေက တခါတလေ ကြည့်လို့ ရှုလို့ ကောင်းမှာပါ။ဒါပေမယ့် ဒေသခံရွာက ကလေးငယ်တွေက် စိတ်ပျက်ဖွယ် အတိဖြစ်အောင် တောင်တဖက်မှာ ကျောင်းတည်ထားတာဖြစ်ပါတယ်။ဒီကျောင်းကို တက်နိုင်ဖို့အရေး တောင်တက် လှေကားငယ်တွေ သုံးနေရပြီး ကလေးတွေအတွက် ဘာမှ သေချာမှုမရှိတဲ့ အသက်ပါပဲ။

4. Children in Colombia

Colombia မှာ ရှိတဲ့ ကလေးငယ်တွေထဲမှာ တချို့က ကြိုးနဲ့သွယ်တန်းထားတဲ့ တဖက်တောင်က ကျောင်းကို သွားနေရတာဖြစ်ပါတယ်။ဒါကို ပြင်ပအမြင်နဲ့ဆို ကစားနေတယ် ထင်ကောင်း ထင်နိုင်ဖွယ်ရာပါ။ဒါပေမယ့် သူတို့ကျောင်းတက်နေရတဲံ အခက်အခဲက ကြိုးနဲ့ လျှောစီးပြီး တဖက်တောင်ကို ရောက်ဖို့ ချောက်နက်ကြီးကို ဖြတ်ရတာပဲဖြစ်ပါတ်။

3. Children of Cilangkap, Indonesia

Indonesia မှာရှိတဲ့ Cilangkap ဒေသဟာ မြစ်ကိုဖြတ်ပြီး ဖောင်တွေနဲ့ ကျောင်းတက်နေတာဖြစ်ပါတယ်။ဒီလို အသက်ဘေးအခက်အခဲကနေ ဖြတ်ကျော်ပြီး သူတို့ဟာ ပညာရှာခဲ့ရပါတယ်။သူတို့အတွက် Water Taxi မရှိပါ။တခါတလေ မြစ်ထဲမြောပြီး သေရပါတယ်။

2. Students of Pili, China

တရုတ်က ပီလီဆိုတဲ့ ဒေသက ကလေးငယ်တွေအတွက် အခက်အခဲကလည်း ကြောက်မက်ဖွယ်ပါပဲ။ တောင်မြင့်ကြီးမှာ ခက်ခဲတဲ့ လျှောက်လမ်းနည်းနည်းလေးရတဲ့ဟာကို အားပြုပြီး တဖက်ရွာက ကျောင်းကို သွားတက်ရတာဖြစ်ပါတယ်။တောက်တက်သမား ဒေသခံတစ်ယောက်က ကလေးအားလုံးကို မစောင့်ရှောက်နိုင်တဲ့အတွက် ပြုတ်ကျခဲ့ရင်လဲ ကလေးရဲ့ ကံကြမ္မာပါပဲ။

1. Children of Sumatra, Indonesia

အင်ဒိုက ဆူမားတြားကျွန်းစွယ်မှာ နေထိုင်သူတွေရဲ့ ကလေးငယ်တွေရဲ့ မနက်ပိုင်း အတွေ့အကြုံတိုင်းဟာ ကြောက်လန့်ဖွယ်ပါ။သူတို့ရဲ့ အသက်ကို ပျက်စီးနေတဲံ ကြိုးတံတားကို အပ်နှံပြီး တဖက်က ကျောင်းဆီကို အမှီပြေးနေရတာဖြစ်ပါတယ်။တကယ့်ကို ခက်ခက်ခဲခဲနဲ့ ပညာသင်ယူနေရတဲ့ ဘဝတွေဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.