ဂျင်းအကြောင်း သိကောင်းစရာ အဖြာဖြာ

ဂျင်းအကြောင်း သိကောင်းစရာ အဖြာဖြာ

ဂျင်းဟာ ခန္ဓာကိုယ်အတွက်ထိရောက်တဲ့အကျိုးကျေးဇူးများစွာ သယ်ဆောင်ပေးသလို ဟိုရှေးကျတဲ့အချိန်တွေကတည်းက အကျိုးရှိစွာသုံးခဲ့ကြတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ သင့်ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အရေးပါတဲ့ ဂျင်းအကြောင်းသိကောင်းစရာတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ သတိပေးချက်အနေနဲ့ကတော့  ဂျင်းရဲ့အကျိုးတွေကိုမဖော်ပြခင်မှာ သတိထားသင့်တဲ့အချက်တွေကို ဦးစွာဖော်ပြပေးလိုက်ပါတယ်။ဂျင်းကို နှလုံး၊အသည်းရောဂါသမားတွေ မသုံးသင့်သလို အပူချိန်အရမ်းမြင့်တက်နေချိန်၊အမြှေးပါးရောင်နေတဲ့အခါမျိုး၊သွေးထွက်ဒဏ်ရာရှိနေတဲ့အခါမျိုးမှာ မသုံးသင့်ပါဘူး။နောက် အလှအပရေးရာအတွက် အသုံးပြုမယ်ဆိုရင်လည်း သင်နဲ့တည့်မှသာအသုံးပြုပါ။

  • 1.အကြောပြတ်ခြင်း

ဂျင်းနဲ့ပွတ်ပေးခြင်းဟာ သင့်အသားအရေကိုနွေးစေပြီး သွေးလည်ပတ်မှုတိုးတက်ကောင်းမွန်စေတဲ့အပြင် နောက်အကြောထပ်မပြတ်အောင် ကာကွယ်ပေးပါတယ်။ဂျင်းကြိတ်ရည်နဲ့သင့်လျော်တဲ့ဆားကြမ်းပမာဏကိုရောစပ်ပြီး အိမ်သုံးscrubအဖြစ်ဖော်စပ်ပြီး အကြောပြတ်ရာအနှံ့ ပွတ်လိမ်းပေးခြင်းဖြင့် တဖြေးဖြေးပျောက်ကင်းစေနိုင်ပါတယ်။

