သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အမိန့်ချရက်တဲ့ တရားသူကြီးတွေကို ထိထိမိမိပြောလိုက် တဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ချမ်းချမ်းရဲ့အသံလေးက နားဝင်ချိုပြီး နားထောင်လို့ကောင်းတာကြောင့် ပရိသတ်တွေကသဘောကျနှစ်ခြိုက်ကြတာ ဖြစ်ပါတယ် ။ ချမ်းချမ်းသီဆိုခဲ့တဲ့ တေးသီချင်းတွေ တော်တော်များများကလည်းပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး အောင်မြင်နေလေ့ရှိတာပဲ ဖြစ်ပါတယ် ။

ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာ အီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လို့  တတ်နိုင်တဲ့ဘက်ကနေတစ်တပ်တစ်အားပါ၀င်ကူညီနေတာဖြစ်ပါတယ်။ မနေ့က နိုင်ငံတော် သမ္မတဦးဝင်းမြင့် နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တရားကို မျက်ကွယ်ပြုထားပြီးအမိန့်ချတဲ့ တရားသူကြီးနဲ့ အပေါင်းအပါတွေကို ပြည်သူတွေဆိုတဲ့ သစ္စာစူးပါစေဆိုပြီး ထိထိမိမိပြေားထားတာပဲ ဖြစ်ပါတယ်။ 

” တစ်ဘဝလုံး မလုံခြုံမှုနဲ့ အရှက်ရစရာက ကျမတို့ ခေါင်းဆောင်နဲ့ သမ္မတကြီးမဟုတ်ဘူး💪💪💪💪

အမှန်တရားကို ရှေ့ဆောင်လမ်းပြရမယ််အစား အရှက်တရား အဓမ္မဘက်တော်သား။ သင့်မိသားစုဝင်တွေကိုဘယ်လိုဆက်ပြီး လမ်းပြမှာလဲ သင်ကိုယ်တိုင် အမှန်တရားကို မျက်ကွယ်ပြုထားတာ

Advertisement

ရက်စက် ကြမ်းကြုတ်သော အာဏာရူးသွေးတက်နေသော ဖြုတ်ဦးနှောက်ကိုမှ သခင် အမည်ပြုသောသူအပေါင်း 

စစ်အာဏာရှင် အပေါင်း အတွက်..ဤသစ္စာစူးစေသား

အမိန့်ချရက်တဲ့ တရားသူကြီးနှင့်တကွ အပေါင်းအပါအားလုံးအတွက်။  

ပြည်သူများက သစ္စာဆိုသည်……

Advertisement

သင့်ကို သင့်အစား သင့်မိသားစု ဆွေစဉ်မျိုးဆက် အဆက်ဆက်ပေါင်းများစွာတိုင်အောင်ပြည်သူတွေက သစ္စာဆိုတယ်

ဘယ်ဘဝရောက်ရောက် မလုံခြုံခြင်း

ပူဆွေးသောကရောက်ရခြင်း

ဆောက်တည်ရာမရဖြစ်ခြင်း

Advertisement

အခြားခြားသော သောကပေါင်း  

သောင်းခြောက်ထောင်ကြောင့်စိတ်ခြောက်ခြားခြင်း အမှူတို့သင့်အပေါ် သင့်မိသားစု ဆွေစဉ်မျိုးဆက် အပေါ် ကျရောက်စေသား

ငါတို့ ခေါင်းဆောင် ငါတို့ သမ္မတ အမှန်တရားဘက်တော်သား ဘယ် အမိန့်ကြောင့်မှ သိက္ခာမကျ ကျက်သရေရှိမြဲ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Source : Chan Chan’s FB Acc

Advertisement

[zawgyi]

မိတ်ကပ်လောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ မိတ်ကပ်ပညာရှင် မေဦးမောင်ကိုတော့ ပရိသတ်တွေလည်း သိကြမ ယ်လို့ထင်ပါတယ်။ မေဦးမောင်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ယခုအချိန်ထိ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တ ည်ပေးခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဒီလိုပြည်သူတွေနဲ့အတူ တက်ြ ကွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် မေဦးမောင်ဟာ ၅၀၅(က)ဖြင့် ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရပါတယ်။

ယင်းနောက်မှာတော့ မေဦးမောင်ဟာ အင်းစိန်ထောင်ထဲမှာ လပိုင်းလောက် ချုပ်နှောင်းမှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့ လပို င်းက ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ အချုပ်အနှောင်ထဲကနေ ပြန်လည်လွတ်လာတဲ့ အချိန်တုန်းကလည်း ချစ်ရတဲ့ သူေ တွက မေဦးမောင်ကို ချီးကျူးဂုဏ်ပြု ပေးကြတာ တွေ့ရပါတယ်။ ယခုမှာတော့ မေဦးမောင်ဟာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အချိ န်တုန်းက ခံစားခဲ့ရတဲ့ အဖြစ်လေးကို သတိရကာ ပြန်လည်ပြောပြလာခဲ့တာ တွေ့ကပါတယ်။

ဒါကတော့ အင်းစိန်ထောင်ထဲမှာ သူမ နေခဲ့ရတဲ့ ကာလ တစ်လျောက်မှာ လေယာဉ်ပျံသံကြားတိုင်း လွတ်လပ်စွာ သွားလာခွင့်ရေ နတဲ့ သူတွေကို အားကျမိတာလေးပါ။ ဒီလိုဖြစ်ဖူးခဲ့တဲ့ ခံစားချက်တွေကို ယခုအချိန်ထိ မေ့လို့မရဘဲ ရှိနေသေးကြောင်းကို ဖွင့်ဟထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ သူတွေကို အားလုံးကို လွတ်မြောက်ပါစေလို့ လည်း ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။

Advertisement

သတင်းအရင်းအမြစ်៖ Source – May Oo Maung

Be the first to comment

Leave a Reply

Your email address will not be published.


*