  • 2.အစာမကျေလွယ်တဲ့အခါမျိုး၊လှိုင်းမူးတဲ့အခါမျိုး၊ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တဲ့အခါမျိုးတွေမှာ ဂျင်းတက်ကိုဝါးစားပေးနိုင်သလို လက်ဖက်ရည်(သို့)ရေနွေးကြမ်းထဲကို ဂျင်းအနည်းငယ်ညှစ်ထည့်သောက်နိုင်ပါတယ်။
  • 3.ကြိတ်ထားတဲ့ဂျင်းညှစ်ရည်ကို ထောပတ်ဆီ၊အမွှေးဆီ၊ရှောက်ရည်နံ့ ရောသမမွှေပြီး hand creamအဖြစ်အသုံးပြုနိုင်သလို maskအဖြစ်အသုံးပြုနိုင်ပါတယ်။လက်သည်းတွေကိုလည်း ရှည်လျားသန်မာစေပါတယ်။
  • 4.ဂျင်းမှာပါဝင်တဲ့ ascorbic acid,ဗီတာမင် အေ၊ဘီ၊zinc,ကယ်လစီယမ်၊အိုင်အိုဒင်း၊သဘာဝပဋိဇီဝဆေးတို့ကြောင့် ခန္ဓာကိုယ်ကိုကျန်းမာသန်စွမ်းစေပြီး ရောဂါအလွယ်တကူမဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။ (ကြိတ်ထားတဲ့ဂျင်းတစ်ဇွန်းကိုရေနွေးကြမ်းထဲထည့်ပြီး ရောသောက်နိုင်ပါတယ်)
  • 5.အစာအိမ်လေနာလေအောင့်ခြင်း၊ပြင်းထန်တဲ့လေ့ကျင့်ခန်းများကစားအပြီး ကြွက်သားနာကျင်ခြင်းနဲ့အမျိုးသမီးများဓမ္မတာလာစဉ် ဗိုက်အောင့်ကိုက်ခဲနာကျင်ခြင်းများအတွက်လည်း ထိရောက်စွာ အကျိုးပြုပါတယ်။ဂျင်းကြိတ်ရည်ကို ရှောက်ရည်၊ပျားရည်နဲ့ရေတို့နဲ့ရောနှောပြီး အလိုရှိရာလိမ်းကျံပေးနိုင်ပါတယ်။
  • 6.ဂျင်းဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို မပြတ်လှုံ့ဆော်ပေးနေတာကြောင့် ဂျင်းကိုစားပေးခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်မှုကို နှောင့်နှေးစေပြီး ဦးနှောက်ဆဲလ်သေတွေအပြင် အယ်လ်ဇိုင်းမားအစရှိတဲ့ သတိမေ့ရောဂါတွေဖြစ်ပွားခြင်းကနေ တားဆီးပေးပါတယ်။
  • 7.ဂျင်းမှာ antioxidantပမာဏများစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းအသစ်ဖြစ်စဉ်တွေကိုလျင်မြန်စေပြီး အဆိပ်အတောက်၊အရေးအကြောင်းတွေကို ပယ်ရှားပေးနိုင်ပါတယ်။
  • 8.ဂျင်းမှာအဆီလောင်ကျွမ်းစေတဲ့အရာတွေများစွာပါဝင်တာကြောင့် ဇီဝဖြစ်စဉ်ကိုလျင်မြန်စေပြီး စားချင်စိတ်ကိုလျှော့ချပေးပါတယ်။အစာမစားခင်30မိနစ်အလိုလောက်မှာ ဂျင်းညှစ်ထည့်ထားတဲ့ရေနွေးကြမ်းတစ်ခွက်ပုံမှန်သောက်ပေးခြင်းအားဖြင့် အစာစားချင်စိတ်ကိုနည်းစေပြီး အခြားဖျော်ရည်များမှာလည်း အဆင်ပြေရင်ပြေသလို အနည်းငယ်ညှစ်ထည့်သောက်နိုင်ပါတယ်။
  • 9.ရှေးအဆိုအရ ဂျင်းကို ကာမအားတိုးဆေးအဖြစ်လည်း ညွှန်းဆိုဖော်ပြခဲ့ကြပါတယ်။ဂျင်းဟာ သွေးလည်ပတ်မှုတွေကိုလှုံ့ဆော်၊ဟိုမုန်းစွမ်းအားတွေကို မြှင့်တင်ပေးပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်စိတ်ကြွစေပါတယ်။
  • 10.အသားအရေကို ပြန်လည်နုပျိုစေပြီး အရောင်သမ်းစေဖို့အတွက် ဂျင်းကိုကြိတ်ပြီး ပျားရည်၊ရှောက်ရည်နဲ့ရောစပ်ပြီး 30မိနစ်တိုင်အောင်ကပ်ထားလို့ရမယ့် maskအနေနဲ့အသုံးပြုနိုင်ပါတယ်။
  • 11.ဂျင်းမှာပါဝင်တဲ့အချို့ပါဝင်ပစ္စည်းတွေဟာ ကင်ဆာဖြစ်ပွားမှုကိုတားဆီးစေနိုင်တဲ့အပြင် ဓာတုကုထုံးခံယူနေစဉ်အတွင်း အခြေအနေကိုသက်သာစေပါတယ်။
  • 12.ပန်းသီးဝိုင်တစ်ဇွန်းနဲ့ဂျင်းရည်တစ်ဇွန်းကို ဝက်ခြံတွေပေါ် ရောနှောလိမ်းကျံပေးခြင်းဖြင့် အနီစက်၊ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။နောက် ဂျင်းရည်တစ်ဇွန်း၊ပျားရည်တစ်ဇွန်းနဲ့နွားနိုအနည်းငယ်ကို အချိုးကျစွာရောစပ်ပြီး မျက်နှာမသစ်ခင် 15မိနစ်ခန့်တင်ထားနိုင်ပါတယ်။
  • 13.ရှာဖွေတွေ့ရှိချက်အရ ဂျင်းပုံမှန်စားသုံးပေးခြင်းအားဖြင့် ကိုလက်စထရောနဲ့သွေးတွင်းသကြားပါဝင်မှုနှုန်းကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပါတယ်။နောက် သွေးခဲခြင်း၊သွေးဖိအားများခြင်းတွေကိုလည်း တားဆီးပေးနိုင်တာကြောင့် သစ်ကြံပိုးခေါက်နဲ့ဂျင်းအနည်းငယ်ကိုပြုတ်၊အအေးခံပြီး တစ်နေ့ကို2ကြိမ်(သို့)3ကြိမ်သောက်နိုင်ပါတယ်။
  • 14.နောက် ဂျင်းဟာ ဆံပင်သန်စေတဲ့အပြင် ဆံပင်ကျွတ်ခြင်း၊ဗောက်ထခြင်းတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.